လေးစားအားကျဖွယ် ရှားမှ ရှားတဲ့ စေတနာ့ဝန်ထမ်းတဦး (ကိုဗစ်ကာလမှာ ဒီလိုလူမျိုး များများ လိုပါတယ်)

လေးစားအားကျဖွယ် ရှားမှ ရှားတဲ့ စေတနာ့ဝန်ထမ်းတဦး (ကိုဗစ်ကာလမှာ ဒီလိုလူမျိုး များများ လိုပါတယ်)

အင်းစိန် ဖျားနာကုဆေးခန်း စတင်ကတည်းက အတက်ကြွဆုံးနဲ့ အလုပ်အရမ်းလုပ်တဲ့ ဗော်လန်တီယာကိုပြပါဆိုရင် ထိပ်ဆုံးကပြရမယ့်လူတစ်ယောက်ရှိတယ်။ အဲဒါ အင်းစိန် သရက်ခြံထဲမှာနေတဲ့ ဦးဝင်းသန်းဆိုတဲ့သူပါပဲ

ဗော်လန်တီယာ တစ်ယောက်အနေနဲ့ အရမ်းတက်ကြွတယ်။ ဆရာဝန်တွေအထဲမှာ လူနာတွေကြည့်နေတဲ့အချိန် အပြင်က လူနာတွေစနစ်တကျထိုင်ဖို့ စနစ်တကျဝင်ဖို့ သူတာဝန်ယူလုပ်ပေးတယ်

လူနာတွေကို ကျန်းမာရေးနဲ့ပက်သက်ပြီး မှာတာတွေ ရှင်းပြတာတွေ သူလုပ်တယ်။ ရေဘူးဝေတာ Mask ဝေတာလည်း သူလုပ်တာပဲ

ကျေးဇူးတင်ပါတယ် ဂုဏ်ယူပါတယ် ဦးဝင်းသန်းရေ

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page