ဆိုင်မှာ သွားဝယ်ရင် သောင်းချီပေးရမယ့် နာမည်ကြီး ဗီတာမင် ဒီ ကို အလကား ရယူနည်း

ဆိုင်မှာ သွားဝယ်ရင် သောင်းချီပေးရမယ့် နာမည်ကြီး ဗီတာမင် ဒီ ကို အလကား ရယူနည်း

ကိုဗစ်အတွက်အရေးကြီးတဲ့ ဗိုက်တာမင် D အကြောင်း ဖတ်ဖူးသမျှမျှဝေပါရစေ။ ကျမ်းမာရေးပညာရှင်တွေက ကိုဗစ် ကာကွယ်ရေး အားဆေးပေးရာမှာ Zinc အပြင် ဗိုက်တာမင် D ကို ပေးနေကြပါပြီ။

လူ့အရေပြားအောက်က အဆီကို နေရောင်ထိတဲ့အခါ အဆီက နေရောင်က UVB ကို စုတ်ယူပြီး ဗိုက်တာမင် D ချက်လုပ်ပြီး ခန္ဓာကိုယ်အနှံ့ D ကို ပို့ပေးတယ်။ ဗိုက်တာမင် D ဟာ ခန္ဓာကိုယ်ထဲဝင်လာတဲ့ ကယ်လ်စီယံ ကိုစုတ်ပေးတယ်၊ အရိုးတွေမာစေတယ်။ ခန္ဓာကိုယ် ထဲဝင်လာတဲ့ မကောင်းတဲ့ ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ် တွေကို ကာကွယ်တယ်။ ကင်ဆာကို တိုက်တယ်။ စိတ်ကျရောဂါ ကို ကာကွယ်တယ်။ ကြွက်သား ကို တောင့်တင်းစေတယ်။

ဗိုက်တာမင် D လျော့ရင် ခါးနာတယ်၊ စိတ်ကျရောဂါဖြစ်တယ်။ တခြားရောဂါတွေဝင်တယ်၊ ဆံပင်ကျွတ်တယ်။ ရောဂါစုံနဲ့ သေတတ်ပါတယ်။

ဒါကြောင့် ရှေးလူကြီးတွေ နေပူစာ လှုံကြတယ်၊ နေ့တိုင်း နေပူစာလှုံရင် လူကြီးတွေကျမ်းမာလာမယ်။ အခန်းထဲ အောင်းခိုင်းထားရင် ဗိုက်တာမင် D ချို့တဲ့ပြီး ရောဂါတခုပြီး တခု ဖြစ်မယ်။

နေရောင်မရရင် ငါး အသား နဲ့ ကြက်ဥ စားရပါတယ်။ ဒါပေမဲ့ နေရောင်ထဲက ရတာထက်နည်းပါတယ်။ နေ့တိုင်းစားနေဖို့ လိုပါတယ်။

၁၀ နာရီ မှ ၁၁ နာရီကြား နေ (ဘယ်အချိန်ဖြစ်ဖြစ် နေ့ခင်းနေ) မှာ ၁၀ မိနစ် ကနေ နာရီဝက်ကြား ရပ်ပေးပါ။ နေပူပြင်းရင် ဆယ်မိနစ်လောက်ပဲ လိုပါတယ်။ နာရီဝက်လောက် နေက ရတဲ့ D ဟာ 20000 Iu အထိရနိုင်တယ်။ တပါတ်မှာ သုံးခါ အနည်းဆုံးနေရောင် ထိပေးရရင် တပါတ်စာ D လုံလောက်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတခုကို နေရောင်တိုက်ရိုက်ရရင် ရပါပြီ။ တကိုယ်လုံးချွတ်စရာမလိုပါဘူး။

အသားညိုတဲ့ လူတွေဟာ ဖြူတဲ့လူတွေထက် နေထဲက ဗိုက်တာမင် D ရတာ နှေးတယ်။ နေထဲမှာ ပိုပြီးကြာကြာနေရပါတယ်။ အသားညိုမဲ တဲ့ လူတွေ ဟာ ဗိုက်တာမင် D လျော့နေတတ်ပါတယ်။

နေရောင်ထဲမှာမဟုတ်ပဲ အပြင်ထွက်နေရင်တောင် ဗိုက်တာမင် D ကိုသွယ်ဝိုက်ရပါတယ်။ ဗိုက်တာမင် D ကို မှန်ကတဆင့်ဝင်တဲ့ နေရောင်ကနေ လုံးဝ မရပါဘူး။ နေနဲ့တိုက်ရိုက်ထိတွေ့မှ ရတာပါ။

နေပူစာ လှုံဖြစ်အောင် လှုံကြပါ။ နေ့တိုင်းလှုံလေ ကောင်းလေပါ။ ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ ဗိုက်တာမင် တမျိုး အလကား ရတာပေါ့။ သောင်းချီပေးရတဲ့ ဗိုက်တာမင် D ဆေး တွေ ဝယ်စရာမလိုတော့ဘူးပေါ့။

ကျမ်းမာကြပါစေ။

Kyaw Swa Min

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page