အင်္ဂလန်မှာ အသစ်တွေ့ခဲ့တဲ့ မျိုးဗီဇပြောင်း ကိုဗစ်ပိုးနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက် (၄) ချက်
အင်္ဂလန်မှာ အသစ်တွေ့ခဲ့တဲ့ မျိုးဗီဇပြောင်း ကိုဗစ်ပိုးနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက် (၄) ချက်
အင်္ဂလန်မှာ ဒီဇင်္ဘာ ၁၄ ရက်နေ့က ကိုဗစ်ပိုးမျိုးဗီဇ အသစ်တွေ့နေကြောင်း ကြေညာတယ်၊ အလွန်အကူးမြန်တယ် တဲ့၊ အင်္ဂလန်တောင်ပိုင်းမှာတွေ့တာ။ သူတို့ဆီမှာတော့ ကာကွယ်ဆေး ထိုးနေပြီဆိုတော့ မြန်မြန်ထိုးကြပေါ့။ အင်္ဂလန်မျိုး တခြားနိုင်ငံမှာသွားမပွါးဖို့ လိုပါတယ်။
မျိုးရိုးအသစ်တွေ့ရင် ဗိုင်းရပ်စ်ပုံကလည်း ပြောင်းသွားပါတယ်။ လက်ရှိမှာဘဲ ဗိုင်းရပ်စ်ပိုးက ဇူလိုင်လမှာတင် အကြိမ်ပေါင်း ၁၂၀၀၀ မက ပြောင်းသွားခဲ့တယ်တဲ့။ ကံကောင်းတာက မျိုးဗီဇ အသစ် တချို့ကလည်း လူတွေကို ကူးစက်စရာမရှိလို့ မျိုးတုံးသွားတဲ့အထဲ ပါသွားတာတွေလည်းရှိတယ်။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ထူးခြားချက်ကတော့ အမျိုးတခုထဲကနေ ခဏခဏ ပြောင်းတာအလွန် ထူးခြားပါတယ်တဲ့။
၁။ အခုပေါ်နေတဲ့ ကာကွယ်ဆေး အလုပ်ဖြစ် မဖြစ်လေ့လာဆဲ။ ပညာရှင်တွေကတော့ စိတ်မပူဖို့၊ ကာကွယ်ဆေးက မျိုးရိုးပြောင်းလည်း မျိုးရိုးအသစ် နဲ့အညီ လက်ရှိကာကွယ်ဆေးကို ပုံပြောင်းထုတ်ဖို့ လွယ်ပါတယ်လို့ အားပေးပါတယ်။ ၂။ ပိုအသေအပျောက် များမလား လည်း လေ့လာဆဲ။ အကူးကတော့ အတော့်ကို မြန်တယ်ပြောတယ်။ မျိုးရိုးတူ ပုံစံကွဲ ဗိုင်းရပ်စ်ကများလွန်းလို့ ဘယ်အမျိုးက ပိုအန္တရာယ်များတယ် လေ့လာဆဲပါတဲ့။
၃။ ဘယ်အမျိုးသစ်ပဲဖြစ်ဖြစ် Mask တပ်တာ၊ လူအုပ်စုတွေနဲ့ဝေးဝေးနေတာက အလုပ်ဖြစ်နေဆဲပါတဲ့။ ၄။ အကူးမြန်ခြင်းကြောင့် အခုလက်ရှိပိုးထက် လူ့အသက်အန္တရာယ် ပိုရှိလား မရှိလား ကလည်း တလလောက် လေ့လာကြည့်ရဦးမှာတဲ့။ ဥပမာ အပြေးမြန်တဲ့လူက လူသတ်သမားဖြစ်ချင်မှလည်း ဖြစ်မှာပေါ့။
ဟုတ်ပါပြီ။ အင်္ဂလန်ကတော့ ဓါတ်ခွဲခန်းတွေပေါလို့ ချက်ခြင်းသိတယ်။ မြန်မာပြည်ထဲက ဗိုင်းရပ်စ် ဘယ်နှစ်မျိုးရှိနေလဲ? ဥပမာ လူကနေ လမ်းဘေးခွေးကူး၊ ခွေးကနေ လူပြန်ကူး လူကနေ ကြောင်ကိုကူး၊ ကြောင်ကနေ လူပြန်ကူး၊ လူကနေ ခို ကိုကူးနဲ့ ပုံပြောင်းသွားတာ ရှိလား မရှိလား ဘယ်သူမှ မပြောနိုင်ဘူး။ ဘယ်သူမှ မသိနိုင်ဘူး။ ပိုးကူးစက်ခံ မြန်မာတယောက် အင်္ဂလန် အမေရိကန်ရောက်မှ သိမှာပဲ။
အဲ့ဒါကြောင့် ကိုဗစ် ကိုယ့်ဆီမရောက်အောင် နေနိုင်ဖို့အရေးကြီးပါတယ်။ ဘယ်မျိုးရိုးဗီဇအသစ် ဖြစ်ဖြစ် Mask တပ်ရင် အလုပ်ဖြစ်တာကတော့ သေချာတယ်။ mask တပ်ပါ၊ face shield တပ်ပါ၊ လက်ဆေးပါ။
Kyaw Swa Min