ကမ္ဘာပေါ်မှာ မြန်မာတနိုင်ငံထဲမှာသာ တွေ့ရမယ့် မြင်ကွင်း (မြင်ရသူတိုင်း မျက်ရည်ဝဲလောက်အောင် ကြည်နူးရပါတယ်)

ကမ္ဘာပေါ်မှာ မြန်မာတနိုင်ငံထဲမှာသာ တွေ့ရမယ့် မြင်ကွင်း (မြင်ရသူတိုင်း မျက်ရည်ဝဲလောက်အောင် ကြည်နူးရပါတယ်)

ကြည်နူးမဆုံးဖြစ်ရပြန်ပါတယ်

ဘယ်လောက်လူသားပီသလိုက်သလဲ မြင်းမူမြို့နယ် ဆေးရုံက ကိုဗစ် (+) လူနာ ရောဂါ သက်သာပျောက်ကင်းပြီးဆေးရုံဆင်းခွင့် ရသောအခါ သူ့ကို ကုသပေးခဲ့တဲ့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဒေါ်ကေသီခိုင်ကို ကျေးဇူးတရား အောက်မေ့ကာထိုင်ကန်တော့ နေပုံ….. ။ ဆရာဝန်ကြီးမှလည်းအပြန်အလှန် ဂါရဝ တရားဖြင့်ဖိနပ်ကလေး ချွတ်ထားပုံ ။

မြင်ရသူအပေါင်း စိတ်ချမ်းမြေ့ဖွယ်မို့… မျှဝေပါရစေ။ နောက်တစ်ပုံကတော့ လူနာဟာ သူနေခဲ့ရတဲ့ အခန်းလေးကိုဆေးရုံမဆင်းခင် သန့်ရှင်းသပ်ရပ်အောင်စေတနာထား သန့်ရှင်းရေးပြန်လုပ်ပေးခဲ့ပုံ… ။ ကိုဗစ်ကာလ မှာ အပြန်အလှန် ကျေးဇူးတရားတွေရယ် လူသား ပီသမှု စိတ်ဓာတ်တွေရယ် စည်းကမ်းလိုက်နာမှု ယဉ်ကျေးမှုတွေရယ် ဆထက်တပိုး ထွန်းကားနိုင်ပါစေ ။

တချိန်ချိန်မှာတော့ ကိုဗစ်ကို ကျနော်တို့တတွေ နိုင်ကို နိုင်ရမှာပါ ပဲ ။

ဒေါက်တာ တေဇကျော်…. မေမြို့
ပုံများအား ကာယကံရှင်များ၏ ခွင့်ပြုချက်ဖြင့် လေးစားစွာ ယူသုံးပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page