ဗီတာမင် ဒီ၊ စီနှင့် ဇင့်ဓာတ်ပါ ဆေးများကို တနိုင်ငံလုံး သုံးရမည်ဟု ဒေါက်တာဇော်ဝေစိုး ပြောကြား

ဗီတာမင် ဒီ၊ စီနှင့် ဇင့်ဓာတ်ပါ ဆေးများကို တနိုင်ငံလုံး သုံးရမည်ဟု ဒေါက်တာဇော်ဝေစိုး ပြောကြား

ရန်ကုန် ကိုဗစ် အခြေအနေ ။ 7-10-2020 မနေ့ က ဒေါက်တာဇော်ဝေစိုး ပြော ကြားချက် အရ ဆေးရုံ တက် လူနာ ၁၁၉၇ ယောက် ဆေးရုံဆင်း က ၇၉၆ ယောက် ။ အတက် အဆင်း လည်ပါတ်လာတဲ့ သဘော ကို ပြနေပါတယ် ။ ကျနော် တို့ကလည်း အိမ်တအိမ် မှာ လူကြီး တစ်ယောက် ရဲ့ မျက်နှာ ရိပ် မျက်နှာကဲ ကို ကြည့် ၊ အိမ် အခြေ အနေ ခန့်မှန်း သလို ပေါ့ ။

ဒေါက်စိုး အပြောအဆို အသွားအလာ ကို ကြည့် ရန်ကုန် ကိုဗစ် အခြေအနေ ခန့်မှန်းကြရတယ် ။ ဒေါက်စိုး အပြောအရ ဆိုရင် ပေါ့စတစ် လူနာတွေ ဆေးရုံတင် ကိစ္စ က နိုင်နင်း လာတဲ့ အခြေအနေ ပါပဲ ။ အခု သူတို့ အဓိက အာရုံစိုက် နေတာ က ပြင်းထန် လူနာတွေ ၊ အောက်စီဂျင် ပေး လူနာတွေ အတွက် လုပ်နေကြ တယ် ။ အဲ့ဒါ ရန်ကုန် ဝန်ကြီးချုပ် နဲ့ အတူ စင်တာတွေ လှည့်သွားပြီး လုပ်နေကြ တာ ။ အထူးအားရ ကျေနပ် တယ် ။

လိုအပ် ချက် နဲ့ အညီ ပြုပြင်ပြောင်းလဲ နိုင်တယ် ။ အလှူရှင် ပြည်သူတွေရဲ့ အားကလည်း ကောင်းတယ် ။ နိုင်ငံ့ အတွက် ဂုဏ်ယူစရာ မှတ်တိုင် တခု လို့ အလေးထား ပြောသွားတယ်။ ရန်ကုန် မှာ ကုတင် ၁၀၀၀၀ ကျော်ရှိပြီး အောက်စီဂျင် ပေး နိုင်တဲ့ ကုတင် က ၉၀၀ ကျော် အထိ ထားပေး နိုင်ပါပြီ ။ လူနာ ၁၀၀ မှာ အောက်စီဂျင် ၂၀ လောက် ပေး နိုင်တဲ့ အနေအထားပါ ။ အောက်စီဂျင် လိုအပ်တာကလည်း အဲ့ လောက် အရေအတွက် ပဲ ဆိုတော့ အိုကေ နေတယ် ပြောရပါလိမ့်မယ် ။

မြေပြင် မှာ ဆောင်ရွက် နေတဲ့ ကျန်းမာ ရေး ဝန်ဆောင်မှု ပေးနေသူတွေ အတွက် နေထိုင် စားသောက် မှုတွေ ကို လည်း အကောင်းဆုံး စီမံ လာနိုင် ပါပြီ ။ ပြည်သူတွေ ကလည်း ဟိုတယ်တွေ ၊ ကွန်ဒိုတွေ၊ အခန်းတွေ လှူကြပါတယ် ။ မြေပြင် လုပ်ကိုင်နေသူတွေ အခက်အခဲ ရှိရင် သက်ဆိုင်တဲ့ အကြီးအကဲတွေ ကို တင်ပြရင် ချက်ချင်း ဆောင်ရွက် ပေးနေပါတယ် တဲ့ ။ ဝန် နဲ့ အား မမျှ အောင် လုပ်နေကြရ တာ ကိုတော့ ဝန်ခံထားပါတယ် ။

ဆေးကျောင်း က ကလေးတွေ ကလည်း contact tracing လိုက်ပေးကြတာ အရမ်း အောင်မြင် နေပါပြီ ။ သူတို့လေးတွေ က EMS လူနာတွေ ကို ပို့ဆောင် ရာမှာ လူနာကို ကြိုတင် သတင်း ပေး ဖုန်းနဲ့ ပြင်ဆင် ခိုင်းတာတွေ ၊ လူနာ ဒေတာ အချက်အလက် ကောက် တဲ့ နေရာတွေ မှာ လည်း ကူညီနေကြပါ ပြီ ။

ဒေါက်စိုး ပြောသွားတဲ့ အထဲ မှာ vitamin သုံးစွဲမှု လည်း ပါပါတယ် ။ Vit D , C , Zinc ကို လူနာတွေ တင်မက ဘူး ၊ Q စင်တာတွေ ၊ အနံ့ ပျောက်တွေ မှာ ပါ ဖြန့်ဝေ သွားမယ် ၊ လူထု ကြား မှာ ပါ သုံးစွဲ မယ် လို့ ပြောသွားပါတယ်။ ​ဒါက ဒေါက်စိုး ပြောသွားတာတွေပါ ။

ကိုယ်ကြုံရတဲ့ မြေပြင် အခြေအနေ ကို ရိုးရိုးသားသား ရေးလို့ ရပါတယ်။ ဆရာကြီး စတိုင် နဲ့ အကြံပြု သလိုလို လမ်းညွှန် သလိုလို ရေးသား ခြင်း ဟာ အကျိုး ထက် အပြစ် ဖြစ်ဖို့ များ ပါတယ် ။ ရန်ကုန် သားတို့ရေ ၊ မိသားစု နဲ့ နေရတုန်း ချစ်ချစ်ခင်ခင် နေကြပါ ၊ ရန် မဖြစ်ကြနဲ့ နော် ။ နောက်ထပ် တပါတ် ၊ ဆယ်ရက်ပေါ့ ။ ဖိုက်တင်း ရန်ကုန် ၊ ဖိုက်တင်း ဒေါက်စိုး၊

Zarni Zeya

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page