တောင်ကိုရီးယား တုပ်ကွေးကာကွယ်ဆေးကြောင့် သေဆုံးသူ ၄၈ ဦး ရှိသွားပြီ

တောင်ကိုရီးယား တုပ်ကွေးကာကွယ်ဆေးကြောင့် သေဆုံးသူ ၄၈ ဦး ရှိသွားပြီ

တောင်ကိုရီးယား ရဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုး ပြီး ဖြစ်ပွားသော သေဆုံးမှုများ ဒီနေ့ဆို ၄၈ ယောက်ရှိပါပြီ

အစိုးရကတော့ ကာကွယ်ဆေးနဲ့ ပတ်သက်မှု ရှိနိုင်တာ အရမ်းနည်းတယ်လို့ပြောပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လက ကာကွယ်ဆေးတွေ ပြန်သိမ်းခဲ့ရတာတွေလည်း ရှိခဲ့တာကလည်း လူတွေကို သံသယ ကြီးစေပါတယ်။

ပြိုင်ဖက်ပါတီက တော့ လက်ရှိထိုးနေတာတွေ ရပ်ထားပြီး သေချာ စုံစမ်းဖို့ တောင်းဆိုနေပါတယ်တဲ့

ဒီစာကို ဖတ် ပြီး ဒီနှစ် ၄လပိုင်းခန့် ဒေါက်တာဉာဏ်ရေးတဲ့ မြန်မာကိုသွင်းတဲ့ ရာသီကာကွယ်ဆေး အသစ် အကြောင်းရေးပြီး အဲဒါဟာထိုင်း အစိုးရရဲ့ ကာကွယ်ဆေး တင်းပြည့်စာရင်းမဝင်သေးဘူး ပြောလိုက်တာ ဆေးသွင်းထားသူတွေ ဆရာဝန်တွေအပါ ဝိုင်းဆဲကြပါလေရော သူတို့ ထမင်းအိုးကို ဘန်ကောက်ကနေ လှမ်းတောက်တယ်ဆိုပြီး

ထိုင်းမှာ ကာကွယ်ဆေး အသစ် ဆို (Specific monitoring program) SMP စာရင်းထဲထည့်ပြီး ၂ နှစ် စောင့်ကြည့်ပါတယ် ဆေးရုံမှာပဲ ထိုးရပါတယ် အသက်အပိုင်းအခြားလည်း ထားပါတယ် အိမ်မှာမထိုးရပါဘူး ၂ နှစ်ပြည့်လို့ စိတ်ချရမှု safety ရယ် ထိရောက်မှု efficacy ရယ် ၂ မျိုးပြည့်စုံမှ Vaccine ကာကွယ်ဆေးဆိုတဲ့တံဆိပ် ကို သူတို့ FDA website မှာ ဖော်ပြပေးတာပါ။ SMP အဆင့်ကိုလည်း ပယ်ဖျက်ပေးလိုက်ပါတယ် အဲဒီအဆင့်မရောက်သေးရင် Vaccine status မရပါဘူး။

ဒီနှစ် ဆောင်းလည်းဝင်တော့မယ် ဆိုတော့ ရာသီတုပ်ကွေး ကာကွယ်ဆေးတွေ လိုလာတော့မယ် ဒီနှစ်တော့ သေချာ ကြည့်ဖို့ ပိုလိုပါပြီ ကိုရီးယားလို ဖြစ်ရင် အတော် တိုင်ပတ်မဲ့ကိန်း

ဒေါက်တာဉာဏ်
ဘန်ကောက်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page