ကိုဗစ်ကာကွယ်ဆေး ရရှိလျှင် ရန်ကုန်မှ ကျန်းမာရေးဝန်ထမ်းဦးရေ တသောင်းခွဲ ဦးစားပေး ရရှိမည်

ကိုဗစ်ကာကွယ်ဆေး ရရှိလျှင် ရန်ကုန်မှ ကျန်းမာရေးဝန်ထမ်းဦးရေ တသောင်းခွဲ ဦးစားပေး ရရှိမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် ရောဂါကာကွယ်ဆေးရရှိပါက ဦးစားပေးထိုးနှံပေးနိုင်ရန် စာရင်းပြုစုထားသော ကျန်းမာရေးဝန်ထမ်းဦးရေ တစ်သောင်းခွဲခန့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရပါတယ်။

မြန်မာနိုင်ငံအတွက် ကိုဗစ်ရောဂါကာကွယ်ဆေးရရှိပါက ကျန်းမာရေးဝန်ထမ်းများနှင့် သက်ကြီးရွယ်အိုများကို ဦးစားပေးထိုးနှံပေးရန် စီစဉ်ထားကြောင်း သိရပါတယ်။

လက်ရှိ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရန် ကောက်ယူထားသောစာရင်းများအရ ကျန်းမာရေးဝန်ထမ်းဦးရေ တစ်သောင်းခွဲခန့်ရှိပြီး စေတနာ့ဝန်ထမ်းများနှင့် လူမှုဝန်ထမ်းအဖွဲ့များကိုလည်း ထပ်မံစာရင်းပြုစုလျက်ရှိကြောင်း သိရပါတယ်။

မြန်မာနိုင်ငံသည် COVAX အစီအစဉ်ဖြင့် နိုင်ငံ့လူဦးရေ ၂ဝရာခိုင်နှုန်းအတွက် စျေးနှုန်းအထူးသက်သာသော သို့မဟုတ် အခမဲ့ ကိုဗစ်ကာကွယ်ဆေးရရှိနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် မြန်မာနိုင်ငံအတွက် COVAX အစီအစဉ်မှ ကိုဗစ် ကာကွယ်ဆေးရရှိရန် Gavi, the Vaccine Alliance ထံသို့ ဒီဇင်ဘာလ (၇) ရက်နေ့တွင် အဆိုပြုလွှာပေးပို့ထားကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page