မြန်မာပြည်မှာ ဘယ်သူမှ မလုပ်နိုင်သေးတဲ့ အလှူတခုကို လုပ်လိုက်တဲ့ ဦးဇော်ဇော်

ကိုဗစ်လူနာများပြားလာသဖြင့် သု၀ဏ္ဏ မြက်ခင်းတုအားကစားကွင်းကို ယာယီ Quarantine Center အဖြစ် တည်ဆောက်နေ

ကိုဗစ်ဒုတိယလှိုင်းတွင် ကူးစက်ခံရသော ကိုဗစ်လူနာ များပြားလာသဖြင့် သု၀ဏ္ဏမြက်ခင်းတုအားကစားကွင်းကို ယာယီ Quarantine Center အဖြစ် ၅ ရက်အတွင်း တည်ဆောက်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းထုတ်ပြန်ထားပါတယ်။

သု၀ဏ္ဏ မြက်ခင်းတုအားကစားကွင်းကို ပထမအဆင့် လူနာ ၂၀၀ မှ လူနာ ၄၀၀ အထိ ထားရှိနိုင်သော Quarantine Center အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

“ကိုဗစ် ဒုတိယလှိုင်းမှာ Positive လူနာတွေ များပြားလာတာကြောင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနဲ့ ဆွေးနွေးတိုင်ပင်ပြီး ယာယီ Quarantine Center တစ်ခုကို သုဝဏ္ဏ မြက်ခင်းတု အားကစားကွင်းမှာ (၅)ရက်အတွင်း အပြီး တည်ဆောက်လျက်ရှိပါတယ်။ ပထမအဆင့် အနေနဲ့ လူ(၂၀၀)ထားရှိနိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပြီး လူဦးရေ (၄၀၀)အထိ တိုးချဲ့ထားရှိနိုင်ဖို့ကိုလည်း အစီအစဉ် ရေးဆွဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးဇော်ဇော်က သူ၏ လူမှုကွန်ရက်တွင် ရေးသား ထားပါတယ်။

အဆိုပါစင်တာတွင် နေ့စဉ် အစားအသောက်၊ တည်ဆောက်ရေး အပါအဝင် ကုန်ကျစရိတ်များကို ဧရာ၀တီဖောင်ဒေးရှင်းကျခံသွားမည်ဖြစ်ကြောင်း ဦးဇော်ဇော်၏ လူမှုကွန်ရက်သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားပါတယ်။

“ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကုသရေးကိစ္စ အဝဝကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်သွားမှာ ဖြစ်ပြီး တည်ဆောက်ရေး၊ နေရေးထိုင်ရေးနဲ့ နေ့စဉ် အစားအသောက် ကုန်ကျစရိတ် အားလုံးကိုတော့ ဧရာဝတီ ဖောင်ဒေးရှင်းက ကျခံပေးသွားမှာ ဖြစ်ပါတယ်။ ထို့အတူ လာရောက် တာဝန်ထမ်းဆောင်ကြမယ့် ကျန်းမာရေးဝန်ထမ်းများနဲ့ စေတနာ့ဝန်ထမ်းတွေ အားလုံးရဲ့ နေထိုင်စားသောက်ရေး ကိစ္စ အဝဝကိုလည်း စီမံ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ဦးဇော်ဇော်၏ လူမှုကွန်ရက်တွင် ရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page