ဦးနေဝင်းခေတ်က သူကိုယ်တိုင် ထုတ်ခိုင်းခဲ့တဲ့ မြန်မာပြည်ရဲ့ ပထမဆုံး စပါးရေစင် ရေသန့်
ဖော်ပြပါ ပုံမှာ တွေ့ရှိရတဲ့ ပုလင်းကတော့ မြန်မာနိုင်ငံမှာ ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ စပါးရေစင်ဆိုတဲ့ ရေသန့်ပဲ ဖြစ်ပါတယ်။
၁၉၇၀ ဝန်းကျင် မြန်မာ့ဆိုရှယ်လစ်ခေတ်မှာ စားဖျော်ဌာနကနေ ထုတ်လုပ်ခဲ့တာလို့လည်း သိရပါတယ်။ ဦးနေဝင်းက အစိုးရ အရာရှိကြီးတွေနဲ့ နိုင်ငံခြားသားများ သောက်သုံးဖို့အတွက် သီးသန့် ထုတ်ခိုင်းခဲ့တာလို့ သိရပါတယ်။ ရန်ကုန်ဦးဝိစာရလမ်းမှာရှိတဲ့ ဒဂုန်ဘိလပ်ရည်စက်ရုံက ထုတ်လုပ်တဲ့ အဆိုပါ စပါးရေစင် ရေသန့်တလုံးကို အမေရိကန် (၁) ဒေါ်လာနဲ့ ရောင်းချခဲ့ပြီး အဲဒီခေတ် မြန်မာငွေဈေးနဲ့ဆိုပါက (၇) ကျပ် ကျသင့်တယ်လို့ သိရပါတယ်။
ထိုစဉ်က ပြည်သူ့ကုန်တိုက်တွေမှာသာ ရောင်းချခဲ့ပြီး ဆိုရှယ်လစ်ခေတ်ရဲ့ အပြထုတ်လုပ်မှုတွေကြောင့်ရော၊ မြန်မာပြည်သူတွေရဲ့ ရေသန့်သောက်လေ့သောက်ထ မရှိမှုတို့ကြောင့် ဈေးကွက်ထဲကနေ ပျောက်ကွယ်သွားခဲ့တယ်လို့ သိရပါတယ်။
မြန်မာပြည်မှာ ရေသန့်ထုတ်နိုင်တယ်လို့ ကြွားဝါချင်တာကြောင့် အပြသဘော ထုတ်လုပ်ခဲ့ပေမယ့်လည်း စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် နောက်ဆုံးမှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့ကြောင်း သင်ခန်စာ ယူနိုင်စေဖို့ ဖော်ပြလိုက်ရပါတယ်။