နိုင်ငံတော် သမ္မတဦးဝင်းမြင့် နေအိမ်တွင် Q ဝင်ရောက်လျက်ရှိ

နိုင်ငံတော် သမ္မတဦးဝင်းမြင့် နေအိမ်တွင် Q ဝင်ရောက်လျက်ရှိ

ရန်ကုန်သို့ သွား ရောက်ကာ ရွေးကောက်ပွဲကုန် ကျစရိတ် တင်သွင်းခဲ့သည့် နိုင်ငံတော် သမ္မတဦးဝင်းမြင့်နှင့် အဖွဲ့ ဝင် ၁ဝ ဦးကျော်ကို Swab ယူ၍ သတ်မှတ်ရက်အတိုင်း Q ဝင်နေပြီဖြစ်ကြောင်း နေ ပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

သမ္မတနှင့်အတူ လိုက်ပါခဲ့ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် ထားရှိပြီး သတ်မှတ်ရက်အတိုင်း Q ဝင်ရမည်ဖြစ် ကြောင်း ဒေါက်တာမြတ်ဝဏ္ဏစိုး က ပြောပါတယ်။

ဒီဇင်ဘာ ၄ ရက်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် ရန်ကုန်သို့ သွားရောက်၍ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းကို တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲကုန်ကျစရိတ်ကိုမူ ရွေးကောက်ပွဲကိုယ်စားလှယ်က ကိုယ်စားတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်သို့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လာသည့် အစိုးရအဖွဲ့ဝင်များနှင့် ရုံးအလုပ်ဖြင့် သွားရောက်သူများ မည်သူဖြစ်စေ Home Q နှင့် Hotel Q ဝင်ရမည်ဖြစ်ကြောင်း ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

လက်ရှိတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်လည်း Home Q ဝင်နေဆဲဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။ သို့သော် နေပြည်တော်သို့ တရားမဝင်လမ်းကြောင်းမှ ခိုးဝင်မှုများလည်း ရှိနေ၍ အရေး ယူရသည့် ဖြစ်စဉ်များ ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page