ရုပ်ရှင် အစည်းအရုံး ထောက်ပံ့ငွေ မရလို့ စိတ်မကောင်းဖြစ်နေတဲ့ လူရွှင်တော်ကြီး ဦးတိမ်ညွှန့်
ရုပ်ရှင် အစည်းအရုံး ထောက်ပံ့ငွေ မရလို့ စိတ်မကောင်းဖြစ်နေတဲ့ လူရွှင်တော်ကြီး ဦးတိမ်ညွှန့်
ရုပ်ရှင်အစည်းအရုံးက ထောက်ပံ့ပေးသည့် အလှူငွေ သုံးသောင်းမရသောကြောင့် စိတ်မကောင်းဖြစ်ရကြောင်း ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး ဦးတိမ်ညွန့်က ပြောသည်။
“အရင်ပစ္စည်းတွေ ထောက်ပံ့ရင်လည်း အိမ်က ချွေးမက ကိုယ်စားသွားယူပေးတယ်။ ဒီတစ်ခါတော့ ကိုယ်တိုင်မလာနိုင်ရင် မလာပါနဲ့၊ Wave က လွှဲပေးမယ်ဆိုတော့ ဝမ်းသာတာပေါ့။ ကုန်ကျစရိတ်တွေလည်း နုတ်ထား ပါ။ ရသလောက် ယူပါ့မယ်ပေါ့။ ၂၆ ရက်နေ့က ဖုန်းဆက်တော့ အလုပ်ရှုပ်နေလို့တဲ့၊ ၂၉ ရက်နေ့မှာဆက်တော့ ငွေမရတော့ဘူး တဲ့” ဟု ဦးတိမ်ညွန့်က ပြောသည်။
အလှူငွေမရသဖြင့် စိတ်မကောင်းဖြစ်ရသော်လည်း ရုပ်ရှင်အစည်းအရုံးဘက်က အခက်အခဲရှိသောကြောင့်ဟု ယူဆ၍ အပြစ်မတင်လိုကြောင်း ၎င်းက ဆိုသည်။ ဦးတိမ်ညွန့်သည်ဇနီးဖြစ်သူ၊ ကျန်းမာရေး မကောင်းသည့် သားဖြစ်သူတို့နှင့်အတူ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၌ အိမ်ငှားနေထိုင်နေရကြောင်း ၎င်းကဆိုသည်။
လတ်တလောတွင် အကူအညီပေးသည့်သူတစ်ဦးက ငှားပေးထားသောကြောင့် နေရေးအတွက် စိတ်မပူရသော်လည်း စား ရးအတွက် အကူအညီထောက်ပံ့မှုများဖြင့်သာ ရပ်တည်နေရ ကြောင်း ၎င်းက ဆိုသည်။
ရုပ်ရှင်အစည်းအရုံးသည် ရုပ်ရှင်လောကသားများအတွက် ခြောက်ကြိမ်မြောက် လှူဒါန်းမှုကို အောက်တိုဘာ ၂၂ ရက်မှ ၂၇ ရက်အထိ ပြုလုပ်ခဲ့ပြီး ရုပ်ရှင် လောကသား ၁,၅၀၀ အတွက် လှူဒါန်းခဲ့သည်။