တရုတ် လုံးဝမထင်ထားတဲ့ အမေရိကန်ရဲ့ ဝှက်ဖဲ တချပ် (အမေရိကန်ရဲ့ လျှို့ဝှက်ဗျူဟာ)

တရုပ်အင်အားကြီးလာတဲ့အပေါ် ပင်တာဂွန်ရဲ့ အစီအမံပြုလုပ်မှု

အမေရိကန်ဟာ သူ့ရဲ့ဆယ်စုနှစ်များစွာအိုမင်းနေတဲ့ ဗုံးကြဲလေယာဥ်အိုကြီး​​တွေကို နောက်ဆုံးပေါ် လက်နက်တွေ တွဲဖက်တပ်ဆင်ပေးပြီး ဘေဂျင်းအစိုးရရဲ့ တရုပ်ကမ်းလွန်ပင်လယ်က ရေလမ်းကြောင်းတွေပေါ်မှာ အမြတ်ထုတ်ချင်နေတာကို တန်ပြန်ဖို့လုပ်နေပါပြီ US ကပေးချင်တဲ့သတင်းကတော့ တရုပ်သင်္ဘောတွေနဲ့ ကုန်းမြေပေါ်ကပစ်မှတ်တွေကိုအချိန်မရွေး ခြိမ်းချောက်ချေမှုန်းလို့ရတယ်ဆိုတာပါ

အသံထက်မြန်တဲ့ B1B ဗုံးကြဲလေယာဥ်တွေဟာ ၁၉၈၆လောက်မှာ စသုံးခဲ့တာဖြစ်တယ် B52 လေယာဥ်အုပ်စုထဲက အသစ်လွင်ဆုံးဆိုတဲ့လေယာဥ်ဟာ သမ္မတကင်နေဒီအစိုးရလက်ထက်က ထုတ်လုပ်ခဲ့တာပါ ဒါပေမယ့် သူတို့ဟာ ထိရောက်မှုတိကျပြီးကြီးမားလှတဲ့လက်နက်ကြီးတွေကို သယ်နိုင်တုန်း အသုံးတည့်နေတုန်းပါပဲ B1B တစ်စီးဟာ အမေရိကန်စစ်တပ်ရဲ့ ၂၀၁၈ကမှထုတ်ထားတဲ့အသစ်စက်စက် တာဝေးပစ်သင်္ဘောဖျက်ကိုယ်ပျောက်မစ်ဆိုင်း ၂၄ ခုကို သယ်ဆောင်နိုင်ပါတယ် မစ်ဆိုင်းတွေဟာ ကီလိုမီတာ၆၀၀ အကွာအဝေးကပစ်မှတ်ကိုဖျက်ဆီးပစ်နိုင်ပါတယ် B1 B တစ်စီးဟာ လေယာဥ်တင်သင်္ဘောရဲ့ တိုက်ခိုက်ရေးအုပ်စုတစ်စုက တစ်နေ့စာတိုက်ခိုက်နိုင်တဲ့ စစ်လက်နက်ပစ္စည်းပမာဏ နဲ့အတူတူလောက်ကို သယ်ပြီး ပစ်ခတ်နိုင်တယ်လို့ သိရပါတယ် အရေးကြုံလာရင် ဗုံးကြဲလေယာဥ်ကြီးတွေဟာ မြန်မြန်ဆန်ဆန် တပ်ဖြန့်နိုင်ပါတယ် သင်္ဘောတွေက လိုရာရောက်ဖို့တစ်ပါတ်လောက်ကြာနေချိန်မှာ ဗုံးကြဲလေယာဥ်ကြီးတွေက နာရီပိုင်းနဲ့ရောက်လာမှာပါ

တိုက်ပွဲတွေသာဖြစ်ရင် အမေရိကန်ဗုံးကြဲလေယာဥ်တွေဟာ တရုပ်ကမ်းရိုးတန်းတစ်လျှောက်က စစ်စခန်းတွေမှာရှိတဲ့ စစ်သင်္ဘောတွေကို ပစ်မှတ်ထားမှာဖြစ်သလို တောင်တရုပ်ပင်လယ်ထဲက ကျွန်းတွေ အပါအဝင် နေရာတွေဟာ ပစ်မှတ်တွေဖြစ်လာပါမယ် တရုပ်စစ်သင်္ဘောတွေဟာ အခြေစိုက်စခန်းကနေ ထွက်ခွာလာပြီးသူတို့ပိုင်တယ်လို့ကြေညာထားတဲ့ကျွန်းတွေနဲ့ ပိုင်ဆိုင်တယ်ဆိုတဲ့ ပင်လယ်ပြင်တွေကို လာပြီးကာကွယ်နေရင်ပိုလို့ ဟာကွက်ပျော့ကွက်ဖြစ်စေတော့မှာပါပဲ ဘာဖြစ်လို့လဲဆိုရင် အဲ့သည်တရုပ်စစ်သင်္ဘောတွေဟာ အဲ့ဒိအချိန်မှာ PLA ရဲ့ ကုန်းမြေအခြေစိုက် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ သူတို့လေတပ်ကလေယာဥ်တွေရဲ့အကာအကွယ် ပြင်ပကိုရောက်နေကြမှာမို့ပါ စစ်အေးကာလပြီးဆုံးချိန်တုန်းက အမေရိကန်တို့ဟာ သမုဒ္ဒရာဒေသတွေမှာ ပြိုင်ဖက်မရှိ မင်းမူနိုင်ပြီဆိုပြီးထင်ခဲ့ကြတယ် ဒါ့ကြောင့် သူတို့ရဲ့ရေပေါ်သွားရေယာဥ်တွေမှာ ခေတ်မှီတာဝေးပစ် သင်္ဘောဖျက်မစ်ဆိုင်းတွေတပ်ဆင်ပေးဖို့ လစ်လျှူရှုထားခဲ့တယ် ပိုပြီးသေချာအောင်ပြောရရင် အမေရိကန်နဲ့သူတို့ရဲ့မဟာမိတ်တွေထဲက အထူးသဖြင့် ဂျပန်တို့ဟာ စွမ်းအားကောင်းတဲ့ တိုက်ခိုက်ရေးရေငုပ်သင်္ဘောတွေ ရှိနေခဲ့ကြပေမယ့် သူတို့ ဟာတရုပ်စစ်သင်္ဘောတွေအတွက် ပစ်မှတ်တွေဖြစ်နေခဲ့ပါတယ်

အဲ့သည်လိုဖြစ်နေခဲ့တာကိုသိလာတဲ့အခါ ဗုံးကြဲလေယာဥ်တွေအားဖြင့်ကွက်လပ်ဖြည့်ဖို့ လုပ်လာရပြီး တပြိုင်နက်ထဲမှာပဲ ပင်တဂွန်ဟာ သူ့ရဲ့ ဖျက်သင်္ဘောတွေနဲ့ ကရူဆာတွေကို မဟာဗျူဟာမြောက် အဆင့်မြှင့်တင်နေခဲ့ရပါတော့တယ် ဗုံးကြဲလေယာဥ်ကြီးတွေကို တပ်ဖြန့်ထားတာဟာ စစ်အင်အားကို ပုံစံသစ်ဖော်ဆောင်ပြီး ပိုမိုကျယ်ပြန့်လာစေသလို တရုပ်ကနေတိုင်ဝမ်ကို လာရောက်တိုက်ခိုက်မယ့်အရေးကနေ အမေရိကန်နဲ့သူ့ရဲ့အရှေ့အာရှကမဟာမိတ်တွေကတားဆီးပေးထားရာရောက်တဲ့ နည်းဗျူဟာလည်းဖြစ်ပါတယ် တရုပ်တို့ တောင်တရုပ်ပင်လယ်မှာလှုပ်ရှားရခက်စေမယ့်နည်းပါပဲ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းတွေလည်းပါနေပါတယ် အဲ့ဒိကျွန်းတွေဟာ တရုပ်နဲ့ဂျပန်တို့အကြားပိုင်ဆိုင်မှု အငြင်းပွားနေတဲ့နေရာတွေပါပဲ အဲ့ဒိကျွန်းတွေနဲ့ပတ်သက်လို့ တင်းမာမှုတွေကလည်းမြင့်တက်နေပါတယ် လက်ရှိမှာ ကျွန်းတွေဟာ ဂျပန်ရဲ့အုပ်ချုပ်မှုလက်အောက်မှာရှိနေပါတယ်

ဂျပန်မှာအခြေစိုက်တဲ့ အမေရိကန်တပ်တွေရဲ့တပ်မှူး ဒုဗိုလ်ချုပ်ကြီး Kevin Schneider က သူတို့အနေနဲ့ တရုပ်တို့ဝင်ရောက်ကျူးကျော်လာမယ်ဆိုရင် ဂျပန်ဖက်ကနေ ကူညီမယ်လို့ကတိပေးထားပါတယ် အဲ့သည်လို ကတိပေးပြီးတစ်နာရီအတွင်းမှာပဲ တရုပ်နိုင်ငံခြားရေးဌာနကနေ ဒီကျွန်းဟာ တရုပ်ပိုင်နယ်မြေဖြစ်တယ်လို့ ပြန်ပြောခဲ့တယ် အကယ်လို့တရုပ်တို့ရဲ့ မစ်ဆိုင်းဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုဟာ ဂျပန်တောင်ကိုရီးယားနဲ့ဂူအမ်မှာအခြေစိုက်ထားတဲ့ အမေရိကန်စစ်စခန်းတွေအထိကို မထိခိုက်နိုင်ခဲ့ရင် အမေရိကန်တို့ရဲ့ မဟာဗျူဟာတာဝေးဗုံးကြဲလေယာဥ်ကြီးတွေရဲ့ ခြောက်လှန့်မှုဟာ တရုပ်အတွက်ရင်လေးစရာပါ ဒီအခြေစိုက်စခန်းတွေဟာ ဒုကမ္ဘာစစ်နဲ့ ကိုးရီးယားစစ်ပွဲကတည်းကရှိနေခဲ့ပြီး အဲ့ဒိအချိန်ကတရုပ်ဆိုတာဟာ အမေရိကန်တို့အတွက်စာမဖွဲ့လောက်တဲ့နိုင်ငံပါပဲ

အခုတော့စာဖွဲ့ရပါမယ် ဂူအမ်ဟာ အန္တရာယ်ရှိလာပါပြီ ဒါ့ကြောင့် အမေရိကန်တို့ဟာ ဧပြီလကစလို့ဗုံးကြဲလေယာဥ်ကြီးတွေကို အလှည့်ကျ ချထားတာမလုပ်တော့ပဲ အမေရိကကိုပြန်ခေါ်ထားခဲ့ပါတယ် ဂူအမ်မှာ ဗုံးကြဲလေယာဥ်ကြီးတွေမရှိတော့တာဟာ ဝါရှင်တန်အနေနဲ့ တရုပ်နဲ့ မြောက်ကိုရီးယားကို ဟန့်တားနိုင်စွမ်းအားလျှောကျခဲ့ပါတယ် တကယ်ဆိုရင် ဂူအမ်ဟာ တောင်တရုပ်ပင်လယ်ကနေ ငါးနာရီ မပြည့်တဲ့ ခရီးအတွင်းလောက်မှာပဲရှိပါတယ် ဒီလိုဟာကွက်တွေကြောင့် တရုပ်စစ်တပ်ဟာ အင်အားကြီးလာအောင်လုပ်ခွင့်ရခဲ့တယ်လို့ပြောကြပါတယ် အဲ့သည်လိုဖြစ်ခဲ့ချိန်ကစလို့ အမေရိကန်ဟာ ဂူအမ်မှာ ဗုံးကြဲလေယာဥ်ကြီးတွေကို အချိန်ပိုင်းအလိုက် ပြန်လည်ပြီးဖြန့်ကျက်ချထားလာခဲ့ရပြန်ပါတယ် တပြိုင်နက်ထဲမှာပဲ ဂူအမ်ရဲ့အရေးပါမှုနဲ့ စိတ်မချရမှုတွေအပေါ်တည်ပြီး အမေရိကန်စစ်တပ်က အင်ဒိုပစိဖိတ်တပ်မှူးကြီးဟာ ကွန်ဂရက်လွှတ်တော်မှာ ဂူအမ်လေကြောင်းရန်ကာကွယ်ရေးအတွက် စစ်အသုံးစားရိတ်တင်ပြတောင်းခံခဲ့ပါတယ် အားကောင်းတဲ့ လေကာစနစ်တစ်ခု ၂၀၂၆မှာ တပ်ဆင်ပြီးစီးနိုင်ဖို့အတွက် စီမံချက်တင်ပြခဲ့ပါတယ်

ပင်တဂွန်အတွက် နောက်ထပ်အခက်အခဲတစ်ခုရှိနေပြန်ပါတယ် အမေရိကန်တို့ရဲ့ ဗုံးကြဲလေယာဥ်အုပ်တွေဟာ အင်အားလျော့ကျလာတာပါ အဲ့သည်အချိန်မှာ တရုပ်ရဲ့စိမ်ခေါ်မှုတွေကကြီးထွားလာနေပါပြီ စစ်အေးကာလ ပြီးဆုံးချိန်မှာ အရင်က အစီးရေ၄၀၀ လောက်ရှိခဲ့တဲ့ ဗုံးကြဲလေယာဥ်ကြီးတွေဟာ ၁၅၈ စီးလောက်ပဲ အလုပ်ဖြစ်မယ့်အခြေအနေရှိလာပါတယ် အဲ့သည်အထဲမှာ B1B က၆၂ စီး B52s က ၇၆ စီးပဲကျန်ပြီး B2 အသစ်တွေက အစီး၂၀ရှိနေခဲ့ပါတယ် B2​​တွေက ကိုယ်ပျောက် စတဲ့လ်သ် ဗုံးကြဲလေယာဥ်တွေပါ စုစုပေါင်း ၁၅၈ စီးပဲကျန်ပါတယ် အမေရိကန်လေတပ်ဟာ B1B ၁၇စီးကိုနောက်နှစ်ထဲမှာ အနားပေးမှာဖြစ်ပြီး အသစ်ထပ်ထုတ်လုပ်မယ့် B21 ကိုယ်ပျောက်လေယာဥ်တွေကို စမသုံးနိုင်သေးခင် အခုဆယ်စုနှစ်မကုန်ခင်အထိ လက်ရှိကျန်တဲ့လေယာဥ်တွေမှာပိုပြီး အသားပေးဂရုစိုက်နိုင်အောင် စီမံထားပါတယ်

B21 ​​တွေဟာ တရုပ်တို့ရဲ့လေကြောင်းပိုင်နက်ထဲကို အတွင်းပိုင်းထိထိုးဖောက်နိုင်ဖို့ အဆင့်မြှင့်ထားတဲ့ လေယာဥ်တွေဖြစ်လာမှာပါ Northrop Grumman ကုမ္ပဏီဟာပထမဆုံး နမူနာ လေယာဥ်ကို စတင်စမ်းသပ်နေပါပြီ တင်းမာလာမှုတွေပိုများလာတာနဲ့ အမျှ အနောက်တိုင်းကလေကြောင်းကျွမ်းကျင်သူဆရာကြီးတွေကတရုပ်တို့နဲ့ဖြစ်တဲ့ပြဿနာတွေအပေါ်မှာ ဒီဗုံးကြဲလေယာဥ်ကြီးတွေရဲ့ စွမ်းဆောင်နိုင်မှုတွေနဲ့ ဖြစ်မှဖြစ်ပါ့မလား ဆိုတာကိုသံသယ ဖြစ်နေကြပါတယ် သူတို့ပြောတာက တရုပ်တွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ပြင်ဆင်ထားခဲ့ကြပြီးပြီ လေကြောင်းရန်ကာကွယ်ရေးတွေကိုလည်း အထင်ကြီးလောက်အောင်ပေါင်းစပ်မြှင့်တင်ထားခဲ့ကြပြီ အမေရိကန်တို့ရဲ့ဗုံးကြဲလေယာဥ်တွေက တရုပ်စစ်သင်္ဘောတွေကိုမြှုပ်နိုင်ရုံ ကုန်းမြေပေါ်က ပစ်မှတ်တွေကို ကိုယ်ပျောက်လေယာဥ်တွေနဲ့ ချေမှုန်းနိုင်ရုံနဲ့ ပြိုင်ဖက်ရန်သူကို အောင်နိုင်ပြီလို့ ပြောလို့မရပါဘူး လို့ဆိုကြပါတယ်

ဗုံးကြဲလေယာဥ်တွေအပေါ် မှီခိုကိုးစားရင်းနဲ့ တပြိုင်နက်ထဲမှာပဲ အမေရိကန်တို့ဟာ တရုပ်ရဲ့ မစ်ဆိုင်းတွေနဲ့ ရေတပ်ရဲ့ခြိမ်းခြောက်မှုကို ကာမိနိုင်ဖို့ သူတို့ရဲ့စီမံကိန်းတွေကို အားသွန်ခွန်စိုက်စလာခဲ့ရတယ် အမေရိကန်မရင်းတပ်ဖွဲ့ဟာ တပ်ဖွဲ့အသေးစားလေးတွေကို ဖွဲ့စည်းပြီး first island chain ကျွန်းစခန်းတွေမှာဖြန့်ခွဲချထားလာခဲ့ရပါတယ် အဲ့ဒီအဖွဲ့တွေကို တာဝေးပစ် သင်္ဘောဖျက်မစ်ဆိုင်းတွေ မြေပြင်ပစ်မစ်ဆိုင်းတွေနဲ့တပ်ဆင်ဖွဲ့စည်းပေးထားပါတယ် တရုပ်တို့ရဲ့စစ်သင်္ဘောတွေနဲ့ ကုန်းမြေပေါ်က ပစ်မှတ်တွေ ကိုခြိမ်းခြောက်ဖို့ပါပဲ ( first island chain ဆိုတာဟာ အရှေ့အာရှရဲ့ကမ်းခြေတစ်လျှောက်က အဓိကကျွန်းစုနေရာတွေကိုခေါ်ဆိုတာပါ ကူရိုင်းကျွန်းစု ဂျပန်ကျွန်းစု ရူကျူးကျွန်းစု တိုင်ဝမ် ဖိလစ်ပိုင်မြောက်ပိုင်း ဘော်နီယို ကမ်ချက်ကာကျွန်းဆွယ် မလေးကျွန်းဆွယ် စတဲ့ကျွန်းတွေပါပါတယ်)

အမေရိကန်စစ်တပ်ဟာ တပ်ဖွဲ့တွေကို ကျွန်းတန်း ပေါ်မှာရယ် အနောက်ပစိဖိတ်ဒေသတွေရယ်မှာ တပ်ဖြန့်ဖို့ရည်ရွယ်ထားခဲ့ပါတယ် အမေရိကန်တွေဟာလက်နက်အသစ်အဆန်းတွေကိုအမြဲစီစဥ်ဆောင်ရွက်ထုတ်လုပ်နေပြီး သူတို့ရဲ့အထူးတပ်ဖွဲ့တွေရဲ့ပစ်အားကို မြှင့်တင်ပေးဖို့လုပ်ဆောင်နိုင်ခဲ့ပါတယ် ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာနက ဇူလိုင်လထဲမှာပြုလုပ်ခဲ့တဲ့ အွန်လိုင်းတွေ့ဆုံဟောပြောပွဲမှာ အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီး ဂျိမ်းကဒီလိုပြောပြခဲ့ပါတယ် ” အသံထက်မြန်တာဝေးပစ် မစ်ဆိုင်း ထုတ်လုပ်စမ်းသပ်မှုဟာ အောင်မြင်ခဲ့ပါတယ် တပ်ဖွဲ့တွေဟာ ရန်သူရေတပ်ကို တိုက်ဖို့လက်နက်တွေရှိလာပါပြီ စစ်သင်္ဘောတွေကိုပစ်ခတ်နှစ်မြှုပ်နိုင်မယ့် တာလတ်ပစ်မစ်ဆိုင်းတွေလည်းရပါတော့မယ်” တဲ့

အမေရိကန်နဲ့မဟာမိတ်တပ်ဖွဲ့တွေဟာ ဒေသတွင်းမှာသူတို့ရဲ့ထောက်လှမ်းရေးစနစ်တွေနဲ့လက်နက် စနစ်တွေကို အချင်းချင်း ဒေသကွန်ရက် အဖြစ်ချိတ်ဆက်ထားဖို့ ရည်ရွယ်လုပ်ဆောင်လာကြပါတယ် အဲ့သည်လိုချိတ်ဆက်ထားခြင်းအားဖြင့် ခြေရာခံထောက်လှမ်းပြီးရရှိလာမယ့်ပစ်မှတ်တွေရဲ့ သတင်းအချက်အလက်တွေကို ရေဒါစခန်းတွေ ဆက်သွယ်ရေးဂြိုလ်တုတွေ စစ်သင်္ဘောတွေ ရေငုပ်သင်္ဘောတွေ လေယာဥ်တွေ မြေပြင်တပ်ဖွဲ့တွေ ဆီကို ချက်ခြင်းသတင်းမျှဝေနိုင်ပါမယ် ဒီစနစ်မှာ လေယာဥ်တင်သင်္ဘောပေါ်ကပျံတက်လာတဲ့ ကိုယ်ပျောက်လေယာဥ်ဟာ ရန်သူစစ်သင်္ဘောကိုထောက်လှမ်းပြီး ကျွန်းတွေပေါ်က တပ်ဖွဲ့ကိုသတင်းပေးလိုက်မယ် ကျွန်းပေါ်က တပ်ဖွဲ့က သင်္ဘောဖျက်မစ်ဆိုင်းနဲ့ ပစ်လိမ့်မယ် ဒါပါပဲ

မေလ၂၁ရက်နေ့မှာ အမေရိကန်ရဲ့ B1B ဗုံးကြဲလေယာဥ်၂စီးဟာဂူအမ်အခြေစိုက်စခန်းကနေပျံတက်လာခဲ့ပြီး ဂျပန် နိုင်ငံမီဆာဝါလေတပ်စခန်းအနီးက ပင်လယ်ပြင်မှာ လေယာဥ်တင်သင်္ဘော USS Ronald Reagan ရေကြောင်းကင်းထောက်လေယာဥ် P-8 Poseidon တို့နဲ့အတူ စစ်ရေးလေ့ကျင့်ခန်းတွေပြုလုပ်ခဲ့ပါတယ် တာဝေးပစ်မစ်ဆိုင်း ပစ်ခတ်ခြင်းဆိုင်ရာလေ့ကျင့်ခန်းလို့သိရပါတယ် ဒီလေ့ကျင့်ခန်းဟာ အမေရိကန်တို့အနေနဲ့ ဘယ်နေရာဘယ်အချိန်မှာမဆို ရန်သူကို ချေမှုန်းနိုင်တဲ့အရည်အချင်းရှိတယ်ဆိုတဲ့ အကြောင်းကိုဖော်ပြလိုက်တာဖြစ်တယ် လေ့ကျင့်ခန်းမှာပါတဲ့ လေယာဥ်တွေနဲ့သင်္ဘောတွေဟာ ပစ်မှတ်သတင်းပေးခြင်း တိုက်ခိုက်ခြင်း စတာတွေကို လေ့ကျင့်နိုင်ခဲ့ပါတယ်

ဗုံးကြဲလေယာဥ်ကြီးတွေရဲ့အခြားသောလေ့ကျင့်ခန်းတွေကိုပြန်ကြည့်ရင် ဂျပန်နဲ့စစ်ရေးလေ့ကျင့်ခန်း တောင်ကိုရီးယားနဲ့လေ့ကျင့်ခန်းစတာတွေကို လုပ်နိုင်ခဲ့ပါတယ် ဒီလိုမျိုးကွန်ရက်ချိတ်ဆက်လေ့ကျင့်ခန်းတွေမှာ ပင်တဂွန်က ဗုံးကြဲလေယာဥ်ဟောင်းကြီးတွေဟာ ရန်သူတွေ ဖြုံလောက်တဲ့ ပြိုင်ဖက်ကောင်းဖြစ်နေဆဲပဲဆိုတာပြသနိုင်ခဲ့တယ်လို့ဆိုကြပါတယ် စစ်အေးကာလက ဗုံးကြဲလေယာဥ်ကြီးတွေရဲ့ ပျံသန်းနိုင်တဲ့အမြန်နှုန်းနဲ့အကွာအဝေးဟာ တရုပ်ပစ်မှတ်တွေကိုဘက်ပေါင်းစုံကနေ ချဥ်းကပ်နိုင်ပြီး ထောက်လှမ်းရခက်တဲ့မစ်ဆိုင်းတွေ အတွဲလိုက်ပစ်ချနိုင်သေးတယ်လို့ လေတပ်အရာရှိတစ်ယောက်ကပြောပြပါတယ်

အမေရိကန်တို့ရဲ့စီမံထုတ်လုပ်နေဆဲ ပိုပြီးဝေးဝေးပစ်နိုင်တဲ့ မစ်ဆိုင်းတွေသာရောက်လာရင် တရုပ်လေကြောင်းရန်ကာကွယ်ရေးစနစ်ရဲ့အပြင်ကနေ ထိထိရောက်ရောက်ပစ်ခတ်နိုင်မှာဖြစ်ပါတယ် ဒါ့အပြင် အမေရိကန်ဗုံးကြဲလေယာဥ်တွေဟာ တိကျပြီးပဲ့ထိန်းစနစ်ပါတဲ့ မိုင်းတွေကို ချနိုင်ပါသေးတယ် မိုင်းချပြီး မဟာဗျူဟာမြောက်ရေလမ်းကြောင်းတွေနဲ့ဆိပ်ကမ်းအဝင်အထွက်တွေကို ပိတ်ဆို့ထားလို့ရပါတယ် B2 stealth ကိုယ်ပျောက်ဗုံးကြဲလေယာဥ်တွေကတော့ တရုပ်လေကြောင်းပိုင်နက်ထဲအထိပိုထိုးဖောက်ဝင်နိုင်မှာဖြစ်ပြီး အဓိကကျတဲ့ပစ်မှတ်တွေ ကို လူမသိသူမသိ ဗုံးကြဲချနိုင်ပါတယ် သိလိုက်မှာတောင်မဟုတ်ပါဘူး ဒီဗုံးကြဲလေယာဥ်ကြီးတွေဟာ တိကျတဲ့ပဲ့ထိန်းစနစ်ပါမစ်ဆိုင်းတွေ လက်နက်ခဲယမ်းတွေကို ပိုပြီးသယ်ဆောင်နိုင်အောင်ပြုလုပ်ထားပြီးသားပါ

B1B တစ်စီးဟာ အမေရိကန်မြေပေါ်ကနေပျံတက်ပြီး လမ်းမှာ(လေထဲမှာ) ဆီဖြည့် ပြီးအနောက်ပစိဖိတ်ဒေသကို ၁၅နာရီထဲနဲ့ရောက်လာမှာပါ ဟာဝိုင်ယီကနေဆိုရင် ၉နာရီကြာပါမယ် သြစတေလျမြောက်ပိုင်းကနေဆိုရင်၆နာရီ ကြာပါမယ် သြစတေလျအစိုးရက ပြီးခဲ့တဲ့ဖေဖော်ဝါရီလထဲမှာ သူတို့နိုင်ငံမြောက်ဖက်က တင်ဒယ် လေတပ်စခန်းကို ဒေါ်လာ ၈၁၄သန်းအကုန်အကျခံပြီးပြင်ဆင်မယ် ပြေးလမ်းကိုအဆင့်မြှင့်မယ် အမေရိကန်လေတပ်ကို ကူညီပံ့ပိုးဖို့ရည်ရွယ်ချက်လည်းပါတယ်လို့ ဆိုပြီးကြေညာခဲ့ပါတယ် အမေရိကန်ဗုံးကြဲလေယာဥ်ကြီးတွေဟာအခုတော့လေယာဥ်ကွင်းကို အသုံးပြုနေကြပါပြီ

B1B ​​တွေဟာတကယ်တော့ နျူကလီးယားဗုံးကြဲလေယာဥ်တွေဖြစ်ပါတယ် အခုတော့ သမရိုးကျရော သမရိုးကျမဟုတ်တဲ့ ပဲ့ထိန်းလက်နက်ပေါင်ချိန် ၇၅၀၀၀ လောက် သယ်ဆောင်နိုင်အောင် ပြောင်းလဲထားပါတယ် အမေရိကန်လေတပ်ရဲ့လေယာဥ်တွေထဲမှာ အများဆုံးသယ်ဆောင်နိုင်တဲ့လေယာဥ်ပါပဲ အရှေ့အလယ်ပိုင်းနဲ့ အာဖဂန်မှာ သိပ်ကိုအသုံးဝင်ခဲ့တဲ့ လေယာဥ်တွေဖြစ်ပါတယ် အခုတော့ ပင်တဂွန်ရဲ့ ပြောင်းလဲပြင်ဆင်လာမှုအရ B1B​​တွေဟာ သင်္ဘောတွေကိုတိုက်ခိုက်ဖို့ဖြစ်လာပါပြီ မကြာခင်အနာဂတ်မှာ သူတို့ကို ဟိုက်ပါဆောနစ် မစ်ဆိုင်းတွေနဲ့တပ်ဆင်လာပါတော့မယ်

အခုစမ်းသပ်နေပါပြီ ARRW ရယ် တာဝေးပစ်ခရုစ်မစ်ဆိုင်းရယ် တပ်ဆင်ပါလိမ့်မယ် ဟိုက်ပါဆောနစ်မစ်ဆိုင်းတွေဟာ အသံထက်ငါးဆမြန်ပါတယ် ကြားဖြတ်ပစ်ချဖို့မလွယ်ပါဘူး B52 ကတော့ပိုပြီးအိုစာတဲ့လေယာဥ်ပါ ၁၉၅၀လောက်ကလေယာဥ်ဖြစ်ပါတယ် B1B သယ်ဆောင်နိုင်တာထက်နည်းနည်းလျော့ပါတယ် သူ့ကိုလည်း တာဝေးပစ်မစ်ဆိုင်းအလုံး၂၀တင်လို့ရအောင်ပြောင်းလဲနေပါတယ်လို့သိရပါတယ် B52​​တွေဟာလည်း နျူကလီးယား ထိပ်ဖူးတပ် မစ်ဆိုင်းတွေပစ်နိုင်ပါတယ် ဒီဗုံးကြဲလေယာဥ်ကြီးတွေ သန်စွမ်းနေဆဲမှာပဲ B21 ​​တွေကလည်းရောက်လာပါတော့မယ် ဗုံးကြဲလေယာဥ်အသစ်တွေကိုလည်း အကြီးအကျယ်လျှို့ဝှက်ပြီး စီမံနေပါတယ်လို့ကြားနေရပါတယ်

pi lon

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page