မြန်မာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး ရရှိလာပါက ဦးစားပေး ထိုးနှံပေးမည့်သူများ စာရင်း
ကိုဗစ်ကာကွယ်ဆေး သန်း၂၀၀၀ ဖြန့်ဝေပေးမည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ (၉၂) နိုင်ငံစာရင်းတွင် မြန်မာပါဝင်
ကိုဗစ် ကပ်ရောဂါဖြစ်ပွားမှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရန်အတွက် သိပ္ပံပညာရှင်များမှ လာမည့်နှစ်တွင် လုံခြုံစိတ်ချရပြီး ထိရောက်သော ကာကွယ်ဆေးကို ထုတ်လုပ်ရန် အပြိုင်အဆိုင်အားထုတ်ကြိုးပမ်းလျက်ရှိနေပြီး လာမည့်နှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကာကွယ်ဆေး သန်း(၂၀၀၀) ဖြန့်ဝေပေးမည့် အစီအစဉ်ရှိနေပြီး အဆိုပါအဖွဲ့ဝင်နိုင်ငံများတွင် မြန်မာနိုင်ငံပါဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးမှ ပြောကြားခဲ့ပါတယ်။
COVAX အဖွဲ့အစည်းသည် ကာကွယ်ဆေးထိုးစီမံချက်၊ ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့်ဆိုင်သော အဖွဲ့အစည်းဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားသော အဖွဲ့အစည်းဖြစ်ကာ အလယ်အလတ်နှင့် ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံများလည်း ပါဝင်ကြောင်း သိရှိရပါတယ်။
(၉၂)နိုင်ငံတွင်ရှိသော လူဦးရေ (၂၀)%ကို လွှမ်းခြုံနိုင်မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေနှင့် ပထမဦးစားပေးတွင် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများကိုလည်းကောင်း၊ ဒုတိယဦးစားပေးအနေဖြင့် သက်ကြီးရွယ်အိုများဖြစ်ကာ တတိယဦးစားပေးအနေဖြင့် ရောဂါအခံရှိသူများကို အသီးသီးရွေးချယ်ထားကြောင်း သိရှိရပါတယ်။