အမေရိကန် စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာအမျိုးသမီးတဦး ပြောပြတဲ့ ကိုဗစ်အတွေ့အကြုံ

အမေရိကန် စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာအမျိုးသမီးတဦး ပြောပြတဲ့ ကိုဗစ်အတွေ့အကြုံ

ကျွန်မဒီ ပို့စ် ကိုမရေးဘူးလို့ နေနေတာပါ ဒီနေ့မနက်ပဲ ထီလာ က Q ဝင်ဖို့ခေါ်သွားတာကို အော်ဟစ်နေတဲ့ ဗီဒီယို တစ်ခုကြောင့်ရေးဖြစ်ခဲ့တာပါ

ကျွန်မ အခုလက်ရှိနေထိုင်တာ ဂျာမနီ နိုင်ငံရှိ အမေရိကန် စစ်တပ် အခြေစိုက်စခန်း မှာပါ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့သူပါ သြဂုတ် လ ၂၄ ရက်နေ့က ကျွန်မတို့ တပ်ခွဲ မှာရှိတဲ့ စစ်သားဦးရေ ၉၈ ယောက်မှာ တပ်အလိုက် ခရီးသွားစစ်တမ်းများအရဆေးစစ်ခဲ့ကြပါတယ်

ဒီလိုဆေးစစ်ရင်း သြဂုတ်လ ၂၆ ရက် ကျွန်မ တာဝန်ကျရာဆီကို စစ်/ဆေးတပ်က ဖုန်းခေါ်လာပါတယ် အဲ့ဒါကတော့ ကျွန်မတို့ တပ်မှာ positive ရှိတယ် ဆိုတာ နောက် positive သမားရဲ့ နာမည်တွေ ရာထူးအဆင့် တွေကို ပြောသွားပါတယ် ကျွန်မနဲ့ အတူ ကျွန်မ အထက်လူကြီး လဲရှိနေပါတယ် ထို positive သမားက ကျွန်မတို့နဲ့ ထိတွေ့ ဆက်ဆံနေရတဲ့သူဖြစ်ပါတယ် တပ်ထဲမှာ ဆိုတာ ရုံးတတ်တိုင်း စကားပြောဖြစ်တယ် နှုတ်ဆက်ဖြစ်တယ် နောက် ကျွန်မနဲ့ ထို ရက်မတိုင်ခင်က အဝတ်လျှော် အခန်းထဲမှာတွေ့ရင်း နှုတ်ဆက်ခဲ့တဲ့ သူ၊ Demo class မှာ တူတူတွေ့ခဲ့တဲ့သူ ဖြစ်နေပါတယ်။

နောက် သူက ကျွန်မတို့ တပ်စု က ကလေး ၃ယောက်(ကလေးဆိုသည်မှာ ၁၈,၁၉ ကိုယ့်ထက်ငယ်သူလေးများကို ခေါ်ခြင်းဖြစ်ပါတယ်) ဘီယာခွက်ကို မျှသောက်ထားတဲ့သူလဲ ဖြစ်ပါတယ်။ သူက သူကိုယ်သူရှိနေတယ်လို့လဲမထင်တဲ့သူပါ ဆေးစစ်ပြီးနောက်ရက်မှာ တာဝန်ကျရာ ကိုသွားရင်းနဲ့ အပြန်မှ လက္ခဏာ ပြတာဖြစ်ပါတယ် ဒါနဲ့ ကျွန်မတို့တပ်က နောက်ရက်မှာဆေးစစ်ရပါတယ် ဆေးစစ်ရပါတယ် တပ်ခွဲ မှာတာဝန်ထမ်းဆောင်နေတဲ့ ၉၈ ယောက်မှာ အယောက် ၅၀ positive ဖြစ်ခဲ့ပါတယ် ကျွန်မကတော့ negative ပါ

positive ဖြစ်တဲ့သူတွေကလဲ သူကြောင့် ငါ့ကြောင့် အော်ဟစ်ဆဲဆိုမနေပါဘူး တပ်ဖွဲ့မှူး၊ တပ်စုမှူးတွေရဲ့ အမိန့်ကိုနာခံပြီး ၂ ပတ် ၃ ပတ် စာ ပစ္စည်းတွေ ထုတ်ပြီး Q (သို့) သီးခြားခွဲခြားနေတဲ့ အခန်းထဲ ဝင်ရပါတယ် တခြား barrack တွေကလဲ သိမ်ငယ်စေတဲ့ စကားတွေသုံးပြီးတွေ့လား Q ဝင်ရတယ် နင်တို့ကြောင့်ငါတို့ပါ order တွေပြောင်းကုန်ပြီဆိုပြီ အော်ဟစ်မနေကြပါဘူး ဒါအပြင် negative သမားတွေ ဖြစ်တဲ့ ကျွန်မတို့တွေလဲ စောင့်ကြည့်လူနာထဲ ထည့်ထားပါတယိ ၁၄ရက် အခန်းကူးသွားလာ အပြင်ထွက်လို့မရပါဘူး နောက် positive ဖြစ်တဲ့သူတွေရဲ့ အခန်းကို ဆေးဖျန်းခြင်း အခန်းရှင်းခြင်းတွေ ပြုလုပ်ပေးရပါတယ်

အဲ့မှာကျွန်မ ပြောချင်တာကပေါ့နော်။ သူများနိုင်ငံတွေမှာ Positive ဖြစ်တဲ့လူနာကို အပြစ်ရှိတဲ့သူလို မဆက်ဆံပါဘူး လူကိုလူလိုတန်ဖိုးထားပြီးဆက်ဆံပါတယ် ကဲ့ရဲ့ရှုတ်ချချင်လဲမရှိပါဘူး ဖြစ်လာခဲ့ရင် ဘာလုပ်ရမလဲဆိုတာကိုသာ ရေရှည်တွေးထားကြပါတယ် ဖေးမပါ positive သမားဆိုပြီးငါတို့ကိုပါ ကူးစက်နိုင်တယ်ဆိုပြီးတော့ ပစ်မထားပါနဲ့ ဖြစ်မှာပေါ့ တချို့တွေ အလုပ်တတ်နေရတုန်းပါ မိသားစုအတွက် ဝမ်းစာအတွက် မြန်မာနိုင်ငံမှာ တနေ့လုပ်မှ တနေ့စားရတဲ့သူတွေများတယ်

ဒီရောဂါက စိတ်ဓာတ်နဲ့ လဲအများကြီးဆိုင်ပါတယ် တတ်နိုင်သလောက် စိတ်ဓာတ်မကျဖို့အများကြီးလိုအပ်ပါတယ် လူတစ်ယောက်က သိမ်ငယ် စိတ်ဝင်သွားပြီးရင် စိတ်ဓာတ်ကျသွားရင် ပြန်ထူလာဖို့ခက်ခဲပါတယ် ကိုယ်တွေလို စစ်ဆေး အထပ်ထပ် လေ့ကျင့်ထားတဲ့သူတွေတောင် ရောဂါကူးနိုင်ချေရှိတယ် ဆိုရင် သာမန်လူတွေအနေနဲ့ သတိထားသွားလာပေးကြဖို့ပြောချင်ပါတယ်

တတ်နိုင်သလောက် လူစုလူဝေးရှိတဲ့နေရာတွေရှောင်ပေးပါ ကျွန်မ က အခန်းကူး လည်တာ ဝါသနာလဲ မပါသလို စျေးဝယ်ပြီးတာနဲ့ အခန်းထဲပြန်အောင်းနေတတ်ပါတယ် Positive ဖြစ်တဲ့သူတွေက ကျွန်မနဲ့ အလုပ်တူတူလုပ်ရတဲ့သူတွေပါ

ကိုယ်ခံအား စနစ် တအားအရေးကြီးပါတယ် ခုခံအား ရှိမှ ရောဂါဝင်ရောက်မှုနည်းပါးပါတယ် စားပါ အသီးအနှံတွေ ဖြည့်စွက် ဓာတ်ဆာတွေဖြစ်တဲ့ ကျွန်မဆို ဗီတာမင်စီ ၁ ဂရမ်နေ့တိုင်း ပုံမှန်သောက်ပါတယ် နောက် ရေကို များများသောက်ပေးပါ ဓာတ်ဆားရေ များများသောက်ပေးပါ

နှာခေါင်းစည်းနဲ့ လက်သန့်ဆေးရည် တွေကို မရှိမဖြစ် ပစ္စည်းအနေဖြစ် နေ့စဉ် အိတ်ထဲမှာဆောင်ထားပေးပါ မိမိ အိမ်သာ ဖြစ် အများသုံးအိမ်သာဖြစ်ဖြစ် အိမ်သာသုံးပြီးတိုင် လက်ကိုဆေးပေးပါ ကျွန်မ စာရေးသိပ်မတတ်တော့ ကျွန်မ မြန်မာလို့ ရေးထားတာကို နားလည်ပေးချင်ပါတယ်ရှင့်

Julie Thin

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page