ကိုဗစ်ကာလမှာ ပေါ်လာတဲ့ ရန်ကုန်မြေအောက်လောကတခု (ဒီကိစ္စတွေကတော့ ဖြစ်မှာပဲ)

မြို့ရန်ကုန် ကကြိုးရယ်စုံပါပေ့… မနက်က လိုတာလေးဝယ်ရအောင် စျေးဖက် ထွက်ခဲ့တယ်… ညက လိုက်အော်ထားလို့နဲ့တူပါရဲ့ လမ်းဘေးစျေးသည် တစ်သည်မှမရှိ…

လမ်းထိပ်ရောက်တော့… ကျနော့ ရှေ့ကသွားနေတဲ့ လူက မလုံမလဲနဲ့ ဘေးဘီကြည့်ရင်း… လမ်းထောင့်မှာရပ်နေတဲ့ အိန္ဒိယသား တယောက်နားကပ်သွားပြီး တိုးတိုး တိုးတိုးပြောတယ်… ပြီးတော့( ပိုက်ဆံလို့ထင်တာဘဲ ) ကပ်ပေးလိုက်တယ်… အိန္ဒိယသား(မုတ်ဆိတ်နဲ့)က ဖုန်းထုတ်ပြီးဆက်တယ် သူ့ကိုလည်း ခဏစောင့်ဖို့ ခြေဟန်လက်ဟန်နဲ့ပြတယ်…

ဟား ဟ… ဒါ… သေချာတယ်… ကိုယ်လည်းရန်ကုန်မှာမွေးတဲ့သူဘဲ… ပေါက်တာပေါ့ ဒီလို အထာမျိုးတွေကို… ကိုယ်ကလည်း ဒါမျိုးဆို သိပ်သိချင်တဲ့ကောင်… ဖုန်းလာသလိုလို ပြောသလိုလိုနဲ့ မယောင်မလည်ရပ်လိုက်ရင်း အခြေအနေကို အကဲခတ်နေလိုက်တယ်…

ရွှီ…ကနဲ လေချွန်သံ တချက်အပြီးမှာ နောက်ကတိုက် သုံးထပ်ပေါ်က အထုတ်လေးတစ်ထုတ်ကျလာတယ် မုတ်ဆိတ်က လှမ်းဖမ်းလိုက်ပြီး ခုနက လူကိုပေးတယ်.. ဟိုလူက ရတာနဲ့ ချာကနဲ လှည့်လစ်သွားတယ်… ဟား… လုပ်လှချည့်လား ကိုယ့်အပိုင်ထဲမှာတောင် ဒါမျိုးတွေဖြစ်နေပါ့လား ဟ ဟ ဟ …

ငါသိတယ်နော် ဆိုတဲ့ အထာနဲ့ မုတ်ဆိတ်ကို ရှိုးလိုက်တယ်… အိန္ဒိယသားကလည်း နပ်တယ် ကျနော့ကိုလှမ်းပြုံးပြတယ် … ဖုန်းနံပါတ်တခု ရေးထားတဲ့ ကတ်ပြားလေးတခု လှမ်းပေးရင်း တီးတိုး မေးတယ် အကို… လိုရင်လှမ်းမှာလို့ရအောင်… အခုရော ယူသွားဦးမှာလား? … အခုချက်ခြင်းရမှာလား…? ကြာမှာလား…? အဲ့ မုတ်ဆိတ် ကပ်ပြောတယ် ၅ မိနစ်လောက်ပါဘဲ အကို အပေါ်ထပ်မှာ ဆက်တိုက် ယာနေပါတယ်…

အကိုက ဘာနဲ့စားမှာလဲ နိုင်တီတူးနဲ့လား ဘုရင်မနဲ့လား… ဘယ်လောက်ဖိုးလဲ… တဲ့

၅၂၈

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page