ဟာသသရုပ်ဆောင် ဦးမိုးဒီ ကိုဗစ်ရောဂါ သက်သာ၍ Q စင်တာကနေ အိမ်ပြန်ရပြီ

ဟာသသရုပ်ဆောင် ဦးမိုးဒီ ကိုဗစ်ရောဂါ သက်သာ၍ Q စင်တာကနေ အိမ်ပြန်ရပြီ

ကိုဗစ် ‌ရောဂါဖြစ်ပြီး ဧရာဝတီ ကွာရန်တင်းစင်တာ၌ ဆေးကုသမှု ခံယူနေသော အကယ်ဒမီ ဦးမိုးဒီ ယ‌နေ့ ဒီဇင်ဘာလ (၁၂) ရက်နေ့မှာတော့ ကွာရန်တင်းစင်တာကနေ ကိုဗစ် ရောဂါ သက်သာသွား၍ နေအိမ်သို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရပါတယ်။

လူရွှင်တော်ကြီး ဦးမိုးဒီကတော့ ကိုဗစ်ရောဂါ ကင်းစင်သွားပေမယ့် ဆေးရုံတက်ပြီး ဆေးကုသမှု ခံယူရဦးမယ် ဆိုပြီးတော့ သူ့ရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြလာပါတယ်။

ပရိသတ်တွေကို ဟာဒယရွှင်ဆေး အမြဲတိုက်ကျွေးလေ့ရှိတဲ့ လူရွှင်တော်ကြီး ဦးမိုးဒီကတော့ ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရတာကြောင့် ဧရာဝတီ ကွာရန်တင်းစင်တာမှာ ဆေးကုသမှု ခံယူနေတာဖြစ်ပါတယ်။ ဒီဇင်ဘာလ (၁၂) ရက်နေ့ ဆိုရင်တော့ ကွာရန်တင်းကနေ အိမ်ပြန်ရမှာ ဖြစ်ပေမယ့် သူ့ရဲ့ ကျန်းမာရေး အခြေအနေအရ SSC ဆးရုံမှာ ဆေးကုသမှု ခံယူသွားရမယ်လို့ သိရပါတယ်။

ဦးမိုးဒီရဲ့ ကျန်းမာရေး အခြေအနေကို သိတဲ့ ပရိသတ်တွေကလည်း ကျန်းမာရေး ပြန်ကောင်းလာဖို့ လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ဆုတောင်းစကားတွေ ပြောထားကြပါတယ်။ ဆေးဖိုးဝါးခတွေလည်း ကူညီ ထောက်ပံ့ပေးကြတယ်လို့ ဦးမိုးဒီက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page