ကိုဗစ်ရောဂါ ခံစားနေရတဲ့ လူရွှင်တော်ကြီး ဦးမိုးဒီရဲ့ လက်ရှိအခြေအနေ

ကိုဗစ်ရောဂါ ခံစားနေရတဲ့ လူရွှင်တော်ကြီး ဦးမိုးဒီရဲ့ လက်ရှိအခြေအနေ

ပရိသတ်တွေချစ်ရတဲ့ လူရွှင်တော်ကြီး ဦးမိုးဒီကတော့ အားလုံးကိုရယ်မောပျော်ရွှင်ရအောင် မျိုးစုံတင်ဆက်ပေးလေ့ရှိသူ ဖြစ်ပါတယ် ။ ပြောင်မြောက်တဲ့အနုပညာအရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့ ဦးမိုးဒီက လူရွှင်တော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဦးမိုးဒီက ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အများအပြားရိုက်ကူးခဲ့ပြီး ဖျော်ဖြေပွဲတွေမှာလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။

မကြာခင်ရက်ပိုင်းကတော့ ဦးမိုးဒီတစ်ယောက် ကိုဗစ် ရောဂါပိုးကူးစက်ခံရကြောင်း သရုပ်ဆောင်ဝေဠုကျော်ကတစ်ဆင့် အားလုံးသိအောင် ပြောပြခဲ့တာ ဖြစ်ပါတယ် ။

ဦးမိုးဒီက နေမကောင်းဖြစ်လို့ ဆေးစစ်ရာကနေ ကိုဗစ်ရောဂါ Positive ဖြစ်ကြောင်း သိခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဦးမိုးဒီက ဧရာဝတီစင်တာမှာ ဆေးကုသမှုခံယူနေတာဖြစ်ပြီး အခုလည်း လူရွှင်တော်ကောင်းစံက ဦးမိုးဒီရဲ့ကျန်းမာရေးအခြေအနေအကြောင်း တင်ထားတာ ဖြစ်ပါတယ်။

လူရွှင်တော်ကောင်းစံက “ပရိသတ်များရဲ့ဆုတောင်းမေတ္တာနဲ့အတူ ဧရာဝတီစင်တာမှ ဗော်လန်တီယာများ၊ ဆရာဝန်များရဲ့ ကုသအားပေးမှုကြောင့် ဖေဖေ့ရဲ့ ကျန်းမာရေးတိုးတက် ကောင်းမွန်လာပါပြီခင်ဗျာ အားလုံးကို ကျေးဇူးတင်ပါသည်။” ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ်။ အောက်စီဂျင်ရှူနေရတဲ့ ဦးမိုးဒီက လက်မလေးထောင်ပြီး သူအဆင်ပြေကြောင်း ပြောနေတာ ဖြစ်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page