ရန်ကုန်ရှိ စျေးများ လုံးဝ မပိတ်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ပြောကြား

ရန်ကုန်ရှိ ဈေးများ ပိတ်ရန်ညွှန်ကြားမှု မရှိသေးကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ယနေ့တွင်ပြောလိုက်ပါတယ်။

အရေးတကြီးမလိုအပ်သည့် ဈေးဆိုင်ခန်းအချို့သာ ကိုယ်ပိုင်ဆန္ဒအရ ပိတ်သိမ်းခြင်းမျိုးဖြစ်ပြီး အခြေခံစား သောက်ကုန်နှင့် ဆေးဝါးရောင်းချသည့် ဈေးဆိုင်ခန်းများပိတ်သိမ်းရန်မရှိကြောင်း ၎င်းက အတည်ပြုလိုက်ပါတယ်။

“သတင်းအမှားတွေနဲ့ ခက်နေတာ။ပြီးတော့ သတင်းမှန်လိုလို သတင်းမှားဘက်ရောက်နေတဲ့ကောလာဟလ တွေကလည်း အကျိုးမရှိစေဘူး။ ဒီလိုကာလ မှာ စားသောက်ကုန်၊ဆေးဝါးလို အလွယ်တကူ ရနိုင်မယ့် ဈေးတွေကို ပိတ်ရင်ပိုပြီး လူစုလူဝေးမှုတွေဖြစ်လာမှာပေါ့”ဟု ဦးမောင်မောင်စိုးက ရှင်းပြပါတယ်။

ထို့အပြင် ရန်ကုန်တိုင်း ဝင်ပေါက်၊ထွက်ပေါက်များမှ ကုန်တင်ယာဉ်များကို ပိတ်လိုက်သည်ဆိုခြင်းမှာလည်း မဟုတ်မှန်ဘဲ လူအဝင်၊အထွက် စစ်ဆေးခြင်းမျိုးသာ ဖြစ်သည်ဟု ၎င်းက ဖြည့်စွက်ပြောပါတယ်။

မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ယုဇနပလာဇာ နှင့် မင်္ဂလာဈေး အပါအဝင် ဈေးများယာယီ ပိတ်မည်ဆိုသည့် ကိစ္စရပ်တွင်လည်း ပိတ်ရန် ညွှန်ကြားမှုကြောင့်မဟုတ်ဘဲ မြို့နယ် ကိုဗစ်ကော်မတီ၏ ယာယီရပ်နားရန် လမ်းညွှန်ချက်ကြောင့် ဖြစ်သည်ဟု ယင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဆိုပါတယ်။

“Stay at Home ရဲ့ သဘောအရ ဈေးတွေမှာရှိတဲ့ မရှိမဖြစ် မလိုအပ်တဲ့ဆိုင်တွေကို ခေတ္တ၊ယာယီ ရပ်နားဖို့ လမ်းညွှန်တာဖြစ်တယ်။ နောက်ပြီးဒီကာလမှာ လုပ်ငန်းက ဝင်ငွေ၊ထွက်ငွေ က မမျှလို့ သူတို့ကိုယ်တိုင် ပူးပေါင်း ဆောင်ရွက်ကြပါတယ်။ အရေးတကြီးလိုအပ်မယ့် ဆေးဆိုင်လို စားသောက်ကုန် ဆိုင်တွေက ဖွင့်ရမှာပါ”ဟု ၎င်းက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page