ဝေဘာဂီရောင်စုံမီးပူဇော်ပွဲကနေ တလောကလုံးကို မေတ္တာပို့လိုက်တဲ့ ဦးကျော်သူ

ဝေဘာဂီရောင်စုံမီးပူဇော်ပွဲကနေ တလောကလုံးကို မေတ္တာပို့လိုက်တဲ့ ဦးကျော်သူ

ဝေဘာဂီ ရောင်စုံမီးပူဇော်ပွဲမှ ပင့်ဖိတ်ပူဇော်ကြိုဆိုပါတယ်ခင်ဗျ။

ယနေ့ည ပြင်ပလောကတွင်ရောင်စုံမီးများထွန်းခြင်း၊ဆီမီးများပူဇော်ခြင်းစသည်တို့ပြုလုပ်နေသည်နှင့်အညီ ကျွန်တော်တို့ အခန်းအောင်းနေရသည့် ကိုဗစ်ဝေဒနာရှင်များအတွက် ဝေဘာဂီဆေးရုံအုပ်ချုပ်မှုအပိုင်းမှ ဆရာဝန်မကြီးက လူနာများအတွက် ရောင်စုံမီးပွင့်မီးတန်းလေးများအားလိုက်လံပေးဝေလှူဒါန်းမှုကြောင့် ကျွန်တော်တို့၏မျက်စိအမြင်များထူးခြားစွာကြည်လင်ဝင်းပ လှပခဲ့ရသည်။

ဤသို့လုပ်ဆောင်ပေးခြင်းသည်လည်း ကိုဗစ်လူနာများကုသရေးတွင် စိတ်ဓါတ် စွမ်းအင်မြင့်တင်ပေးသည့် ကုထုံးသစ် တစ်ရပ်ဖြစ်စေမည်မှာ အမှန်ပင်။

ယနေ့ည အခန်းတွင်းမှ တိုက်ပိတ်ကာ မြတ်စွာဘုရားရှင်နှင့် သမာဒေဝနတ်မြတ် များအားပူဇော်ပွဲကျင်းပရင်းဖြင့် မေတ္တာပို့၊ ဂုဏ်တော်ပွါး၊ အဓိဋ္ဌာန်ပုတီးစိတ်၊ ဝင်လေ ထွက်လေရှုခြင်းဖြင့် ရရှိလာမည့်ကောင်းမှုအစုစုအား အလုံးစုံသော လူနတ်ဗြဟ္မာသတ္တဝါအပေါင်းအား အမျှပေးဝေငှပါမည်။ အားလုံး ကုသိုလ်အမျှ အမျှ အမျှယူတော်မူကြပါကုန်သော်။

သာဓု သာဓု သာဓု။

သက်ရှည်ကျန်းမာ ချမ်းသာကာ သောကကင်းဝေးငြိမ်းချမ်း သာယာဝပြော၍ ကပ်ဘေးအမျိုးမျိုးမှကင်းဝေးကြပါစေသား။

ခေတ္တ ဝေဘာဂီကျင့်စဉ်စခန်းရောက် ကျော်သူနှင့် ထွန်းကိုကို

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page