တပတ်အတွင်း မိုးလေဝသ ထူးခြားဖြစ်စဥ်သတင်းများ (မိုးလေဝသပညာရှင် ဦးချစ်ကျော်)

နိုဝင်ဘာလ ၂ ရက်မှ ၉ ရက်အတွင်း မိုးလေဝသအခြေအနေ (၁-၁၁-၂၀၂၀)

ယခုတပါတ်လည်း ဘင်္ဂလားပင်လယ်မှာ လေဖိအားနည်းရပ်ဝန်း လေပွေလှိုင်းနဲ့ တောင်တရုတ်ပင်လယ်မုန်တိုင်း (GONI)တို့ ဖြစ်ပေါ်နေပြန်ပါတယ်။

သက်သာတာက ဒီတပါတ်ရဲ့ ဘင်္ဂလားပင်လယ်က လေဖိအားရပ်ဝန်းက အရင်တပါတ်ကလောက် မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အထက်ပိုင်းကို မိုးသိပ်မရွာစေနိုင်တာ တွေ့ရပါတယ်။ ဒါကြောင့် မြစ်ရေတွေ နောက်တကြိမ် ထပ်တက်လာနိုင်ခြေ နည်းသွားပါတယ်။

မိုးအနေနဲ့ ကတော့ နိုဝင်ဘာ ၂၊ ၃၊၊ ၄ ရက်တွေမှာ ရခိုင်ပြည်နယ် ချင်းပြည်နယ် စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတွေ မိုးအနည်းငယ်မှ အသင့်အတင့် ကွက်ကျားရွာနိုင်ပါတယ်။

ဧရာဝတီမြစ်ရေကတော့ မြစ်ဝကျွန်းပေါ်ဒေသ (ဆိပ်သာ ဟင်္သါတ ဇလွန် ငသိုင်းချောင်း သာပေါင်း)တို့မှာ နိုဝင်ဘာ ၃၊ ၄၊ ၅ ရက်အထိ လက်ရှိ ရေမှတ်အထက်ကို တဖြည်းဖြည်း တက်နိုင်သော်လည်း အထက်ပါမြို့များရဲ့ စိုးရိမ်ရေမှတ်ကိုတော့ မကျော်နိုင်ဘဲ နိုဝင်ဘာ ၆ ရက်မှာ ရေပြန်ကျနိုင်ပါတယ်။ (စိုးရိမ်ရေမှတ် မရောက်သော်လည်း တစ်ချို့​သော ကိုင်းတောင်သူများ၏ စိုက်ခင်းများမှာ စိုးရိမ်ရေမှတ်အောက် ၄ ပေ သို့မဟုတ် ၅ ပေခန့်နေရာတွင် တည်ရှိနေပါက ယခုရေသည် အဆိုပါစိုက်ခင်များကို ၁ပေခန့် နစ်မြုတ်စေနိုင် ပါတယ်။)

၅၊ ၆၊ ၇ ရက်တွေမှာတော့ ရှမ်းတောင်ပိုင်း ကယားပြည်နယ် ကရက်ပြည်နယ် ပဲခူးတိုင်း ရန်ကုန်တောင်ပိုင်း မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေ အရှေ့ကလာတဲ့ မုန်တိုင်း(GONI)ရဲ့အကြွင်းအကျန် တိမ်အနည်းငယ်ကြောင် မိုးအသင့်အတင့်(တလက်မခန့်)ရွာနိုင်ပါတယ်။

နိုဝင်ဘာ ၈၊ ၉ ရက်တွေမှာတော့ မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်း ကချင်ပြည်နယ်တွေ မိုးမရွာသလောက် လျော့နည်းသွားပြီး မြောက်လေတချို့ စတင်တိုက်ခတ် လာနိုင်ပါတယ်။

သတိပြုရန်က အောက်မြန်မာပြည်ဘက်ဖြစ်ပြီး GONI မုန်တိုင်းပြီးသွားရင်လည်း သူ့နောက်က နောက်ထပ် မုန်တိုင်းတလုံးက ဖိလစ်ပိုင်းနားကနေ ထပ်ဖြစ်ပြီး ဗီယက်နမ်ကမ်းခြေကို ထပ်လာနိုင်တာသေးတာကို သတိပြုစေလိုပါတယ်။ နောက်တပါတ်မှ ာထပ်မံတင်ပြပါမယ်။

U Chit Kyaw

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page