နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်မည် (မိုးဇလ ပညာရှင် ဦးချစ်ကျော်)

နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်မည် (မိုးဇလ ပညာရှင် ဦးချစ်ကျော်)

နိုဝင်ဘာလ ၂၃ ရက်မှ ၃၀ ရက်အတွင်းမိုးလေဝသအခြေအနေ (22/11/2020 23:45 mst)

ယခုလမယ့်ရက်သတ္တပါတ်က လေပွေလှိုင်းတွေ လေဖိအားနညးရပ်ဝန်းမှ မုန်တိုင်းငယ် ဖြစ်နိုင်ခြေတွေရှိနေပြီး မိုးအနေနဲ့ ထိခိုက်နိုင်လောက်အောင်မများနိုင်တာကိုတွေ့ရပါတယ်။

လာနီညာ အကျိုးသက်ရောက်မှု ရှိနေတဲ့ ယခုနှစ် ဆောင်းဦးကာလဖြစ်တဲ့ (နိုဝင်ဘာလယ်မှ ဒီဇင်ဘာလယ်) အချိန်မှာ လေပွေလှိုင်းတွေ မုန်တိုင်ငယ်တွေ မကြာမကြာ (၇ ရက်မှ ၁၀ ရက်တကြိမ်ခန့်) ဖြစ်ပေါ်လာနိုင်ပြီး သူနဲ့ဆက်နွယ်ကာ မိုးအနည်းငယ်မှအသင့်အတင့် ရွာနိုင်ပါတယ်။

အခုလည်း ဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်း လေဖိအားနည်းရပ်ဝန်းလေးက နောက် ၂၄ နာရီအတွင်းမှာ မုန်တိုင်းငယ်လေး အဆင့်ကို ရောက်လာနိုင်သော်လည်း အိန္ဒိယဘက်သို့သာ ဦးတည်ဖြတ်ကျော်မှာ ဖြစ်ပါတယ်။ မြန်မာဘက်မှာတော့ သူကြောင့်ထိခိုက်မှု မရှိနိုင်သလို မိုးလည်း သိပ်မရနိုင်ပါ။ ပုံမှန်အရှေ့ကရွေ့လာတဲ့ တိမ်တိုက်တချို့ကြောင့်သာ(၂၃ ၂၄ ၂၅)မှာ မွန်နဲ့တနင်္သာရီ မိုးကွက်ကျားအနည်းငယ်ရွာနိုင်ပါတယ်။ နောက်တကြိမ်က ၂၇ ၂၈ ရက်တွေမှာ ထပ်ရွာနိုင်ပါတယ်။

ကျန်ဒေသတွေမှာ တိမ်ကင်းသော်လည်း မြူထူများ ဆိုင်းလာမှုက ကချင် ရှမ်း ချင်း စစ်ကိုင်း မကွေး ပဲခူးတိုင်းတွေမှာ ပိုမိုလာမှာ ဖြစ်ပါတယ်။ အလားတူ ကချင်နဲ့ ရှမ်း ကယား ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့လည်း ညဖက်မှာ အအေးပိုလာနိုင်ကြောင်း အသိပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page