ဆောင်းရဲ့ လက္ခဏာတွေ ပီပြင်လာမယ့် ရက်သတ္တပတ် (မိုးလေဝသပညာရှင် ဦးချစ်ကျော်)

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၇ ရက်မှ ၁၄ ရက်အထိ မိုးလေဝသအခြေအနေ (၇-၁၂-၂၀၂၀)

ပုံမှန်ဆောင်းရဲ့ လက္ခဏာက ထင်ရှားလာပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ သတိထားရမှာက လာနီညာ အကျိုးသက်ရောက်မှု ရှိနေသော ယခုနှစ် ဆောင်းကာလ (၂၀၂၀ နိုဝင်ဘာလယ်မှ ၂၀၂၁ ဖေဖေါ်ဝါရီလကုန်အထိ) အတွင်း ရာသီအခြေအနေက နွေးလာလိုက် လေဖိအားနည်းလေးများ ဖြစ်လိုက်၊ ကွက်ကျားမှ ခပ်ကျဲကျဲ မိုးလေးရွာလိုက် ပြီးရင် ပြန်အေးလာလိုက် ဆိုတဲ့ စက်ဝန်းပုံသဏ္ဍာန် အတိုင်းရှိနေတာကို သိစေလိုပါတယ်။

အခုတပတ်ရဲ့ အစောပိုင်း ရက်တွေမှာ မိုးပြန်ကင်းစင်သွားပြီး အအေးလည်း ပိုလာနေပါတယ်။ မြန်မာနိုင်ငံ အောက်ပိုင်း (ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းတွေအထိ) ၈-၁၀ ရက်တွေမှာ အေးလာနိုင်ပါတယ်။

၁၁-၁၄ ရက်တွေ မြန်မာနိုင်ငံ အထက်ပိုင်း အလယ်ပိုင်း မြစ်ဝကျွန်းပေါ် ဒေသတွေ မြူထူများ ကျနိုင်သလို ဘင်္ဂလားပင်လယ်တောင်ပိုင်း (အီကွေတာအနီး) လေပွေလှိုင်းတခု ထပ်ဖြစ်လာနိုင်ပြီး သီရိလင်္ကာဖက်ကို ရွေ့မှာ ဖြစ်ပါတယ်။

အဲဒီအချိန် မြစ်ဝကျွန်းပေါ် ရန်ကုန် အအေးပြန် လျော့လာနိုင်ပါတယ်။ ကိုကိုးကျွန်းနား ငါးဖမ်းသူများ သတိပြုရန် ဖြစ်ပါတယ်။ နောက်တပတ်မှာ ထပ်မံတင်ပြပါမယ်။

မိုးလေဝသပညာရှင် ဦးချစ်ကျေ်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page