ဘင်္ဂလားပင်လယ်အော်ထဲက မုန်တိုင်းရဲ့ သက်ရောက်နိုင်မှုတွေကို မိုးလေဝသပညာရှင် ဦးချစ်ကျော် ပြောပြီ

ဘင်္ဂလားပင်လယ်အော်ထဲက မုန်တိုင်းရဲ့ သက်ရောက်နိုင်မှုတွေကို မိုးလေဝသပညာရှင် ဦးချစ်ကျော် ပြောပြီ

အောက်တိုဘာလ ၁၂ ရက်မှ ၁၉ ရက်အတွင်းမိုးလေဝသအခြေအနေ(11/10/2020 18:35 mst)

ဒီတပါတ်လည်း မုန်တိုင်းငယ် တွေ ရှိနေပြီး လေပွေလှိုင်းလည်းထပ်မံဖြစ်လာနိုင်စရာရှိနေပါသေးတယ်။ အခုဖြစ်နေတဲ့ မုန်တိုင်းငယ်လေးက ၁၄ ရက်ဆိုအိန္ဒိယပေါ်ရောက်ပြီး ပျက်ပြယ် နိုင်ပါတယ်။ ရခိုင်ဘက်ကို မိုးပေးနိုင်ပါတယ်။

နောက်ထပ် အောက်တိုဘာ ၁၇၊ ၁၈၊ ၁၉ ဝန်းကျင်မှာနောက်ထပ်လေပွေလှိုင်းမှတဆင့် လေဖိအားနည်းရပ်ဝန်းတခုထပ်မံပြီး ဘင်္ဂလာပင်လယ်ထဲဖြစ်လာနိုင်ပါသေးတယ်။သူနဲ့ဆက်စပ်ပြီး ကရင်ပြည်နယ် ကယားပြည်နယ် မွန်ပြည်နယ် တနင်္သာရီတိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ် ချင်းပြည်နယ်တွေမှာ ၁၆-၁၇-၁၈-၁၉ ရက်တွေမှ ာမိုးအသင့်အတင့်မှ နေရာကွက်မိုးကြီးသည် အထိ ရွာနိုင်ပါတယ်။

အထူးသဖြင့် မွန်ပြည်နယ် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ မိုးကြီးနိုင်လို့ နောက်ဆက်တွဲ(ရေလျှံ မြေပြို)ဘေးတွေကို သတိပြုဖို့ လိုပါတယ်။ မိုးလိုနေတဲ့ အလယ်ပိုင်းဒေသ(စစ်ကိုင်းတိုင်း အောက်ပိုင်း မန္တလေးတိုင်းမကွေးတိုင်း)တို့ နေရာကွက်ကြား မိုးရနိုင်ပါတယ်။ မုတ္တမကွေ့ မြစ်ဝကျွန်းပေါ် ရခိုင်ကမ်းရိုး တန်း ရေလုပ်သားများ ပင်လယ်ပြင် အခြေအနေကို စောင့်ကြည့်လေ့လာပြီး လုပ်ဆောင်စေလိုပါတယ်။

မြစ်ရေများကတော့ ၁၆-၁၇ နောက်ပိုင်း ဧရာဝတီတိုင်းမှာ ဆိပ်သာ ဟင်္သါတ ဇလွန် ငသိုင်းချောင်း သာပေါင်း ရေမှတ်တွေ လက်ရှိအောက်ကို ၆ ပေလောက် ပြန်ကျနိုင်ပါတယ်။ အနောက်တောင်မုန်သုံလေကတော့ လေပွေလှိုင်းတွေကြောင့် ပုံမှန်ထက်ရက်အနည်းငယ် ထပ်မံနောက်ကျဆုတ်ခွာ နိုင်ပြီး ၁၇၁၈-၁၉ ရက်ဝန်းကျင်မှ ာဆုတ်ခွာနိုင်ပါတယ်။ (ပုံမှန်က အောက်တိုဘာ ၁၀ ရက်ဖြစ်ပါတယ်။) နောက်တပါတ်မှာထပ်မံတင်ပြပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page