လူရွှင်တော်ကြီး ဦးဧရာ ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားပြီ
လူရွှင်တော်ကြီး ဦးဧရာ ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားပြီ
ကိုဗစ်ရောဂါ ကူးစက်ခံရတဲ့ လူရွှင်တော် ဧရာဟာ ယနေ့မနက် ၃ နာရီ ၃၉ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရပါတယ်။ ရောဂါအခံရှိတဲ့ အတွက် ကိုဗစ်ရောဂါကို မတွန်းလှန် နိုင်တော့ပါဘူး။
ဦးဧရာဟာ နိုဝင်ဘာ ၂၉ ရက်ညက အောက်စီဂျင်ထိုးကျသွားလို့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးရုံတင်ခဲ့ရပြီး နောက်တစ်နေ့မှာပဲ ကိုဗစ် Positive အဖြေထွက်ရှိခဲ့ပါတယ်။
ကွယ်လွန်သူ လူရွှင်တော်ကြီး ဦးဧရာအတွက် မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရပြီး ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းလိုက်ပါတယ်။