မန္တလေး UAB ဘဏ်ကို ဝင်ရောက်လုယက်သူတွင် သေနတ်နဲ့ လက်ထိတ်ပါရှိ၊ သိန်း ၂၀၀ ပါသွားဟုဆို

မန္တလေး UAB ဘဏ်ကို ဝင်ရောက်လုယက်သူတွင် သေနတ်နဲ့ လက်ထိတ်ပါရှိ၊ သိန်း ၂၀၀ ပါသွားဟုဆို

မန္တလေး – မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ်ရှိ ယူနိုက်တက်အမရာဘဏ် (UAB)စက်မှုဇုန်ဘဏ်ခွဲ ကို ယနေ့ နေ့လယ် ၃ နာရီခွဲခန့်တွင် သေနတ်ကိုင်ဆောင်ထားသူတစ် ဦးက ဝင်ရောက်လုယက်ခဲ့ ကြောင်း ကနဦးသိရပါတယ်။

မျက်မြင်တွေ့သူများ၏ပြော ကြားချက်များအရ သေနတ်ကိုင် ဆောင်ထားသူတစ်ဦးက ဘဏ် အတွင်း ဝင်ရောက်လုယက်ခဲ့ပြီး ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားတယ်လို့လည်း သိရပါတယ်။

“၁၀ မိနစ်လောက်ပဲကြာတယ်။ သေနတ်ပါလာတယ်။ လက်ထိတ်တစ်ခုပါလာတယ်။ သိန်း ၂၀၀ ပါသွားတယ်။ ကားနဲ့ ထွက်ပြေးသွားတယ်” ဟုပြည်ကြီး တံခွန်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ထပ်မံရရှိသည့်သတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page