သပိတ်ကျင်းမြို့ သုဿန်တခုအနီးမှ ရှေးခေတ်ကဟု ယူဆရသည့် ရွှေတိုရွှေစလေးများ တွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာ၏ အနောက် ဘက် သုဿန်ရှိလောင်တိုက်ကုန်းနှင့် ကိုက် (၃၀၀)ခန့်အကွာတွင် သြဂုတ်လ ၂၁ ရက် နံနက်ပိုင်းက ရှေးခေတ်ကဟု ယူဆရသည့် ပုတီးစေ့ပုံစံနှင့် ရွှေတိုရွှေစလေးများ အနည်းငယ်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ဝါးဖြူတောင်ကျေးရွာ ဒေသခံပြည်သူများမှ စားဝတ်နေရေးအဆင်ပြေစေရန် ကျေးရွာရှိသုဿန် လောင်တိုက်နေရာတဝိုက်တွင် တပိုင်တနိုင်ရွှေကျင်လုပ်ငန်းလုပ်ကိုင်ပြီး မိသာစုဝင်ငွေရရှိရန် အင်ဝိုင်းဖြင့် ရွှေကျင်ရာမှ ရှေးခေတ်ကဟုယူဆရသည့် ပုတီးစေ့ပုံစံနှင့် ရွှေတိုရွှေစများရရှိခဲ့ကြောင်း၊ တွေ့ရှိသည့်ရွှေမှာ သဘာဝရွှေအရိုင်းမဟုတ်ဘဲ လက်ဝတ်လက်စားအပိုင်းအစများဖြစ်ကြောင်း၊

အဆိုပါရွှေအပိုင်းအစများမှာ ရွေးကြီးတစ်ရွေး/နှစ်ရွေးခန့်ရှိပြီး တစ်ရွေးခန့်ရှိသည့်ပစ္စည်းကို ရွှေဝယ်သူများမှ (၂၀၀၀၀) ပေးဝယ်သော်လည်း ရွှေအရည် အသွေးကောင်းမွန်သည့်အတွက် မရောင်းသေးကြောင်း၊ ယခင်ကလည်း ၎င်းနေရာမှ ရွှေတို ရွှေစလေးများ ရရှိခဲ့ဖူးကြောင်း ဒေသခံတစ်ဦးမှပြောပြသည်။

ကျေးရွာနေပြည်သူများမှ COVID-19 ကာလအတွင်း စားဝတ်နေရေးပြေလည်စေရန်အတွက် ရွာအနီး ပတ်လည်၌ မှိုရှာမျှစ်ချိုးရွှေရှာလုပ်ငန်းများ လုပ်ကိုင်နေကြရပြီး ရွှေအတိုအစလေးများတွေ့ရှိသည့် သတင်း ကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှလည်း ရွှေပါသည့်ဟုယူဆရသောမြေများအား လာရောက်သယ်ယူသူ နှင့် ရွှေရှာဖွေသူ လူဦးရေ (၂၀၀) ခန့်ရှိကြောင်းသိရသည်။

စိုးနိုင်ဝင်း (သပိတ်ကျင်း)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page