တူရကီရဲ့ မြေထဲပင်လယ်ထဲက ရန်သူအသစ် (တူရကီကတော့ အိပ်နေတဲ့မြွေဟောက်ကို ခေါင်းသွားပုတ်ပြန်ပြီ)

တူရကီရဲ့ မြေထဲပင်လယ်ထဲက ရန်သူအသစ် (တူရကီကတော့ အိပ်နေတဲ့မြွေဟောက်ကို ခေါင်းသွားပုတ်ပြန်ပြီ)

အစ္စရေးနဲ့ ယူအေအီး ငြိမ်းချမ်းရေးစာချုပ်ချုပ်ပြီး သံတမန်ဆက်သွယ်လိုက်တာမှာ တူရကီဟာ အကြီးမားဆုံး နစ်နာသူဖြစ်လာပါတယ်။ အမေရိကန်က ပွဲစားလုပ်တဲ့ အစ္စရေးယူအေအီး ငြိမ်းချမ်းရေးစာချုပ်ကို ဆော်ဒီကလည်းနောက်ကနေ ထောက်ပံ့ထားတယ်လို့ သိရပါတယ် ဆော်ဒီဟာ ဒေသထဲမှာ တည်ငြိမ်မှုနဲ့ ပေါင်းစည်းညီညွတ်တဲ့ အနေအထားကို ဖိတ်ခေါ်လာတာပါပဲ။

သို့သော် ဒီလိုဆောင်ရွက်မှုပေါ်မှာ ဘုံးဘုံးလဲသလိုအရှိုက်ထိသွားတာက တူရကီပါ တူရကီကို ရူးသွပ်နေတဲ့သမ္မတကဦးဆောင်နေပါတယ် အစ္စလာမ်ကမ္ဘာမှာ ဆရာကြီးလုပ်ဖို့ရည်မှန်းချက်ကြီးနေတဲ့ တူရကီဟာ အခုထိဘာမှပေါက်ပေါက်မြောက်မြောက်ဖြစ်မလာသေးပါဘူး တူရကီဟာ အာရပ်ကမ္ဘာကို အာဏာလျော့ပါး စေချင်တာပါ မြေထဲပင်လယ်အရှေ့ခြမ်းကို သူကလွှမ်းမိုးချင်နေပါတယ် ဒီလိုလွှမ်းမိုးဖို့ အစ္စရေးကို အအားပေးမထားပဲ ရန်တွေဝိုင်းနေမှဖြစ်မယ်ဆိုတဲ့ အယူအဆရှိသူပါ

ဒီတော့တူရကီဟာ ပါလက်စတိုင်းတွေကို လက်နက်ခဲယမ်းထောက်ပံ့ပါတယ် ပြီးတော့ပါလက်စတိုင်းဖက်ကရပ်တည်ပါတယ် လစ်ဗျားမှာလည်း ဝင်နှောက်နေရပါတယ် တူရကီသမ္မတ အာဒိုဂန်ဟာ မွတ်စလင်မ်ကမ္ဘာမှာ တမန်တော် နတ်သား ( Khalifa )ခါလီဖာလို ဖြစ်ချင်နေတဲ့သူလို့စောင်းမြောင်းသမုတ်ထားကြပါတယ် သူဟာ အစ္စရေးနဲ့ ယူအေအီး ငြိမ်းချမ်းရေး စာချုပ်ကို အရင်ဆုံးစပြီးရှုတ်ချပြောဆိုခဲ့သူပါ ယူအေအီးနဲ့သံတမန်အဆက်အဆံဖြတ်တောက်ဖို့အထိတောင် ခြိမ်းခြောက်ခဲ့သူဖြစ်ပါတယ် “နိုင်ငံခြားရေးကိုပြောထားပြီ အဘူဒါဘီအစိုးရနဲ့ သံရေးတမန်ရေးတွေဆိုင်းထားမယ် ဒါမှမဟုတ် ကျုပ်တို့သံအမတ်ကို ပြန်ခေါ်ရလိမ့်မယ်” လို့ကြွေးကျော်ခဲ့တယ်

တူရကီဆိုတာဟာ အစ္စရေးနဲ့သူ့ရဲ့ထောက်လှမ်းရေး မော့ဆက်အဖွဲ့ရဲ့ ရန်သူအသစ်ဖြစ်လာပါတယ် ဆီးရီးယားနဲ့လစ်ဗျားတို့မှာ ကိုယ်စားလှယ်စစ်ပွဲ Proxy war တွေအပြန်အလှန်ဆင်နွှဲတယ် ဂရိကိုလည်းနှောက်ယှက်တယ် တူရကီဟာအနောက်နိုင်ငံတွေကို ရန်စခဲ့တယ် အခုတော့ တူရကီဟာ မြေထဲပင်လယ်အရှေ့ပိုင်းက အစ္စရေးနဲ့ ရန်သူဖြစ်လာရပါပြီ ကမ္ဘာမှာကြင်နာမှုအကင်းမဲ့ဆုံးထောက်လှမ်းရေး အဖွဲ့ ဖြစ်တဲ့ မော့ဆက် နဲ့ သူတို့ရဲ့ အကြီးအကဲ Yossi Cohen တို့က တူရကီကို အီရန်ထက် အန္တရာယ်ရှိတဲ့ ရန်သူအဖြစ်သတ်မှတ်ထားခဲ့ပါတယ်

မြေထဲပင်လယ်အရှေ့ပိုင်းဒေသမှာ တူရကီရဲ့ ရန်လိုတဲ့အပြုအမူတွေဟာ အစ္စရေးတို့ကို ပိုမိုနိုးကြားစေခဲ့တယ် အထူးသဖြင့်ပါလက်စတိုင်းတို့ကို ထောက်ပံ့နေမှုတွေကနေပဲ ဖြစ်ပါတယ် အိန္ဒိယရဲ့ RAW ၊ UAE ရဲ့ SIA ၊ အစ္စရေးရဲ့မော့ဆက် တို့ဟာ တူရကီနဲ့ အစ္စလာမ်မစ်နိုင်ငံတွေကို တိတ်တိတ်ဆိတ်ဆိတ် အသံလုံလုံနဲ့ဝိုင်းပတ်ပြီး ကျော့ကွင်းကြိုးကို တဖြည်းဖြည်းတင်းလာခဲ့ပါတယ် တူရကီဟာ မြေထဲပင်လယ်အရှေ့ပိုင်းမှာ ပင်လယ်ကမ်းခြေအိမ်နီးချင်းနိုင်ငံတွေအားလုံးနဲ့ အငြင်းပွားမှုအဖြစ်ဆုံး နိုင်ငံပါ သူပိုင်ပါတယ်ဆိုပြီးအတင်းအဓမ္မလုပ်နေတဲ့ ပင်လယ်ပြင်ပိုင်နက်ကိစ္စနဲ့ ပတ်သက်ပြီး ဂရိ ဆိုက်ပရပ် အီဂျစ် အစ္စရေးတို့နဲ့ ပုံမှန်လိုအခြေအတင်ဖြစ်နေကျပါ

ယူအေအီးနဲ့လစ်ဗျားကရန်ပွဲ လစ်ဗျားဟာလည်းယူအေအီးနဲ့တူရကီ အတွက်နောက်ထပ်မီးပွားတစ်ခုဖြစ်နေပါတယ် အဘူဒါဘီအစိုးရဟာ လစ်ဗျားအရေးမှာ တူရကီတို့နဲ့ဆန့်ကျင်ဖက်ဖြစ်နေပါတယ် ယူအေအီးဟာဆော်ဒီနဲ့သဘောထားတူတူဖြစ်နေပြီး တူရကီနဲ့ဆန့်ကျင်ဖက်ဖြစ်နေပါတယ် ဆော်ဒီဟာ မွတ်စလင်ကမ္ဘာရဲ့ လက်ရှိခေါင်းဆောင်ဖြစ်နေတယ်လို့ပြောလို့ရပါတယ် Government of National Accord (GNA) ဆိုတဲ့ လစ်ဗျားအစိုးရကို တူရကီကဆီးရီးယား ကုန်သည်တွေကတဆင့် လက်နက်တွေထောက်ပံ့ပါတယ်

GNA ကိုကုလက လက်နက်ရောင်းချမှုပိတ်ထားပါတယ် ဆော်ဒီ ယူအေအီးရုရှ ပြင်သစ် အီတလီတို့ကတော့ Libyan National Army’s (LNA) General Khalifa Haftarကိုထောက်ခံနေကြပါတယ် အာဒိုဂန်ဟာ သူ့ရဲ့သြဇာကိုသုံးပြီး ထရီပိုလီမြို့က မွတ်စလင်မ်ညီအကိုများအဖွဲ့ကို လွှမ်းမိုးထားပါတယ် ဒီနည်းအားဖြင့် လစ်ဗျားကနေမဟုတ်မဟပ်သက်သေခံထွက်ဆိုချက်တွေကို လုပ်ကြံပြောဆိုစေပြီး နိုင်ငံတကာပင်လယ်ပြင်ဥပဒေကို လိုသလိုဘာသာပြန်နေခဲ့ပါတယ် ဂရိတို့ရဲ့ ရေပြင်ပိုင်နက်ကိုခိုးဖို့လုပ်ထားတာပါပဲ (အဲ့ဒိပင်လယ်ပြင်နေရာမှာစွမ်းအင်ထုတ်ယူနိုင်တဲ့အလားအလာရှိနေပါတယ်)

အဖြေအနေနဲ့ကတော့ ဂရိတို့ရဲ့လေတပ်ဟာ ယူအေအီးဆီက စစ်လေယာဥ်တွေရဲ့အကူအပံ့နဲ့ စစ်ရေးလေ့ကျင့်နိုင်ခဲ့ပါတယ် မြေထဲပင်လယ်အရှေ့ပိုင်းမှာ ယူအေအီးရဲ့ ဆောင်ရွက်လိုက်မှုဟာ ဂရိတို့အတွက်အသက်ရှူချောင်စေခဲ့ပြီး အငြင်းပွားတဲ့နေရာမှာ ခိုင်မာမှုဖက်ကပြဆိုတဲ့ နိမိတ်ဖြစ်လာပါတယ်

ဂရိအစိုးရဟာ နေတိုးအဖွဲ့ဝင်အချင်းချင်းမှာ လက်နက်အင်အားပိုသာတဲ့ ပိုအားကြီးတဲ့ တူရကီကိုရင်ဆိုင်ရတာမှာ အခက်အခဲတွေရှိနေခဲ့ပါတယ် လွန်ခဲ့တဲ့တစ်နှစ်လောက်က တူရကီဟာ ဆိုက်ပရပ် ခရိ ကျွန်းအနီး တူရကီတောင်ပိုင်းမှာ ရှိတဲ့ ဂရိရဲ့ EEZ (သီးသန့်စီးပွားရေးဇုန်) ထဲကပင်လယ်ပြင်နေရာကိုသူတို့ပိုင်တယ်လို့ကြေညာခဲ့တယ် ဒါပေမယ့်တူရကီဟာ UNCLOS (UN Convention on the Law of the Sea) ကို လက်မှတ်ထိုးမထားတဲ့နိုင်ငံ ဖြစ်တယ် နိုင်ငံတကာပင်လယ်ပြင်ဥပဒေကိုလည်း လိုက်နာဖို့မလိုဘူး လို့ဆိုပါတယ်။

ဂရိတို့ရဲ့ ကန့်ကွက်နေတဲ့ကြားကကို တူရကီဟာ အချင်းများနေတဲ့ပင်လယ်ပြင်မှာ စစ်သင်္ဘောတွေအစောင့်လိုက်ပါတဲ့ သုတေသနသင်္ဘောတွေနဲ့ စွမ်းအင်တူးဖော် ရေးသုတေသနတွေ လုပ်နေပါတယ် ယူအေအီးနဲ့အစ္စရေးတို့ပိုမိုနီးကပ်သွားတာကြောင့်က တကြောင်း ဆော်ဒီအိန္ဒိယအမေရိကန်ဂျပန်တို့လိုနိုင်ငံကြီးတွေရဲ့ ပူးပေါင်းမှုနဲ့တရုပ်နဲ့တူရကီ တို့ကို ဆန့်ကျင်လာကြတာကတကြောင်း တို့ကြောင့် ကမ္ဘာကြီးဟာ ပုံစံပြောင်းလာပါတယ်။ တူရကီတို့ဟာ ကယောက်ကယက်ဖြစ် မခံချိမခံသာဖြစ်နေတုန်းမှာပဲ အစ္စရေးတို့ဟာ ဘာရိန်းနဲ့ငြိမ်းချမ်းရေးယူလိုက် ပြန်ပါပြီ အိုမန်နဲ့ အခြားနိုင်ငံတွေကလည်း အားကျနေပုံရပါတယ်

ထရမ့်ပွဲစားလုပ်ထားတဲ့ ငြိမ်းချမ်းရေးတွေဟာ တချို့သောနိုင်ငံတွေကို ရင်နာနေစေပါတယ်

pi lon

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page