အမေရိကန် ဗိုလ်ချုပ်ကြီးတွေဟာ စစ်တိုက်ဖို့ကလွဲပြီး ဘာမှ မလုပ်ချင်ဟု ထရမ့် ဝေဖန်
အမေရိကန် ဗိုလ်ချုပ်ကြီးတွေဟာ စစ်တိုက်ဖို့ကလွဲပြီး ဘာမှ မလုပ်ချင်ဟု ထရမ့် ဝေဖန်
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စစ်ဘက်ရဲ့ဦးဆောင်မှုအပိုင်းတွေနဲ့ပတ်သက်ပြီး၊ အခုလ(၇)ရက်နေ့က မကြုံစဖူး ဝေဖန်လိုက်ပါတယ်။
ပင်တဂွန် ထိပ်ပိုင်းခေါင်းဆောင်တွေဟာ စစ်တိုက်ဖို့ကလွဲပြီး ဘာမှလုပ်ချင်ကြပုံမပေါ်ဘူး၊ အဲဒီတော့ စစ်လက်နက်ပစ္စည်းတွေ ထုတ်တဲ့ ကုမ္ပဏီတွေက ပျော်တာပေါ့ဗျာလို့ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ထရမ့်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
သမ္မတထရမ့်ရဲ့ ဒီမှတ်ချက်ပြုပြောစကားဟာ သမ္မတနဲ့ ပင်တဂွန်ခေါင်းဆောင်ပိုင်းတွေအကြား ဆက်ဆံရေး ထိခိုက်လာနိုင်တယ်လို့ ကာကွယ်ရေးဆိုင်ရာ အရာရှိအချို့က ပြောပါတယ်။
ထရမ့်ရဲ့ ဒီမှတ်ချက်ပြုပြောစကားတွေဟာ စစ်ဘက်ခေါင်းဆောင်တွေရဲ့ အလုပ်ကို သိက္ခာချရုံသာမကဘူး၊ သူတို့တွေရဲ့ ဦးဆောင်မှုကိုလည်း ထိခိုက်စေပါတယ်လို့ အငြိမ်းစား အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး ဂျွန်ကာဘီ က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး၊ တစ်စုံတခု မှတ်ချက်ပြုပြောကြားပေးဖို့ ပင်တဂွန်ကို ဆက်သွယ်ခဲ့ရာမှတော့ ပြန်လည်ဖြေကြားပေးတာမရှိသေးဘူးလို့ သိရပါတယ်။