အမေရိကန် တနိုင်ငံလုံးကို နိုဝင်ဘာ ၁ ရက်နေ့တွင် ကိုဗစ် ကာကွယ်ဆေး ဖြန့်ဝေပေးမည်
အမေရိကန်သမ္မတထရမ့်က ကိုဗစ် ကာကွယ်ဆေးကို နိုဝင်ဘာလ ၁ ရက်နေ့အရောက် ပြည်နယ်တွေမှာဖြန့်ဝေဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲနေ့က နိုဝင်ဘာလ ၃ ရက်နေ့ပါ။ ထရမ့်ကတော့ လက်နက်ကုန်ထုတ်သုံးနေပြီဖြစ်ပါတယ်။
Dallas ပြည်နယ်က McKesson Corp က ပြည်နယ်အစိုးရနဲ့ သဘောတူညီချက်ပြုလုပ်ထားပြီး ကာကွယ်ဆေးဖြန့်ဝေရေးစင်တာတွေပြုလုပ်ဖို့ ပါမစ်တောင်းထားတယ်လို့ ဆိုပါတယ်။
အမေရိကန်ကူးစက်ရောဂါကာကွယ်ရေးဌာန CDC ရဲ့ ဒါရိုက်တာဖြစ်သူ Robert Redfield က CDC အနေနဲ့ ကာကွယ်ဆေး လျှင်မြန်ချောမွေ့စွာ ဖြန့်ိနိုင်ရေးအတွက် ပြည်နယ်အစိုးရတွေရဲ့ အကူအညီလိုအပ်တယ်လို့ ဩဂတ်စ်လ ၂၇ ရက်နေ့စာထဲမှာ ဆိုထားပါတယ်။
နိုဝင်ဘာ ၁ ရက်နေ့မှာ အဲ့ဒီကာကွယ်ဆေးဖြန့်ဝေရေးစင်တာတွေဟာ အပြည့်အဝအလုပ်လုပ်နေရမယ်လို့ သူကဆိုပါတယ်။ CDC အနေနဲ့ ကာကွယ်ဆေးတွေကို ဘယ်လိုဖြန့်ဝေရမလဲဆိုတာ အသေးစိတ်အစီအစဉ်ချပေးမယ်လို့ဆိုပါတယ်။
ကာကွယ်ဆေးရရှိတဲ့အမေရိကန်ပြည်သူတွေအနေနဲ့ ပထမအကြိမ်ထိုးပြီးရင် ရက်သတ္တပတ်အနည်းငယ်အကြာမှာ ဒုတိယအကြိမ် booster dose ထိုးဖို့ လိုကောင်းလိုလိမ့်မယ်လို့ဆိုပါတယ်။
အခုအချိန်မှာ အနောက်အုပ်စုဘက်က နောက်ဆုံးအဆင့် Phasec3 ရောက်နေတဲ့ ကာကွယ်ဆေး (၃) မျိုးရှိပါတယ်။ တကယ်တော့ကာကွယ်ဆေးကို စမ်းသပ်ရာမှာ တကယ့်ကာကွယ်ဆေးထိုးပေးထားတဲ့သူတွေရော၊ အသွင်တူအစွမ်းမဲ့ကာကွယ်ဆေး (placebo) ပေးထားသူတွေရောဆီက ရလဒ်အဖြေကို လူထောင်နဲ့ချီပြီး အသေအချာရလဒ်ကောင်းထွက်တဲ့အထိစောင့်ရမှာပါ။
အခုလိုတက်သုတ်ရိုက်ပြီး လူတွေမှာထိုးပေးလိုက်လို့ ဘေးထွက်ဆိုးကျိုးတွေရှိနိုင်ကြောင်း WHO ကရော ကာကွယ်ဆေးကျွမ်းကျင်သူတွေကပါ သတိပေးထားပါတယ်။
ဘာပဲဖြစ်ဖြစ် ကျနော်တို့က အကောင်းဘက်ကတွေးရင် ကံကောင်းပါတယ်။ ဒီလိုပဲ ရသေ့စိတ်ဖြေလုပ်ရတာပေါ့။ ရုရှားကလည်းကာကွယ်ဆေးရပြီပြောပြီး လူထောင်နဲ့ချီမှာစမ်းနေပြီ။ တရုတ်ကလည်း သူ့လူတွေမှာစထိုးပေးကာစမ်းသပ်နေပြီ။ အခု ထရမ့်ကလည်း ကာကွယ်ဆေးကို ဖြန့်ဖို့လုပ်နေပြီ။
သူတို့အခြေအနေကြည့်ပြီး ဘယ်ကာကွယ်ဆေးက တကယ်စွမ်းသလဲ ကျနော်တို့သိရတော့မှာပါ။ာအနောက်အုပ်စု ကာကွယ်ဆေး (၃) မျိုးထဲက Moderna ရဲ့ mRNA ကာကွယ်ဆေးဖြစ်ဖို့များပါတယ်။
Richard Myo Thant
3-September-2020
https://www.facebook.com/richard.myothant