အမေရိကန်သမ္မတ ထရမ့် ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ အဓိက အကြောင်းအရင်း
အမေရိကန်သမ္မတ ထရမ့် ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ အဓိက အကြောင်းအရင်း
အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ သူ့ဇနီးတို့ကတော့ ကိုဗစ် ကူးစက်ခံလိုက်ရပီဖြစ်ပါတယ်။ ထရမ့်၏ အနီးကပ်လက်ထောက် မစ္စဟုပ်ဟစ် ထံတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီးနောက် သမ္မတနှင့်ဇနီးအားထံတွင်လည်း စစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဒီဖြစ်စဉ်မှာ သင်ခန်းစာ ယူစရာတွေအများကြီးရှိပါတယ်။ လွန်ခဲ့တဲ့ ၇၂ နာရီအကြာက သမ္မတလောင်း ဒီဘိတ် မှာတောင် ထရန့်က ပြိုင်ဘက် ဘိုင်ဒန်ကို Mask တပ်လို့ဆိုပီး ခနဲ့ခဲ့ပါသေးတယ်။ အခုတော့ သူပိုးကူးစက်ခံနေရပါပီ။
ထရန့်ဟာ ကိုဗစ် ကို အများကြီး အလေးမထားခဲ့ပါဘူး။ ဇန်နဝါရီထဲက အမေရိကန်ထောက်လှမ်းရေးက သူ့ကို တင်ပြခဲ့သလို ဆေးပညာအထူးအဖွဲ့ကလဲ ဖေဖော်ဝါရီမှာ သူ့ကို လူသန်းချီကူးစက်နိုင်ကြောင်း တင်ပြခဲ့ပေမယ့် သူက ပြည်သူကို ထုတ်ဖော်မပြောခဲ့ပါဘူး။ အဲဒီအစား သူပြောခဲ့တာက ကိုဗစ် ဆိုတာက ကောလဟာလပါ။ တကယ်မဟုတ်ပါဘူးဆိုတာပါ။
မတ်လမှာလဲ Dr. Fauci က Lockdown လုပ်ဖို့ တောင်းဆိုတာကို မလုပ်ခဲ့ပဲ အချိန်ဆွဲခဲ့သလို ဧပြီလဆန်းမှာ ဒီရောဂါဟာ အပူချိန်မြင့်တက်လာရင် ပီးသွားမယ်လို့ ပြောခဲ့ပါတယ်။ ထို့အတူ Hydroxycholoquine သောက်ကြဖို့ ဆော်သြခဲ့ပီး သူကိုယ်တိုင်လဲ သောက်လို့ ရောဂါမကူးဘူးလို့ ရေးခဲ့ပါတယ်။ လိုက်သောက်ကြသူတွေ သေကုန်လို့ အမေရိကန်ဆေးပညာရှင်တွေက အဲဒီဆေးကို မသောက်ကြပါနဲ့လို့ အသိပေးခဲ့ရပါတယ်။
အဆိုးဆုံးကတော့ Mask မတပ်တာပါ။ အိမ်ဖြူတော်ရဲ့ West Wing မှာ ပိုးတွေ့သူရှိတဲ့ တခါပဲ Mask တပ်ခဲ့သလို အခြားအနေအထားမှာ ၂ခါပဲ တပ်ခဲ့ပါတယ်။ မဲဆွယ်ပွဲတွေမှာလဲ Mask မတပ်ခဲ့သလို Mask အမြဲတပ်တဲ့ ဒီမိုကရက်တစ်သမ္မတလောင်း ဘိုင်ဒင်ကိုလဲ သူက ခနဲ့လေ့ရှိပါတယ်။ သူ့ကို ထောက်ခံသူတွေကလဲ မတပ်ခဲ့ကြပါဘူး။ လူသောင်းချီတဲ့ မဲဆွယ်ပွဲတွေမှာ Mask မတပ်ပဲ သွားလာတာက ပြသနာရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Presidential Debate ကိုတောင် သူနဲ့ သူ့ဇနီးက Mask တပ်မလာခဲ့ပါဘူး။ အဲဒီနောက် သူ့ရဲ့ ထိပ်တန်းလက်ထောက်တဦးမှာ ကိုဗစ် ကူးစက်မှု စတင်တွေ့ရှိရပါတယ်။ အဲဒီအခါမှာ Q ဝင်တော့မယ်လို့ သူက အသိပေးခဲ့ပီးနောက် ၂ နာရီအကြာမှာပဲ သူကိုယ်တိုင် ကူးစက်ခံလိုက်ရပီလို့ ထပ်မံကြေညာလိုက်ရပါတယ်။
သိပ္ပံအချက်အလက်တွေကို မယုံကြည်တဲ့၊ ဒီရောဂါဟာ ကောလဟာလပါဆိုတဲ့၊ Mask တပ်ဖို့မလိုဘူးဆိုတဲ့၊ ခပ်ခွာခွာနေဖို့ မလိုဘူးဆိုတဲ့ ကမ္ဘာ့အင်အားအကြီးဆုံး အမေရိကန်သမ္မတပါ ကူးစက်ခံလိုက်ရပါပီ။ ဒီလောက် ကာကွယ်စောင့်ရှောက်ခံရသူတောင် ကူးတယ်ဆိုတော့ သာမန်လူတွေအတွက်တော့ ဆိုဖွယ်မရှိပါဘူး။ ကျနော်တို့တိုင်းပြည်မှာက ပညာရှင်တွေရဲ့ စကားကို ခေါင်းဆောင်တွေက လိုက်နာလို့ အများကြီးတော်ပါသေးတယ်။ ဘရာဇီးသမ္မတ၊ ဗြိတိန်ဝန်ကြီးချုပ်နဲ့ အိန္ဒိယ ဒုသမ္မတတို့ကိုလဲ ဒီရောဂါက တိုက်ခိုက်ပီးပါပီ။
ဒါကြောင့် မြန်မာပြည်သူတွေအနေနဲ့လဲ Mask ကို အပြင်ထွက်ရင် တပ်ဖြစ်အောင် တပ်ပါ။ အိမ်က စထွက်တာနဲ့ တပ်သွားပီး အိမ်ပြန်ရောက်မှ ဖြုတ်ပါ။ လက်ဆေးပါ။ Mask တပ်ရင် နှာခေါင်းနဲ့ ပါးစပ်ကို လုံခြုံစွာ ဖုံးအုပ်ထားရမှာပါ။ Mask ကို မေးစေ့မှာ မချိတ်ပါနဲ့။ မေးစေ့မှာ ချိတ်နေမှာထက် စာရင် လုံးဝမတပ်တာက ပိုတောင်သက်သာပါသေးတယ်။ မေးစေ့ချိတ်ထားတာနဲ့ မတပ်ထားတာက အတူတူပါပဲ။ ဒီပိုးက မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ်ကပဲ ဝင်လိ့ု ဒီနေရာ ၃ ခုကို လုံး၀ ဂရုစိုက် ကာကွယ်ပါ။
ဒီပိုးဟာ ဟိုးထိပ်တန်းကနေ အောက်ဆုံးအထိ၊ ဆင်းရဲ၊ ချမ်းသာ၊ လူမျိုး၊ ဘာသာ၊ နိုင်ငံသားမရွေး၊ ရာထူးမရွေးပဲ ကူးစက်နိုင်လို့ သတိပြုပါ။ ကာကွယ်ဆေးမရမချင်း New Normal နဲ့ပဲ ဆက်လက်လည်ပတ်ရမှာမို့ အရေးအပါဆုံးဖြစ်တဲ့ Mask ကိုတော့ တပ်ဖြစ်အောင် တပ်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ Mask မတပ်ခြင်းရဲ့ အန္တရာယ်ကို ကိုယ်တိုင်ကူးစက်ခံလိုက်ရခြင်းနဲ့အတူ သင်ခန်းစာရရှိသွားပီဖြစ်ပါတယ်။ ကျနော်တို့က သင်ခန်းစာယူကြပါစို့။
Nay Thway
(၁၉၄၆ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် မွေးဖွားခဲ့သော ထရမ့်သည် ယခုအခါ အသက် ၇၄ နှစ်ကျော်ပြီဖြစ်ပြီး၊ သူ၏ ဇနီးကမူ ၁၉၇၀ ခုနှစ် ဧပြီ ၂၆ ရက်က မွေးဖွားခဲ့ကာ ယခုအခါ အသက် ၅ဝကျော်ရှိပြီဖြစ်ကြောင်းသိရသည်။)