သမ္မတထရမ့် ကျန်းမာရေး အခြေအနေကောင်းပါက ယနေ့ ဆေးရုံက ဆင်းရမည်ဟုဆို

သမ္မတထရမ့် ကျန်းမာရေး အခြေအနေကောင်းပါက ယနေ့ ဆေးရုံက ဆင်းရမည်ဟုဆို

ကိုဗစ်-၁၉ ကူးစက်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဝေါ်တာရိဒ် စစ်ဆေးရုံကနေ တနင်္လာနေ့မှာ ဆင်းရနိုင်ပြီး ဆေးတော့ဆက်ကုရဦးမယ်လို့ သူ့ကိုကုသနေတဲ့ ဆရာဝန်အဖွဲ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

သမ္မတကို ဒက်စာမက်သဇုန်း ဆေးနဲ့ စမ်းသပ်ဆဲဆေးတမျိုး ရမ်ဒက်ဆီဗွားတို့နဲ့ ကုသနေပြီး ဘေးထွက်ဆိုးကျိုး ပေါ်မလာဘူးလို့ အဆုတ်အထူးကုဆရာဝန်ကြီး ဂယ်ရီဘော်ဒီက ပြောပါတယ်။

ဒီအတိုင်း အခြေအနေ ဆက်ကောင်းသွားရင် ထရမ့်ဟာ တနင်္လာမှာ ဆေးရုံကဆင်းပြီး ငါးရက်ကြာ လက်ရှိဆေးဝါးတွေကို ဆက်မှီဝဲရမယ်၊ လိုအပ်တဲ့ ကုသမှုတွေ ဆက်လက်ခံယူသွားရမယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

သမ္မတရဲ့ ရောဂါအခြေအနေကြောင့် ရွေးကောက်ပွဲအလားအလာ မရေမရာ ဖြစ်မှာကို အမေရိကန်ပြည်သူတွေက စိုးရိမ်တကြီး စောင့်ကြည့်နေကြပါတယ်။

သမ္မတကျန်းမာရေးဟာ နိုင်ငံရဲ့ လုံခြုံရေးအတွက်တင်မက အမေရိကန်ရဲ့ မိတ်ဆွေနိုင်ငံတွေအတွက်ရော၊ ရန်သူနိုင်ငံတွေအတွက်ပါ ထိပ်တန်းအရေးကြီးကိစ္စဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page