ကိုဗစ်အမြန်စစ် ကိရိယာ ကိုးသိန်း အစိုးရက ဝယ်ယူခဲ့၊ လက်ရှိတွင် ငါးသိန်းခန့် ကျန်နေသေး

ကိုဗစ်အမြန်စစ် ကိရိယာ ကိုးသိန်း အစိုးရက ဝယ်ယူခဲ့၊ လက်ရှိတွင် ငါးသိန်းခန့် ကျန်နေသေး

နာရီဝက်အတွင်း ကိုဗစ် ရောဂါ ရှိ၊ မရှိ စစ်ဆေးနိုင်သည့် Antigen Test Kit အခုရေကိုးသိန်း ဝယ်ယူထားပြီး ဝန်ကြီးဌာန၌ ငါးသိန်းခန့်ကျန် ရှိနေသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

နေ့စဉ် Antigen Test Kit အခုရေ တစ်သောင်းဝန်းကျင်သုံး စွဲသော်လည်း အရေအတွက်အ လုံအလောက်ကျန်ရှိကာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ အသိအမှတ်ပြု Antigen Test Kit မျိုးကွဲကို ထပ်မံဝယ်ယူနိုင် ရန်လည်း စီစဉ်နေသည်ဟု ၎င်း ကဆိုပါတယ်။

“ပြည်နယ်နဲ့ တိုင်းတွေကို အခုရေ လေးသိန်းကျော်လောက် ခွဲဝေချထားပေးလိုက်တယ်။ ဝန် ကြီးဌာနမှာ စုစုပေါင်း လေးသိန်း ကျော်၊ ငါးသိန်းခန့်ကျန်နေသေး တယ်”ဟု ဒေါက်တာသန်းနိုင်စိုး ကပြောပါတယ်။

ထို့အပြင် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များက မိမိအစီအစဉ် ဖြင့် Antigen Test Kit များဝယ်ယူနိုင်ရေးအတွက် လည်း စီစဉ်ပေးထားပြီး စစ်ဆေး မှုကို ပိုမိုတိုးချဲ့နိုင်ရန် ဆောင်ရွက် နေသည်ဟု ရှင်းပြပါတယ်။

ရန်ကုန်ရှိ ဗဟိုအဆင့်ဆေး ရုံကြီးများတွင် စက်တင်ဘာ နောက်ဆုံးပတ်က စတင်အသုံးပြု ခဲ့ပြီးနောက် တိုင်းနှင့်ပြည်နယ် ဆေးရုံကြီးများနှင့် အခြားဆေးရုံ များသို့ ခွဲစိတ်လူနာ၊ အရေးပေါ် ရောက်ရှိလာသည့်လူနာများနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ခွင်၌ရှိသူများကို အောက်တိုဘာ ဒုတိယပတ်၌ Antigen Test Kit များဖြင့် စစ်ဆေးခဲ့ပါတယ်။

သို့သော် အဆိုပါ Antigen Test Kit သည် အားသာချက်၊ အားနည်းချက်များရှိပြီး ရောဂါ ပိုးစတင်ဝင်ရောက်သူ၏ ရောဂါ လက္ခဏာမပေါ်မီ နှစ်ရက်နှင့်ပေါ် ပြီး ခြောက်ရက်အတွင်း စစ်ဆေး မှသာ အဖြေမှန်ရရှိသည်ဟု CO-VID-19 တားဆီးကာကွယ်၊ထိန်းချုပ်ရေးနည်းပညာပိုင်းဆိုင်ရာကူညီပံ့ပိုး အကြံပြုအားဖြည့် ဆောင်ရွက်ရေးအဖွဲ့ဝင် ခေတ္တ ညွှန်ကြားရေးမှူးချုပ် (အငြိမ်း စား) ဒေါက်တာသန်းဝင်းက ပြောပါတယ်။

“ရောဂါပိုးကူးစက်ခံရလင့် ကစား ဒီရက်အတွင်းစစ်တာ မဟုတ်ရင် Test မှာ Negative ပဲ ပြမှာဖြစ်တယ်။ ဆိုလိုတာက Negative ပြလိုက်ပြီး တခြား ဒေသတွေ ရောက်သွားပြီးတော့ ပိုးသယ်ဆောင်တဲ့သူတွေအဖြစ် လည်းရောက်သွားနိုင်တယ်။ ဒါ ကြောင့် ပြည်သူလူထုအနေနဲ့က တစ်ကိုယ်ရေလိုက်နာရမယ့်ညွှန် ကြားချက်တွေကို လိုက်နာဖို့လို အပ်တယ်’’ဟု ၎င်းက ရှင်းပြပါတယ်။

ထို့အတွက် ကိုဗစ်သံသယလူနာ၊ ရောဂါရှိသူနှင့် အနီးကပ်ထိတွေ့သူများကို မိနစ် ပိုင်းအတွင်း ပိုး ရှိ၊မရှိ အဖြေထွက် သည့် Antigen Test Kit ဖြင့် ပထမအကြိမ် စစ်ဆေးရာတွင် ရောဂါမရှိကြောင်း (Negative) ပြပါက နှစ်ကြိမ်တိုင်စစ်ဆေးရ မည်ဟု ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနက ယခုလအတွင်း ထုတ်ပြန်ထားပါတယ်။

Antigen Test Kit ဖြင့် စစ်ဆေးရာ Negative တွေ့ရှိမှုတွင် ကိုဗစ် ရောဂါလက္ခဏာရှိ သည်ဟု သံသယရှိပါက ယခင် ဓာတ်ခွဲစစ်ဆေးခဲ့သည့် RT-PCR ဖြင့် နှစ်ရက်အတွင်း စစ်ဆေးရ မည်ဟုဆိုသည်။ အလားတူ ရောဂါရှိသူနှင့် အနီးကပ်ဆက်စပ်ထိ တွေ့သူများဖြစ်ခဲ့လျှင် ဒုတိယအ ကြိမ် Antigen Test Kit ဖြင့် တစ်ရက်မှ နှစ်ရက်အတွင်း ဒုတိ ယအကြိမ် စစ်ဆေးသင့်သည်ဟု ညွှန်ကြားထားပါတယ်။

အဆိုပါ နှစ်ကြိမ်အတွင်း ရောဂါမရှိကြောင်း (Negative) ဖြစ်ပြီး ရောဂါလက္ခဏာမရှိသူ ဖြစ်လျှင် ကျန်းမာရေးပညာပေးရန်သာလိုအပ်ပြီး ရောဂါလက္ခ ဏာပေါ်လာသူများ၊ ဆက်ရှိသူ များနှင့်ရောဂါ လက္ခဏာပိုဆိုး လာသူများကို RT-PCR ဖြင့် ထပ်မံအတည်ပြုရမှာ ဖြစ်ပါတယ်။

Antigen Test Kit ဓာတ်ခွဲအဖြေတွင် ရောဂါရှိကြောင်း Positive အဖြေထွက်လာပါက အနံ့မရခြင်းလက္ခဏာတစ်မျိုးတည်း ရှိသောလူနာများ (သို့မဟုတ်) အခြား ကိုဗစ် လက္ခဏာ မရှိသည့်လူနာများကို သက်ဆိုင် ရာ တိုင်းနှင့်ပြည်နယ်၊ မြို့နယ် ကိုဗစ် ကာကွယ်၊ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစီအစဉ်ဖြင့် သက် ဆိုင်ရာ အနံ့မရလူနာများသီးခြား ထားရှိသည့်နေရာသို့ ပို့ဆောင်ရ မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page