လှိုင်သာယာ စက်မှုဇုန်က အထည်ချုပ်စက်ရုံတခုမှာ အလုပ်သမားတွေကို ကိုဗစ်စစ်ပေးနေတာတဲ့

လှိုင်သာယာ စက်မှုဇုန်က အထည်ချုပ်စက်ရုံတခုမှာ အလုပ်သမားတွေကို ကိုဗစ်စစ်ပေးနေတာတဲ့ (တာဝန်ရှိသူတွေ လုပ်ပေးကြပါဦီးဗျာ)

လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန်ရှိ စိုက်ဖုံအင်တာနေရှင်နယ်လ်ဂါးမင့်န် အထည် ချုပ်စက်ရုံမှာ ထောင်နဲ့ချီရှိတဲ့အလုပ်သမားတွေကို ဒီကနေ့ အောက်တိုဘာ ၁၃ ရက်နေ့ အလုပ်လာတက်ချိန်မှာ သွေးဖောက်စစ်တဲ့ test kitတွေကို အသုံးပြုပြီးစစ်ဆေးနေ တယ်လို့ အလုပ်သမားအချို့က ပြောပါတယ်။

“ဒီမနက် အလုပ်ရောက်မှ သွေးဖောက်စစ်မယ်ဆိုတာသိတာ။ တခါသုံးအပ်လေးတွေနဲ့ တယောက်ချင်း စီကို စက်ရုံက လိုင်းစာရေးမတွေ၊ HR စာရေးမတွေက သွေးဖောက်ပြီး ခွက်လေးတွေနဲ့ခံတယ်၊ အရည်တမျိုးရောလိုက်ပြီး စစ်ပေးတာ။ စစ်ပြီးလို့ ၂ ကြောင်း ၃ကြောင်းပေါ်တဲ့သူတွေကိုတော့ ပြန်လွှတ် လိုက်တယ်။ ပြန်လွှတ်လိုက်တာက အများကြီးပဲ။ လူက အများကြီးဆိုတော့ အခုထိ စစ်နေတုံး” လို့ အဆိုပါစက်ရုံက အလုပ်သမတစ်ဦးက နေ့လယ် ၁၁ နာရီခွဲဝန်းကျင်မှာ ပြောပါတယ်။

အခုလို စစ်ဆေးရာမှာ စစ်ဆေးသူတွေဟာ PPEလိုအကာအကွယ်ဝတ်စုံတွေ ဝတ်ဆင် မထားသလို mask နဲ့ လက်အိတ်သာဝတ်ဆင်ပြီး စစ်ဆေးပေးနေတာလို့လည်း အလုပ်သမားတွေက ပြောပါတယ်။ “ကျန်းမာရေးကလည်းမပါဘူးလို့ စက်ရုံကလှမ်းပြောလို့ သူ့အပိုင် အုပ်ချုပ်ရေးမှူး ကိုတော့ ပုံတွေလှမ်းပို့ပြီး အကြောင်းကြားထားတယ်။” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)က မသဉ္ဇာထက်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page