နေပြည်တော်သို့ အိမ်စီးကား ယာဥ်ငယ်များ ဝင်ထွက်ခွင့် စတင်ပိတ်၊ မဖြစ်မနေ ဝင်ချင်ပါက Q ဝင်ရမည်

နေပြည်တော်သို့ အိမ်စီးကား ယာဥ်ငယ်များ ဝင်ထွက်ခွင့် စတင်ပိတ်၊ မဖြစ်မနေ ဝင်ချင်ပါက Q ဝင်ရမည်

နေပြည်တော်အဝင် သာဝတ္တိစစ်ဆေးရေးဂိတ်တွင် အိမ်စီးကာ ယာဥ်ငယ် များ. အဝင်အထွက်ကို အောက်တို ဘာ ၂ ရက်နေ့မှစတင်ကာ ဝင်ခွင့်မပြုတော့ကြောင်းသိရပါတယ်။

အိမ်စီးကား၊ကားငယ်များမဖြစ်မနေ ဝင်ရောက်ရန် လိုအပ်ပါက သတ်မှတ်နေရာတွင် Quarantine ဝင်ရန်၊ ကုန်တင်ကားကြီးများဝင်ရောက်လိုပါက ယာဥ်မောင်းလဲလှယ် ၍ဝင်ရောက်ရန်။ ကုန်တင်ကားကြီးများ ဖြတ်သန်းသွားလာလိုပါက ဖြတ်သန်းခွင့်လက်မှတ်ဖြင့် ဖြတ်သန်းသွားလာကြရန် မေတ္တာရပ်ခံထားကြောင်း သိရပါတယ်။

“ကျွန်တော်တို့က ကုန်စိမ်းကားတွေ၊ အာလူး၊ ကြက်သွန်၊ ငြုတ် တွေသယ်လာတာပါ။ ကြိုတင်အသိပေးခြင်းမရှိလို့ အခု သာဝတ္တိဂိတ်မှ ာပိတ်မိနေပြီ။ ကုန်တွေ အရည်ထွက်လာပြီ။ ကျွန်တော်တို့ ၅၃ ယောက် ဆေးစစ်ခံဖို့ စောင့်နေတာ မနေ့ညထဲကပါ၊အခုစစ်မယ်၊ တော်ကြာစစ်မယ် ပြောပြီးစောင့်နေရတာ ၃ ရက်နေ့ နေ့လည် တစ်နာရီထိုးပါတော့မယ်။ အဓိကပြောချင်တာက ဘယ်နေ့မှာတော့ကုန်ကားတွေ သယ်ယူမှုရပ်မယ် ဆိုတာလေး ကြိုထုတ်ရင် ခုလိုပိတ်ဆို့မှု မဖြစ်ဖူးလေ။ ဒီနေ့မှထွက်ခွင့် မရရင်ကုန်တွေပုပ်ပြီ။ ကုန်သည်တွေ ဆုံးရှုံးနစ်နာတော့မယ် ကျွန်တော်ဆို ထားဝယ်ထိသွားရမှာ ခုလိုမပိတ်မိရင် ခုချိန်လောက်ဆို ထားဝယ်ရောက်ပါပြီ ” ဟု ယာဥ်မောင် ကိုဟန်ဝင်းဇော်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page