အကူသူနာပြုဆရာမလေး သေဆုံးမှုမှာ တာဝန်ယူမှု လစ်ဟင်းတဲ့ ဆေးရုံအကြောင်းကို ဖွင့်ချလိုက်ပြီ

အကူသူနာပြုဆရာမလေး သေဆုံးမှုမှာ တာဝန်ယူမှု လစ်ဟင်းတဲ့ ဆေးရုံအကြောင်းကို ဖွင့်ချလိုက်ပြီ

“အသက်တစ်ချောင်း (သို့) ထိုဆေးရုံ”

ဆေးရုံကို လော့ဒေါင်း ချတဲ့အချိန် သူမ မရှိဘူး” အဲလိုပြော လို့အဆင်ပြေ ပြီးသွား ရောလား? ကေတီဗီ ကို လော့ဒေါင်း ချရင်တောင် ဆက်စပ်ထိတွေ့မှုတွေ လိုက်နေကြတာ၊ အားလုံးအသိပဲ။ ခင်ဗျားတို့ဆေးရုံက ကျမ်းမာရေးအသိပညာပိုရှိတဲ့ နေရာတစ်ခုပါ။ လော့ဒေါင်း ချလိုက်တဲ့အချိန် ဂျူတီပြီးလို့ အဆောင်ပြန်နေသူတွေနဲ့ ပတ်သက်မူ မရှိဘူးလို့ အဘ ကိုဗစ်က ပြောထားပါသလား?

တစ်ရက်ဆင်း တစ်ရက်နား လုပ်နေရတဲ့ အချိန် (၉) ရက်နေ့ ည(၈) နာရီအထိ အလုပ်ဆင်းပြီး (၁၀) ရက်နေ့ အဆောင်မှာနားနေခဲ့တာ။ အချိန်ပိုင်းလုပ်သူအဖြစ် သတ်မှတ်ပေးပြီနေရအောင် အဲဒီမှာ အိပ်/စာပြီး ၂၄ နာရီ နေလို့ရတဲ့နေရာလား…? Permanent ဟုတ်မဟုတ်တော့ ဆေးရုံက စာရွက်တွေပြန်လှန်ကြည့်ပါ ။ ၁ – ၈ – ၂၀၁၇ အဲဒီဆေးရုံမှာပဲ သင်တန်းကြေး ၂၇၀၀၀၀ ပေးပြီး ၃ လ သင်တန်းတတ်ခဲ့တယ် အရည်အချင်းစစ်အောင်တော့ ၂ လက လေ့လာသူ၊ တစ်လအကူအဖြစ် အဲဒီနောက် အခြေခံလစာယူပြီး လုပ်နေခဲ့တာ မသေခင် ၈ ရက် အလိုအထိပဲ။

ဆေးရုံကို လော့ဒေါင်း ချပြီး အဆောင်ကိုတော့ ဆီမီးလော့ဒေါင်းလိုလိုဘာလိုလို့ နဲ့ အပြင်မထွက်နဲ့ အောက်မဆင်းနဲ့ဆိုတဲ့ “ပါးစပ် လော့ဒေါင်း” အောက်မှာ စိုးရိမ်စိတ်တွေနဲ့ မိဝေးဖဝေး သူတို့လေးတွေ စားရေးသောက်ရေး ဘယ်လိုဖြတ်သန်နေခဲ့ကြပါသလဲ….? ( သေဆုံးသူ နဲ ထိတွေ သူများကို လိုက်နေပါတယ်တဲ့။ Case နံပါတ် မရသေးလိုပြောတာကတမျိူး )အဲလောက် အကြီးကြီးတွေ ပတ်ပြီးစဉ်စားမနေပါနဲ ပင်ပန်းမှာ စိုးလို့ပါ။ ဆေးရုံ အနားက အဲဒီအဆောင်မှာ ၁၉ ယောက် ရှိနေရာက တစ်ယောက်ဆုံးသွားတော အခန်းမှာ ၁၈ ယောက်ကျန်ပါတယ်ခင်ဗျာ…။ အဲဒီ (၃) ထပ်တိုက် တစ်ခုလုံးဆို အယောက် (၄၀) ရှိနေတယ်။

ရှင်းပါတယ်နော် အဲလိုသတင်းတွေဖြစ်လာတော့ ကျန်နေတဲ့လုပ်ဖေါ်ကိုင်ဖက် အဆောင်နေသူသူတွေကို လုံခြုံစိတ်ချမူ ရှိအောင် ဘယ်လိုစီစဉ်ပေးခဲ့ပါသလဲ….? ( ဒီမနက်တော့((၂၀ – ၉ – ၂၀၂၀ ) အုန်းနို့ခေါက်ဆွဲ နဲ့ ထမင်းလာပို့တယ် ဆိုပဲ ဆေးရုံ က ) Swab လောက်ယူဖို့လောက်ပဲ စိတ်ကူးကြတယ်မဟုတ်လား ( ဆေးရုံကြီးက အဆောင်ကိုဖုံးဆက်ပြီး သတင်းရယူတာပါ။ ) 18 ရက်နေ့မှာ Swab ယူသွားပါတယ်။ ” မနက်ဖြန်အဖြေ အတွက် ကျမတို့ အထုပ်အပိုး အဆင်သင့်ပြင်ပြီး စောင့်နေကြပါတယ်တဲ့၊ ” အခုလို ရောဂါကပ်ဆိုးနဲ့ရင်ဆိုင်နေရတဲ့အချိန် အပြင်ဝန်ထမ်း / အတွင်းဝန်ထမ်းတွေ ခွဲခြားပြောဆိုနေတာ စိတ်မကောင်းပါဘူးဗျာ…။

ခင်ဗျားတို့ကို တရားစွဲ ဖို့ လျော်ကြေးတောင်း မယ်များ ထင်နေကြလား။ လုံဝ ဆန္ဒမရှိကြပါဘူး။ ဆုံး သွားတဲ့ အသက်လည်း ပြန်မှမရတော့တာ။ ဒီနေ့အချိန် ငွေကြေး တတ်နိုင်သူတွေ ပုံအောပြီး လှူနေကြတာ၊ သူတို့အမျိုးတွေ၊ သူတို့ ဝန်ထမ်းတွေ အတွက် မှ မဟုတ်တာ။ ကျမ်းမာရေး ပညာရှင်တွေ ဝန်ထမ်းတွေ၊ Volunteerတွေကကိုယ့်အသက်ကိုယ်မငဲ့ပဲ လုပ်နေကြတာရော….ဖြူဖြူမဲမဲအရောင်တွေခွဲပြီး သူလူ ကိုယ်လူရယ်ဆိုပြီး ရွေးလုပ်ပေးနေကြတာလည်း မဟုတ်ဘူးလေ။ ခ‌လေးမလေးကရွာကို ၂ ရက်နေပြန်ရောက်ပြီး ၆ ရက်နေ့ ရန်ကုန်ပြန်လာခဲ့တယ် ၁၀ ရက်နေ့ Lockdown ကျတယ်။ ၁၄ ရက် ညနေ မှာ အပြင်ထွက်‌ပြီးသူအဖေနဲ့ ဆေးရုံကြီးရောက်မှ Positive ဖြစ်တာသိရတယ်။

အဲဒီနောက် 18 – 9 – 2020 ( 10: 40 ) မှာ ဆုံးသွားတယ်။ Positive ဖြစ်တာသိတော့ ရွာက အုပ်ကြီနဲ့ ပရဟိအဖွဲ့က သူ့မိဘအိမ်နဲ့ သူသွားခဲ့တဲ့ အိမ်တွေ တစ်အိမ်တတ်တစ်အိမ်ဆင်း သတင်းလိုက်မေးထားတယ်၊အနံပျောက်တာ ဖျားနာတာရှိရင် ချက်ချင်းသတင်းပို့ဖို့ (ရက်ကိုတွက်ကြည့်ရင် အလွန်စိုးရိမ်စရာမရှိပေမယ့် အုပ်ကြီးတို့အဖွဲ့ရွာအတွက် လုပ်ပေးကြတယ်။ ဆေးရုံ Lockdown ဖြစ်တဲ့အချိန် အနီးနားက အဆောင်မှာ ခင်ဗျားတို့ဝန်းထမ်းတွေ ရှိနေတာ မသိဘူးလား..? ကိုယ့်ဆေးရုံဝန်ထမ်း‌တွေက လူနာတွေနဲ့ထိတွေ့ခဲ့ကြတာပဲလေ။ ‌‌ ဝန်ထမ်းတွေရဲ့ လိပ်စာ ဆက်သွယ်ရန်ဖုံး ခင်များတို့ဆီမှာ မရှိဘူးလား ? အဆင့်မြင့်ဆေးရုံ တစ်ခုဖြစ်ပေမယ့် ခင်ဗျာတို့ဦးနှောက်နဲ့ရင်ဘက်ထဲမှာ …. ရွာက အုပ်ကြီးတို့လောက်ကိုမှ စေတနာ အတွေးအခေါ် မရှိတာ သေချာပါတယ်။

သမီးနဲ့ အတူရှိခဲ့အဖေရဲ့ ရင်ထဲ ခံစားနေရတဲ့ အစိုင်အခဲတစ်ခုကို ကျေပျောက်သွားအောင် ချေပေးချင်လို့ ကျနော်ဒီအကြောင်းရေးတာပါ။ ကြီးမြတ်တဲ့ ခင်းဗျားတို့ဆေးရုံ ဂုဏ်သိက္ခာတွေညိုးနွမ်း သွားမှာစိုးလို့ ဆေးရုံနာမည် တပ်ပြီး ကျနော် မရေးဘူး။ ( လူမူကွန်ယက်မှာ တော့ ပလူပျံနေတာ‌ပဲလေ) နာမည်မတပ်ပေမယ့်သိလောက်‌ပါတယ်နော်။ သိပြီးတဲ့နောက်ရော ဆုံးပါးသွားတဲ့ ခလေးမရဲ့ ရွာက ကျန်ခဲ့တဲ့မိသားစု နဲ့ ဆေးရုံပေါ်က သူအဖေဆီ ဘယ်နှစ်ကြိမ်လောက်များအားပေးစကား ပြောမိကြလား..? ဆိုင်ရာ တာဝန်ခံကြီးတို့။

အခုတော့လာပြီးသဲသဲလှုပ်ပြမနေတော့နဲ့ မလိုတော့ဘူး။ ရွာ ကကျန်ရစ်တဲ့မိသားစုကို အုပ်ကြီးနဲ့ရွာသားတွေက အစစအရာရာ ဝိုင်းကူနေကြတယ်။ ဆေးရုံပေါ်က သူ့အဖေ( နောက်ထပ် အသက်တစ်ချောင်း မဆုံးရှုံးရအောင်) ကျနော်တို့ ( အဝေးရောက် မင်းတစုအဖွဲ ) ကနိုင်သလောက် လုပ်ပေးနေကြတယ်။ ဆေးရုံ ပေါ်ရောက်နေတဲ့ သူ့အဖလည်း အတွင်းလူ / အပြင်လူ မခွဲပဲ နေ ည မလပ် ကျွေးမွေး နေတဲ့အလှူရှင် သူဌေးတွေရဲ့ ထမင်းကိုစာပြီး….. အမျိုးမဟုတ်ပေမယ့် ဂရုစိုက်ကုပေးတဲ့ဆရာဝန်၊ကျမ်းမာရေးဝန်ထမ်းတွေ၊ Volunteer တွေရဲ့စောင့်မူကို ခံယူနေပြီး…..

မျက်စီရှေမှာ အသက်ပျောက်သွားတဲ့ သမီးအတွက်ဖြစ်ရတဲ့ စိတ်ဆင်းရဲမူ အပြင်မှာ ပြန့်လွင့်နေတဲ့ ခင်ဗျားတို့ရဲ့ တာဝန်မဲ့ ပြောဆိုမူတွေကြောင့် ထပ်ခံစားနေရတဲ့စိတ်တွေနဲ့ အခက်အခဲ များစွာကို ကျော်ဖြတ်နေပါတယ်။ ” ဆေးရုံပေါ်မှာ ” သေချာတာ ကတော အဲဒီဆေးရုံဟာ ခင်ဗျားတို့ဆေးရုံး မဟုတ်တာပဲ ။ ခလေးမလေးရေ…. မိဘတွေ အနားမရှိတဲ့အချိန်မှာ မိသားစု ညီအမ အရင်း တွေလို ကြင်ညာယုယ ပေးခဲ့တဲ့ မင်းရဲ့ လုပ်ဖေါ် ကိုင်ဘက် သူငယ်ချင်းတွေလိုးမျို စိတ်ရင်းကောင်းသူတွေနဲ့ နောင်ဘဝရှိခဲ့ရင် ပြန်ဆုံနိုင်ပါစေ။ ဒါပေမယ့် { အခုလို တာဝန်မဲ့တဲ့ အလုပ်ဌါန မျိုးမှာတော့ မဆုံမိကြပါစေနဲ့…..} ကောင်ရာ ဘုံဘဝ ရောက်ပါစေ …၊

ဆေးရုံ ပေါ်က ကိုအောင်ဇော်လင်း လည်း ခင်ဗျား ပြောချင်နေတဲ့ အကြောင်းအရာ ခင်ဗျာ ကိုယ်စား ရေးတဲ့ဒီစာ ဖတ်နိုင်ပြီး…. စိတ်သက်သာယာ ရနိုင်လို့ …ခွန်အားအပြည့်နဲ့ ဒီရောဂါဆိုး ဘေးမှ လွတ်မြောက်နိုင်ပါစေ။

ကျော်ဆန်းလှိုင် ( အဝေးရောက် မင်းတစု )

သမီး ဖြစ်သူ Positive သိရချိန် ဖခင် ဖြစ်သူမှတဆင့် ထိတွေခဲ့သည့် ဆက်စပ်မူ အချက်အလက်များ မေးမြန်းပြီး သက်ဆိုင်ရာကို သတင်းပိုထားပြီး ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page