ကျန်းမာရေးဝန်ထမ်းတဦးရဲ့ သစ္စာစကား (ပြောထားတာတွေက မှန်လွန်းပါတယ်)

ကျန်းမာရေးဝန်ထမ်းတို့ တာဝန်ကျေချင်ပါပြီ

ငါတို့သည် ဘယ်ပါတီ၊ ဘယ်အစိုးရအတွက်ဆိုပြီး လုပ်နေကြတာ မဟုတ်ပါ ငါတို့လူမျိုးအားလုံးအတွက် လုပ်နေကြတာပါ၊ ငါတို့ ကျန်းမာရေးဝန်ထမ်းတွေသည် ကိုယ်လုပ်ရမဲ့အလုပ်ကို လုပ်နေတာပါ၊ ကူးနိုင်မှန်းသိတယ်၊ ကံမကောင်းရင် သေနိုင်တယ်၊ သိတာပေါ့ ဘယ်လိုဖြစ်ပြီး သေနိုင်တယ်ဆိုတာ၊ ဒါပေမဲ့ ဒါကိုယ်ရွေးချယ်ခဲ့မှု့လေ၊ ငါတို့တခါမှ မညင်းခဲ့ဘူးပါ။

PPEနဲ့ လူနာခန်းဝင်နေသူဟာ ဘယ်လိုသူ့တာဝန် ငါ့တာဝန်ခွဲမလဲ၊ ကြုံသလို လုပ်ပေးရတယ်၊ ငါကမေ့ဆေးဆရာဝန်မို့ ဆရာမအလုပ်တွေ၊ အလုပ်သမားအလုပ်တွေ မလုပ်ပေးဘူးဆိုပြီး ထားခဲ့လို့မရဘူး၊ လူနာမှာလဲ ကူရာမဲ့၊ ငါတို့သည် လူသားမို့ဝမ်းနည်းတတ်တယ် ခံစားတတ်တယ်။

သူတို့နဲ့တွေ့ချိန်ဆို ရသလောက်လုပ်ပေးချင်တယ်၊ မိသားစုတွေ ပြန်ဆုံစေခြင်တယ်၊ ငါ့အဖေ ငါ့အမေ ငါမိသားစုဆိုရင် ဆိုတဲ့စိတ်နဲ့ ကိုယ်ချင်းစာမိတယ်၊ ရနိုင်ဦးမလားဆိုတဲ့စိတ်နဲ့ အစွမ်းကုန်ကြိုးစားျင်တယ်၊ ငါတို့စွမ်းသလောက် နဲ့ရနိုင်တဲ့ resourcesတွေနဲ့ပေါ့။

သူတို့ကို ကယ်ဘို့ကြိုးစား‌​နေပါတယ်၊ ကောင်းနေသူများကလဲ အစားစား ရေများများသောက်ပေးခြင်းဖြင့် ကိုယ်လက်လှုပ်ရှားပေးခြင်းဖြင့် ကိုယ်ခံအားတက်အောင် ကြိုးစားနေပေးကြပါ၊။ ဘာမှကုပေးတာ မလုပ်ဘူးလို့ မတွေးပါနဲ့ ဒါသည်လဲ ကုသမှု့မှာ ပါဝင်ပါတယ်။

ငါတို့ သေချာမသိသေးတဲ့ ရောဂါပိုးအသစ်ကြားမှာ ငါတို့ကြိုးစားလုပ်နေပါတယ်၊ ဘာမှမလုပ်ပေးဘူးလို့ မတွေးပါနဲ့၊ တကယ်လိုအပ်နေသူတွေကို နေ့မနားညမအားကူညီကုသနေပါတယ်။

ဒီပိုးအသစ်ကြောင့် ငါတို့လူမျိုး ကျရှုံးသွားပြီဆိုတာ လက်မခံခြင်ပါဘူး လူတိုင်းလူတိုင်း မိမိကိုယ်မိမိ ကာကွယ်ကြပါ၊ စည်းကမ်းလိုက်နာကြပါ၊ Maskတပ်ပါ,ခပ်ခွါခွါနေပါ၊ လိုအပ်မှအပြင်ထွက်ကြပါ၊

ဆင်းရဲတဲ့ တိုင်းပြည်လေးမှာ အားကိုးစရာက စည်းလုံးညီညွတ်မှု့၊ စည်းကမ်းလိုက်နာပေးမှု့ ဘဲရှိပါတယ်။

ငါတို့နိူင်သလောက်၊စွမ်းသလောက်လုပ်နေကြပါတယ်၊ ချမ်းသာပြီး အစစသာတဲ့ တိုးတက်တဲ့နိုင်ငံတွေတောင် ဘယ်လိုရင်ဆိုင်ကြရတယ်ဆိုတာ မျက်မြင်ပါ။ လူတိုင်းစည်းကမ်းလိုက်နာ ပူပေါင်းကြရင် အကျရှုံးနည်းပါလိ့မ်မယ်။ ကိုဗစ် ဆေးရုံ ၃ ခု ICU တွေမှာ ကြိုးစားနေကြဆဲပါ။ လုပ်နိုင်သလောက် စွမ်းသလောက် တာဝန်ကျေခြင်နေကြဆဲပါ။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page