ရွှေဆိုင်နားက သစ်ပင်နဲ့ ဓားဆိုင်နားက သစ်ပင်တို့ ဘာတွေ ကွာခြားသွားလဲ?
ရွှေဆိုင်နား နီးတဲ့ အပင်ကတော့ ရွှေချ ခံရပြီး…ဓားဆိုင်နားနီးတဲ့ အပင်ကတော့ ဓားခုတ်စမ်း ခံရတယ်…
ဘဝ မှာ ကိုယ်နေတဲ့ ပတ်ဝန်းကျင်က ကိုယ့်ကို အသုံးချခံရတာချင်း တူရင်တောင် အရောင်ထွက်တာချင်း၊ နစ်မွန်းတာချင်းတော့ ကွာတယ်..သစ်ပင်တွေက သူတို့ ဖြစ်တည်မှု အရ ရွေ့မရ ပေမယ့် သင်က လူသားပါ…..
အနစ်နာခံပြီး ဘဝ ပဲ့ ပါသွား ပေမယ့် ကိုယ်တိုင်လည်းဘဝပျက် ၊ အရောင်မထွက် ကျေးဇူးတရား ပါ အစော်ကား ခံရ တဲ့ ဖြစ်တည်မှု မျိုးကနေ ရုန်းထွက် နိုင်အောင် ကြိုးစားလိုက်ပါ… တန်ဖိုးထားပြီး ရွှေချထားမယ့် ပတ်ဝန်းကျင် တစ်ခု ဆီ ရောက်အောင်သွားလိုက်ပါ…
အနည်းဆုံး တော့ ကိုယ့်ဖြစ်တည်မှုကို ကိုယ်တိုင် ကျေနပ်တဲ့သူဖြစ်ပြီး ကိုယ့်ကိုအသုံးချစမ်းသပ်တဲ့ သူတွေရဲ့ ဓားချက်တွေ မခံရတော့ဘူးပေါ့…..
ရုန်းထွက်နိုင်အောင် ကြိုးစားပါ။ သူငယ်ချင်း..
ကျော်လွင်