ကိုဗစ် ကူးစက်ပုံနည်းလမ်းများ (သိသလိုလိုနဲ့ သေချာမသိသေးတဲ့ သူများအတွက်)

ကိုဗစ် ကူးစက်ပုံနည်းလမ်းများ (သိသလိုလိုနဲ့ သေချာမသိသေးတဲ့ သူများအတွက်)

၁။ ၆ ပေမကွာသော လူအချင်းချင်း
၂။ ချောင်းဆိုးရာ၊ နှာချေရာ၊ သီချင်းဆိုရာ၊ စကားပြောရာ၊ အသက်ပြင်းပြင်းရှူရာမှ ထွက်ပေါ်လာသော အမှုန်အမွှားတွေကို ရှူမိရာက ကူးတာက အဓိက ကူးစက်မှုနည်းလမ်းပဲ(ရှင်းပြီလား)

အလုံပိတ်ခန်းတွေ၊ လေဝင်လေထွက် မကောင်းတဲ့ အခန်းတွေမှာဆိုရင် ပိုးက လေထဲမှာ ခိုဝဲနေလို့ အလုံခန်းတွေ ဓာတ်လှေကားတွေ ကနေ ကူးတယ်..ကေတီဗီ လို ဟာမျိုး နေမှာပေါ့… (၆ ပေ မကလို့ ၆ ပေ အဘ လောက်ကွာလည်း ကူးနိုင်တယ်ဟူလို)

၃။ လက်ကနေ တံခါးတွေ၊ ကြမ်းပြင်တွေပေါ်က ပိုးကို လက်နဲ့ကိုင်မိပြီး ကောက်ဝါးမိရင်လည်း ကူးတော့ ကူးနိုင်တယ် ဆိုပေမဲ့ ရှားတယ်ဗျို့ (ဆေးဖြန်းလည်း ပိုက်ဆံကုန်ရုံပဲ)

အဲတော့ ဘာလုပ်ရမှာလဲ…စိတ်ရှူပ်ပြီဗျာ … ပြောပြပါတော့…

၁။ အခန်းတွေကို လေဝင်လေထွက်ကောင်းအောင် တံခါးတွေဖွင့်ကြပါ.. ၂။ အဆောက်အဦထဲဝင်ရင် mask တပ်ပါ။ mask တပ်ရင် ကူးရင်တောင်မှ အကောင်ရေနည်းလို့ ရောဂါပျော့မယ်လို့ ယူဆရတယ်.. ၃။ လက်ဆေးတာကိုလည်း သေသေချာချာ ဆက်ဆေးပါ ၄။ CDC ရယ်.. ဆွီဒင်ရယ်ကို ယုံကြည်ပါ… CDC ဆိုက်ကို ဝင်ပြီး မကြာမကြာ စာဖတ်ပါ.. ၅။ မြန်မာဖေ့စ်ဘွတ်ခ်လျှော့သုံးပါ။ အသက်တိုမည်.. သတင်းမှားတွေသာ ရမည်။

မှတ်ချက်။ ။ ဖေဖော်ဝါရီလောက်ကတည်းက ဆရာ Nyan Win Phyo က ဒီကောင် airborne ပါ mask တပ်ပါလို့ တဖွဖွ ပြောနေတာ အမှတ်ရမိသည်။

Phyo Wai Kyaw

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page