တောင်ကိုရီးယားမှာ ကိုဗစ် တတိယလှိုင်း စပြီ၊ ကူးစက်ခံရမှု စံချိန်တင် မြင့်တက်

တောင်ကိုရီးယားမှာ ကိုဗစ် တတိယလှိုင်း စပြီ၊ ကူးစက်ခံရမှု စံချိန်တင် မြင့်တက်

တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်မားလာတဲ့အတွက် တစ်ရက်အတွင်း ကူးစက်မှုနှုန်း စံချိန်တင်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးက ဒီကနေ့ ပြောပါတယ်။ ဒီကနေ့မှာ ကူးစက်မှုအသစ် ၁၀၇၈ ဦးရှိတဲ့အတွက် ကူးစက်သူစုစုပေါင်း ၄၅,၄၄၂ ဦး ရှိလာတယ်လို့ တောင်ကိုရီးယားရောဂါထိန်းချုပ်‌ရေးနဲ့ ရောဂါကာကွယ်တားဆီးရေးအေဂျင်စီက အတည်ပြုခဲ့ပါတယ်။

ကူးစက်မှု စတင်ဖြစ်ပွားချိန်ကစပြီး ၂ ရက်အတွင်း အများဆုံးအရေအတွက်အဖြစ် လူနာ ၂၅ ဦး သေဆုံးခဲ့ပြီးတဲ့နောက် စုစုပေါင်း သေဆုံးသူ ၆၁၂ ဦးရှိလာပါတယ်။ ဗိုင်းရပ်စ်ထိထားတဲ့ လူနာ ၁၁,၈၈၃ ထဲက လူနာ ၂၂၆ ဦးဟာ အသည်းအသန် ဒါမှမဟုတ် အရေးကြီးတဲ့ အခြေအနေမှာ ရှိနေတဲ့အတွက် ICU အခန်းတွေ၊ ဆေးဖက်ဆိုင်ရာ ပစ္စည်း မလုံလောက်မှုတွေအတွက် စိုးရိမ်လာနေရပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က စာရင်းအရ တောင်ကိုရီးယားမှာ ကူးစက်လူနာအသစ်ဟာ ၁၀၃၀ ဦး ရှိခဲ့လို့ အရေအတွက် ၁၀၀၀ ကျော်အထက်ကို ရောက်ရှိခဲ့တဲ့ပထမဆုံး ရက်ဖြစ်တာပါ။

ဒါကြောင့် လူအချင်းချင်း ခပ်ခွာခွာနေဖို့ ကန့်သတ်ချက်ကို အမြင့်ဆုံးအဆင့် (၃)ကို သတ်မှတ်ထားဖို့ တာဝန်ရှိသူတွေက ဆွေးနွေးခဲ့ကြတယ်လို့ ကျန်းမာရေးအရာရှိ ယွန်တဲဟိုးက ပြောပါတယ်။

အဲဒီ ကန့်သတ်ချက်တွေထဲမှာ လူ ၁၀ ဦး ထက် ပိုမစုဖို့၊ မရှိမဖြစ် စီးပွားရေးလုပ်ငန်းတွေကလွဲပြီး တခြား လုပ်ငန်းတွေကို ပိတ်ပစ်ဖို့နဲ့ ကုမ္ပဏီတွေက အလုပ်သမားတွေကို နေအိမ်မှာ အလုပ်လုပ်စေဖို့ ပါဝင်ပါတယ်။

ကူးစက်သူအသစ် ၁၀၀၀ ကျော်ထဲက ၇၇၀ ဟာ ဆိုးလ်မြို့တော်တဝိုက်ကဖြစ်ပါတယ်။ အခြား အဓိက စက်မှုမြို့ကြီးတွေဖြစ်တဲ့ ပူဆန်၊ တဲဂျုန်း၊ အူဆန်နဲ့ တဲဂူးတွေမှာလည်း ကူးစက်မှု ဖြစ်ပေါ်နေတယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page