ပိုးတွေ့နှုန်း ပြန်တက်လာတဲ့ အခြေအနေနဲ့ ကမ္ဘာကို ရိုက်ခတ်လာတဲ့ ကိုဗစ် တတိယလှိုင်း
ပိုးတွေ့နှုန်း ပြန်တက်လာတဲ့ အခြေအနေနဲ့ ကမ္ဘာကို ရိုက်ခတ်လာတဲ့ ကိုဗစ် တတိယလှိုင်း
ပိုးတွေ့နှုန်း ပြန်တက်လာတာက လူတွေ အပြင်ပြန်ထွက်လာကြလို့ပါ။ တန့်သွားတဲ့ကာလပီးလို့ ပြန်ထောင်တက်မလာအောင် အားလုံးက Mask တပ်။ လက်ဆေး။ ခပ်ခွာခွာနေကြဖို့ အလွန် အရေးကြီးပါတယ်။ ဝမ်းတထွာကြောင့် အပြင်ထွက်ရရင်လဲ ပိုးမကူးအောင် အထူးဂရုပြုကြပါ။
အမေရိကန်မှာ တနေ့ထဲ လူနာသစ် ၈၀၀၀၀ ကျော်နဲ့ စံချိန်တင်ခဲ့သလို စပိန်မှာလဲ တပြည်လုံးကို အမိန့်ထုတ်ပြန်ထားရသလို ပိုးကူးစက်သူက ၁ သန်းကျော်သွားပါပီ။ နိုဝင်ဘာထဲမှာ အမြင့်ဆုံးရောက်မယ်လို့ ခန့်မှန်းထားကြပီး သူတို့နိုင်ငံတွေမှာတော့ ဒါကို တတိယလှိုင်းလို့ ခေါ်ဝေါ်နေကြပါတယ်။
ကျနော်တို့ကတော့ အနောက်တံခါးက ပေါက်သွားလို့ ဒုတိယလှိုင်းကို ခံစားခဲ့ရတာဖြစ်ပီး ဒီလှိုင်းကို ထိန်းချုပ်ပီးရင် လူတွေလဲ စည်းကမ်းလိုက်နာကြရင် နောက်လှိုင်းတွေရဲ့ ရိုက်ခတ်မှု မရှိအောင် ထိန်းနိုင်ပါလိမ့်မယ်။ အခုတော့ စည်းကမ်းတွေ လိုက်နာပီး နေထိုင်ကြပါစို့။ (Nay Thway)
ယနေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးတဲ့သူ စုစုပေါင်း ၁၁၄၇ ယောက် ရှိသွားပါပြီ။
ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်စာရင်းမှာ သေဆုံးတဲ့သူ ၂၅ ယောက် တိုးလာတာဖြစ်ပြီးတော့ သေဆုံးတဲ့သူတွေထဲမှာ ၂၃ ယောက်ဟာရောဂါအခံရှိသူတွေ ဖြစ်ပါတယ်။ ဒီကနေ့ တစ်ရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာသစ် ၁၄၆၆ ယောက် တိုးလာတာပါ။
မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရတဲ့သူ စုစုပေါင်း ၄၇၆၆၆ ယောက် ရှိသွားပြီဖြစ်ပြီးတော့ ပြန်လည်သက်သာလာတဲ့သူက စုစုပေါင်း ၂၇၃၇၃ ယောက် ရှိပါပြီ။