အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကိုဗစ် ဒုတိယလှိုင်းနဲ့ မကြာခင် လာတော့မယ့် တတိယလှိုင်း

ကျွန်တော့်အမြင်ပြောရရင် ကိုဗစ် (second wave) ဒုတိယလှိုင်း မှာ ကျွန်တော်တို့ ရှုံးသွားခဲ့ပါပြီ။

လူနေထူထပ်တဲ့မြို့ကြီးတွေ ဆက်တိုက်တိုးဖြစ်လာပါပြီ.. လူသေနှုန်း တက်လာပါပြီ..

A symptomatic carrier တွေအတွေ့များနေတာ အရမ်းခံသာလို့ပါ.. တကယ်တန်း ကိုဗစ် က သူတိုက်ရမယ့် သူကိုတွေ့ရင် လုံးဝ မညှာပါဘူး.. ဆေးလိပ် အရက် ကွမ်း မသောက်တဲ့ ကျွန်တော့်အဆုတ်ကိုတောင် လေးရက်အတွင်း စုတ်ပျက်အောင် ဆော်နိုင်ပါတယ်..

နိုင်ငံတော်က Ramedsivir Plasma CS2 Mucopenum dexa တွေအကုန်အကျခံထိုး D Dimer LDh AST LFT HBA1c urea creatinine CRP investigation တွေတန်းစီစစ် ပေါင်း သိန်းဆယ်ချီ အကုန်ကျခံကုပေးခဲ့ရပါလိမ့်မယ်.. (ကတောင်ကပါ့မလား)

မမျှော်လင့်ခဲ့ပေမယ့် နိုင်ငံတော်ရဲ့စောင့်ရှောက်မှုကိုပြန်ရတာ ဝန်ထမ်းဘဝကို ဂုဏ်ယူပါတယ်.. ကျန်ကိုဗစ်လူနာတွေကိုရော နိုင်ငံတော်က အကုန်အကျခံကုပေးတာပါ အများကြီးကုန်ပါတယ်..

ကျွန်တော်ဆို YGH မှာနေစဉ် ရောဂါမကူးအောင် နေနိုင်ခဲ့တယ် မြဝတီအရောက်မှာ သတိလက်အလွတ် အချီကြီးကူးခဲ့တယ် ဆက်တိုက် ကိုယ်ခံအားကျနေချိန်လည်း ဖြစ်ပါလိမ့်မယ်..

လူနာတွေ အထူးသဖြင့် (asymptomatic) ရောဂါလက္ခဏာမပြသူတွေ အရမ်းများလာတာကလည်း ပိုပျံ့စေပါတယ် ရောဂါကြီးကြီးမရှိသူ သက်ငယ်သူတွေကလည်း ကိုယ်ခံအားကောင်းရင် သိပ်မခံစားရပဲ ပျောက်သွားတတ်ကြတာကိုး သက်ကြီးတွေရောဂါအခံ ရှိသူတွေကတော့ သေတတ်ပါတယ် ခံစားရပါတယ်..

မြို့ကြီးတွေမှာ သက်ကြီး ရောဂါရင့်တွေ စသေ နေကြပါပြီ အဖြစ်နည်းတဲ့ကလေးတွမှာလည်းစတွ့နေပါပြီ..

Third Wave တတိယလှိုင်းလို့ ဆိုရမလား နယ်တွေအားလုံးလဲပျံ့တော့မှာပါ.. ကျန်းမာရေးဝန်ထမ်းတွေရဲ့ မိသားစုတွေ အမေတွေ အဖေတွေ ယောက္ခမတွေ ကလေးတွေ ဦးကြီးဒေါ်လေး ညီမကိုယ်ဝန်ဆောင်တွေ ကူးကုန်ပါပြီ..

ဘယ်လောက်သတိထားထား ဝန်နှင့်အားမမျှရင် အားနည်းချက်ဆိုတာ ပေါ်ပေါက်လာတတ်ပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေ အိမ်တွင်းရော အလုပ်ခွင်မှာပါ ဗျာများရပါပြီ.. ပူပန်နေကြရပါပြီ..

ရွေးကောက်ပွဲ ဆန့်ကျင်ပွဲ ကထိန် လပြည့် ပံ့သကူ ရာပြည့် စတုဒီသာ လူစုလူဝေးတွေ အော်နေ ပျော်နေကြ ကူးကွ ဒါတောင်မလျော့ကြ ကမရ ဝန်ထမ်းခါးဆက်ပြတ်တော့မယ် အင်အားနည်းနေပါပြီ ဆေးရုံတွေ duty မနိုင်တော့ပါဘူး။ နီးသယောင်နဲ့ လှမ်းနေသေးတဲ့ ကာကွယ်ဆေးကိုမမျှော်ပါနဲ့ဦး..

မိဘပြည်သူလက်ထဲက ကံကြမ္မာကိုသာသေချာ ဆုတ်ကိုင်ထားစေလိုပါတယ်..

mask တပ်ပါ.. လူစုလူဝေးရှောင်ပါ.. မလိုအပြင်မထွက်ပါနဲ့.. ကိုယ့်မိသားစုကိုရော ကျန်မိသားစုတွေကိုပါ သနားပါ ကိုယ်ချင်းစာပါ.. ဥပဒေ ဆိုတာထက် ဆင်ခြင်တုံတရားကို ပိုအားထားကြစေလိုပါတယ်..

ဒေါက်တာနန္ဒဝင်း (ခေတ္တတောင်ဥက္ကလာ ကိုဗစ် ကုသရေးဆေးရုံ)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page