သင်္ဃန်းကျွန်းက လော့ဒေါင်း ချထားတဲ့တိုက်ကို သံကြိုးတွေနဲ့ အထပ်ထပ် သော့ခတ်ထားတဲ့ အဖြစ်

တကယ်ကို ရင်ထဲမကောင်းတာပါ ကျမဒီနေ့ သင်္ကန်းကျွန်း လော့ဒေါင်း ချခံထားရတဲ့တိုက်ကို Delivery စားစရာဖော့ဗူးတွေနဲ့ ၁၀ ဗူးကျော်လောက် သွားပို့ရပါတယ် အစကတွေးထားတာ သူတို့ဆင်းလာယူမယ် ကားထဲကနေ မဆင်းပဲ အထုပ်ပေးပြီး တန်းပြန်လာမယ်ပေါ့ နည်းနည်းတော့ ကြောက်ပေမယ့် ကိုယ့်အလုပ်ပဲမို့ သွားစရာရှိတာ သွားခဲ့ပါတယ်

တိုက်ရှေ့ရောက်တော့ ဖုန်းလှမ်းဆက်လိုက်တယ် ရောက်နေပီဆိုတဲ့အကြောင်းပေါ့ သမီးရေ ဆင်းလာပါပြီတဲ့ ဦးလေးကြီးအသံ ကားထဲက ထိုင်စောင့်နေချိန် တိုက်ကို ရှိုးလိုက်တော့ Police Line Do Not Cross ဆိုတဲ့ တိပ်အဝါတွေကပ်ထားတယ် တိုက်လှေခါးမှာလည်း သံကြိုးတုတ်တုတ်တွေနဲ့ တံခါးတွေသော့ခပ်ထားတယ် ၆ ထပ်တိုက်လားမသိ ခဏနေတော့ ဦးလေးကြီးတစ်ယောက် သော့ခပ်ထားတဲ့ သံပန်းတံခါးနောက်မှာ ကျမကို ဖုန်းဆက်မလို့လုပ်တုန်း မထူးပါဘူးဆိုပီး ကျမှပဲ စားစရာဗူးတွေကိုင်ပြီး ပြေးသွားပေးလိုက်တယ်

ဦးလေး သော့ခပ်ထားတယ်နော် အေး ဟုတ်တယ် သမီး ရပ်ကွက်က ခပ်သွားတာ ဟင် ဒါဆို ဒီဗူးတွေ ဘယ်လိုပေးရပါမလဲ ဆိုပီး ကျမလည်း ထည့်ပေးလို့ရမယ့် သံပန်းထဲက အပေါက်လွတ်တွေကို ရှာပေမယ့် ဗူးတွေကကြီးပီး အပေါက်လေးတွေက သေးနေလို့ အထဲထည့်ပေးလို့ အဆင်မပြေ ဒါနဲ့ပဲ ဦးလေး ဖော့ဗူးတွေဆိုတော့ တစ်ဗူးချင်းထုတ်ပေးရင် ရနိုင်တယ် ဒေါင်လိုက်စောင်းပေးရင် ရနိုင်တယ် လို့ဆိုတော့

သမီးရယ် နင့်လည်း အားနာပါတယ် အဲ့လှေကားခြေရင်းမှာသာ ချထားလိုက်ပါ ဦးလေးဘာသာ ဦးလေးပဲ ထုတ်ယူလိုက်ပါ့မယ် သွားစရာရှိတာ ဆက်သွားပါတဲ့ အဆင်ပြေပါ့မလား ရပါ့မလား ဆိုတော့ ရပါတယ် သွားပါ တဲ့ ကျမလည်း နောက်ထပ်ပို့စရာတွေရှိတာနဲ့ သူပြောတဲ့အတိုင်း စားစရာဗူးလေးတွေကို လှေကားနဲ့ သံပန်းတံခါးက ခြေရင်းမှာပဲ ချထားခဲ့လိုက်တယ် အချိန်ရရင် ကျမ တစ်ဗူးချင်းထုတ်ပီး ကူညီပေးလိုက်ပါတယ်။

ကျမလည်း ကားပေါ်ရောက်ပီး လှမ်းကြည့်နေချိန် သူ့ခင်ဗျာ ငုတ်တုတ်လေးထိုင်ကာ အပြင်က စားစရာဗူးလေးတွေကို တစ်ဗူးချင်း ခဲရာခဲဆစ်နဲ့ အပြင်ကနေ အတွင်းကို ထုတ်ယူနေရပါတယ် တစ်လမ်းလုံး ကျမမျည်ရည်တွေ ဝဲလာတယ် အဲ့လိုပုံစံ မကြည့်ရက်ပါ ရင်ထဲမှာ ခုထိနေလို့မကောင်းပါ ကြောက်စိတ်အနည်းငယ်ရှိပေမယ့် လူသားချင်းစာနာပီး အယဥ်ကျေးဆုံး ပြောဆိုဆက်ဆံခဲ့ပေမယ့် အားပေးတဲ့အနေနဲ့ ကျမလုံးဝမကြောက်ကြောင်း လူလူချင်း မခွဲခြားကြောင်းကိုပြကာ စားစရာတွေကို ကိုယ်တိုင် အိတ်ဖြေကာ သူ့ကိုမပေးခဲ့မိ မကူညီပေးနိုင်ခဲ့တာကို တစ်လမ်းလုံး နောင်တရနေခဲ့ပါတယ်

Stay At Home နေရတဲ့ စောင့်ကြည့်အဖြစ် ထားခံရရင်တောင် တကယ်တော့ အဲ့လိုတိုက်တွေ သော့ခတ်ပိတ်ထားတာ လုံးဝမဖြစ်သင့်ဘူးလို့ ထင်မိပါတယ် အရေးရယ် အကြောင်းရယ်ဆို ဘယ်လိုထွက်မလဲ ပီးတော့ လူနာတွေပဲ ဖြစ်ပစေ မကောင်းမူ့ ဒုစရိုက်တွေလုပ်နေတဲ့ သူတွေလည်း မဟုတ်ကြပါဘူး ချက်ချင်းကို စိတ်ဓါတ်တွေကို ပိုအားငယ်သွားအောင် လုပ်ထားသလိုပါပဲ။

ဒီနေ့ ရလိုက်တဲ့ သင်ခန်းစာက ဘယ်လိုလူပဲဖြစ်ဖြစ် လူသားချင်းစာနာ ရိုင်းပင်းမှု့ရှိသင့်သလို ဘယ်သူ့ကိုမဆို ကြောက်နေသော်လည်း ဥပေက္ခာမပြုပဲ အားပေးခြင်း ဖော်ရွေဆက်ဆံခြင်းများ ပြုလုပ်သင့်တယ်ဆိုတာ သူတို့ခင်ဗျာ အားငယ်နေရှာမှာပဲဆိုတဲ့ အတွေးနဲ့ သူတို့နေရာက ကြည့်ခဲ့ပြီး ကိုယ်ချင်းစာခဲ့မိပါတော့တယ်။

Su Wati

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page