အင်းစိန်မြို့နယ် ဓမ္မဝါဒီသီလရှင် စာသင်တိုက်မှ ဆရာလေး ၃၆ ပါး ကိုဗစ်ရောဂါ ကူးစက်ခံရ
အင်းစိန်မြို့နယ် ဓမ္မဝါဒီသီလရှင် စာသင်တိုက်မှ ဆရာလေး ၃၆ ပါး ကိုဗစ်ရောဂါ ကူးစက်ခံရ
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့သစ်၊ ဓမ္မဝါဒီသီလရှင် စာသင်တိုက်မှ ဆရာလေး ၃၆ ပါး ကိုဗစ် ရောဂါပိုးကူးစက်ခံရကြောင်း အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။
ယင်းကျောင်းတိုက်မှ စက်တင်လ၂၈ ရက်တွင် ဆရာလေး ၆ ပါး ရောဂါပိုးတွေ့ရှိခဲ့ပြီး အောက်တိုဘာလ ၁ ရက်တွင် ဆရာလေးအပါး ၃ဝတွင် ထပ်မံ၍ တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရပါတယ်။
“စက်တင်ဘာလ ၂၈ရက်နေ့ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တဲ့ ၁၂ ဦးမှာ ဓမ္မဝါဒီသီလရှင် စာသင်တိုက်က ၆ပါး၊ ၃ဝရက်နေ့ညက ဆရာလေးအပါး ၃၀ မှာ ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်တယ်” ဦးဝေဖြိုးဟန်က ပြောပါတယ်။
ယင်းဓမ္မဝါဒီသီလရှင်စာသင်တိုက်တွင် သီလရှင်ဆရာလေး ၇၈ ပါးရှိပြီး ရောဂါပိုးတွေ့ ရှိထားသော သီလရှင် ဆရာလေး ၃၆ပါးအား မှော်ဘီမြို့နယ်ရှိ ကိုဗစ်ရောဂါ ကာကွယ်၊ ကုသရေးစင်တာသို့ ပို့ထားကြောင်း သိရပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန၏ အောက်တိုဘာလ ၁ ရက် သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ ကိုဗစ်ရောဂါအတည်ပြုလူနာ ၁၄၃၈၃ ဦးရှိသည့်အနက် ၄၁၅၆ ဦးမှာ ဆေးရုံက ဆင်းခွင့်ရရှိပြီး သေဆုံးသူ လူနာ ၃၂၁ ဦးရှိပြီဖြစ်ကြောင်း သိရပါတယ်။