သီဟိုဠ်ကျွန်း (သို့) သီရိလင်္ကာနိုင်ငံသို့ ဘုရားဖူးသွားရာတွင် သိထားသင့်တဲ့ အချက်များ
သီဟိုဠ်ကျွန်း (သို့) သီရိလင်္ကာနိုင်ငံသို့ ဘုရားဖူးသွားရာတွင် သိထားသင့်တဲ့ အချက်များ
သီဟိုဠ်ကို ဘုရားဖူးသွားလျှင် မြန်မာနှင့် မတူသော အယူအဆလေးများ သိထားဖို့ လိုသေးသည် မြန်မာသည် ဘုရားစေတီများသို့ ရောက်လျှင် ရောက်ရှိကြောင်း သူငယ်ချင်းအပေါင်း သိစေလို၍ ဘုရားစေတီပုံ ကို နောက်ခံထား နောက်ကျောများ ပေးထားပြီး ဓါတ်ပုံ ရိုက်ကြသည်။
ထိုင်း , လာအို , ကမ္ဗောဒီးယား များတွင် ရုပ်ပွားတော် ခြေရင်း ဒူးထောက်၍ လက်အုပ်ချီကာ အမှတ်တရရိုက်ကြသည် ပြီးလျှင် လူသူ ရှင်းရာ စောင်းတန် အာရုံခံအထိ မတ်တက်မသွားရဘဲ ထောက်ထားသောဒူးဖြင့်ပင် တွားသွားပြီးမှ ထ ရသည်
သီဟိုဠ်သည်ကား အခြားထေရ်ရဝါဒနိုင်ငံများနှင့် ဆန့်ကျင် ဘုရားရင်ပြင်ထက် စေတီကို ကျောပေး ဓါတ်ပုံ ရိုက်တာမကြိုက် ရိုက်လျှင် အနီးနေ သီဟိုဠ်သား ဘုရားဖူးများက လာရောက်ဆူပူ ပြဿနာ ရှာတတ်သည် ဘုရားတက်လျှင် သီလအရောင်ဟု သူတို့အစွဲပြုထားသော ဝတ်စုံဖြူ ပါမှ သူတို့သဘောကျ ကြသည် မြန်မာမှာကဲ့သို့ ဘုရားစေတီကို ဟန်ရေးပြ ဆယ်လ်ဖီ ပုံ ဆွဲကြသည့် လူငယ်များမရှိ။
စေတီရင်ပြင်အနား သဲဖြူများ ခင်းထားသည်မှ အပ အဝေးက ဖူးဖူး အနီးက ဖူးဖူး စေတီကိုပဲ ဦးခိုက်ကြည်ညိုနိုင်အောင်လို့ စေတီမှ အပ အခြားအဆောက်အဦများ ဆောက်ခွင့်မရ ဘုရားဖူးလာ လင်္ကာသူ လင်္ကာသားများအတွက် နားခိုစရာ တဲနန်းရှားသည် သဘာဝမြက်ခင်းပြင် သစ်ပင်များအောက်မှာ ဖျာခင်း၍ အိပ်ကြသည် အစားအသောက်အတွက် စတုဒီသာကျွေးရာမှာ တန်းစီကြသည် လုစားသူမရှိ အချိန်ဘယ်လောက်ကြာကြာ စိတ်ရှည်စွာ တန်းစီကြသည်
အမှိုက်ကို တွေ့ရာမချ အမှိုက်ပုံးများမှာ သာ ထည့်ကြသည် အလေးအပေါ့အတွက် ရွေ့လျားအိမ်သာ ယာယီများထားသည် ငွေမပေးရ အခမဲ့ တက်ခွင့်ရသည် သုံးရေ /သောက်ရေ ရေပိုက်များ ထားသည် အခမဲ့ ဖြစ်သည် တစ်မြို့လုံးရှိ လမ်းများမှာ ဓမ္မတေးသံ တစ်သံတည်းဖွင့်ထားသည် တစ်မြို့လုံးအတွက် ဟွန်းတို ကလေးများချိတ်ဖို့ ဓါတ်တိုင်ပမာအကွာမှာ ချိတ်ထားလေသည် တစ်စက် သီချင်းတစ်မျိုးစီမဖွင့် တစ်မျိုးတည်း အသံဖြင့် စိမ်းစိုသောသစ်ပင်များအကြား လွမ်းဖွယ် ဖြစ်တော့သည်
ထူးခြားသည်က မျောက် ,ဒေါင်း,ရှဥ့်, ဇောတိက စသော တိရစ္ဆာန်များ လူတို့ထံ လာသော်ငြား ခြောက်သူ ,လှန့်သူ , သတ်သူ ရှားသည် ပစ္စည်းလုယူပြေးသော မျောက်လည်း မရှိ လူ့အလုပ် လူလုပ် တိရစ္ဆာန်အလုပ် တိရစ္ဆာန်လုပ်ကြသည်မှာ အေးအေးဆေးဆေးသာ လင်္ကာသားတို့ ဘုရားပွဲကို ပုဂံ ,အညာ ပွဲလိုမျိုးနှင့် ကြုံလိုလျှင် ကဆုန် ,နယုန်လပြည့် များနှင့်ကြုံအောင်သွား လင်္ကာရသ အပြည့်အဝရမည်
မြတ်ဗုဒ္ဓ စွယ်တော် လှည့်ပွဲကား တစ်ကမ္ဘာလုံး လာရောက်ကြသဖြင့် တောင်ပေါ်မြို့ဆန်သောပွဲ မျိုးဖြစ်သည် မြန်မာပြည်ရှိ ပေါင်းတည်က မြတ်စွယ်တော် ပုဂံ က စွယ်တော်လေးဆူ ကျောက်ဆည်က ရွှေသာလျောင်း တို့သည် သီဟိုဠ်က မြတ်စွယ်တော် များနှင့် ဆက်စပ်သည်။ သီဟိုဠျကို ဘုရားဖူးအဖွဲ့ နှင့် သွားလိုက သွားမည့်ခရီးစဥ်အပေါ် ကျသင့်ငွေရှိသည် မိသားစုသဘော ကိုယ့်အစီအစဥ်ဖြင့် သွားလိုက ကိုလံဘိုမြို့အနီး မကုဋာရာမ ဟူသော မြန်မာကျောင်းတိုက် ဖေ့စ်ဘုတ်စာမျက်နှာမှ မြန်မာသံဃာတော် အရှင်သူမြတ်များကို အရင်လျောက်ထား ဆက်သွယ်စုံစမ်း၍ လည်ပါတ်နိုင်သည်။
စူဒတ်, နာလ်မား စသော လင်္ကာသား ကားဆရာများက မြန်မာသံဃာများနှင့် ရင်းနှီးပြီးဖြစ်၍ မိသားစုဆန့်သောကားလေးများဖြင့် စိတ်ချ လက်ချ ပို့သ ပေးပေလိမ့်မည် သူတို့ငှားလျှင် လင်္ကာလူမျိုးကို တိုးဂိုက် ခေါ်ဖို့မလို သဘောလည်းကောင်းကြသည် စိတ်လည်းရှည်သည် အသောက်အစားမရှိ ဆူဒတ်က မြန်မာစကား နည်းနည်းပါးပါးရသည် နာလ်မားက အင်္ဂလိပ်စကား ကျွမ်းသည်။
သီဟိုဠ်သည် အိန္ဒိယက ဗုဒ္ဓဂါယာလို မဟုတ် တောင်းရမ်းသူ မရှိ ခိုး လု နှိုက် တွေ့ခဲသည် လမ်းများ သန့်ရှင်းသည် သပ်ရပ်သည် သီဟိုဠ်ကိုလည်လိုလျှင် မြန်မာငွေအားဖြင် လေယာဥ်ခ နှစ်ဆင့်စီးရ၍ ကုန်ကျစရိတ်ကြီးသည်မှ အပ သီဟိုဠ်မြေမှာ ငါးယောက် /ခြောက်ယောက်အဖွဲ့လည်က တစ်ယောက် ငါးသိန်း ခြောက်သိန်း သုံးက လုံလောက်လှသည်။
သည်ထက် သက်သာလိုက စတုဒီသာဝင်တိုး သီဟိုဠ်သူတို့ လို မြက်ခင်းမျိုးမှာ အိပ်လေက စရိတ် စက ပို၍ သက်သာမည် ထင်ပလေ။
Aung Tun Win