အနီးကပ် သက်တော်စောင့်တဦး ကိုဗစ်ကူးစက်ခံရ၍ တိုးတိုးတိတ်တိတ် ဆေးရုံတက်လိုက်ရတဲ့ ထိုင်းဘုရင်ကြီး

အနီးကပ် သက်တော်စောင့်တဦး ကိုဗစ်ကူးစက်ခံရ၍ တိုးတိုးတိတ်တိတ် ဆေးရုံတက်လိုက်ရတဲ့ ထိုင်းဘုရင်ကြီး

ထိုင်းဘုရင်ကြီးမဟာဝိဇယာလောင်ကွန်းဟာ သူ့ရဲ့သက်တော်စောင့်တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ သိရှိခဲ့ရပြီးနောက် မနက် ၂နာရီအချိန်မှာပဲ ဆေးရုံကို အလျင်အမြန်သွားရောက်ခဲ့ရတယ်လို့ သိရပါတယ်။ သက်တော် ၆၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ လောင်ကွန်းဟာ ဘန်ကောက်ဆေးရုံမှာ ဗုဒ္ဓဟူးနေ့မနက်ပိုင်းက ဆေးစစ်မှုတွေပြုလုပ်ခဲ့ကာ ကုသမှုခံယူခဲ့တယ်လို့ သိရပါတယ်။

ဂျာမနီသတင်းစာ Bild ရဲ့ ဖော်ပြချက်အရဆိုရင် ဗိုင်းရပ်စ်ကာလအတွင်း ဂျာမနီနိုင်ငံက ဇိမ်ခံဟိုတယ်တစ်ခုမှာ ပျော်ပါးနေထိုင်ခဲ့ပြီး ထိုင်းနိုင်ငံကို ပြန်ရောက်လာခဲ့ပြီးနောက် သူ့ရဲ့သက်တော်စောင့် အခုလိုမျိုး ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာလို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘုရင်ဆေးရုံတက်နေရတယ်ဆိုတဲ့ သတင်းကိုထိန်ချန်ထားပြီး ဆေးရုံဝန်ထမ်းတွေကိုလည်း သတင်းမပေါက်ကြားဖို့အတွက် သတိပေးထားကြောင်း ဆိုပါတယ်။

သက်တော်စောင့်မှာ ဗိုင်းရပ်စ်ကူးစက်ခဲ့ပေမယ့်လည်း ဘုရင်ကြီးရဲ့ အနီးအနားမှာရှိသူတွေဟာ ကွာရန်တင်ဝင်ခြင်းမရှိဘူးလို့လည်း သတင်းတွေက အခိုင်အမာဖော်ပြခဲ့ကြပါတယ်။ ဘုရင်ကြီးနဲ့ အနီးကပ်ဆုံးရှိနေခဲ့သူတွေထဲမှာတော့ ဘုရင်မ ဆုသိဒါ ၊ မိဖုရား၊ အမွေဆက်ခံမယ့် အသက် ၁၅ နှစ်အရွယ် မင်းသား Dipangkorn တို့လည်း ရှိနေခဲ့တယ်လို့ သိရပါတယ်။

ဝေဖန်မှုတွေ၊ ပြစ်တင်မှုတွေနဲ့ ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေကို ခံနေရတဲ့ ဘုရင်ကြီးဟာ ဂျာမနီမှာ နေထိုင်ခဲ့စဉ်အတွင်း သူ့ကိုလက်သင့်ခံခြင်းမရှိတော့အောင်ကို ဆိုးရွားစွာနေထိုင်ခဲ့သူဖြစ်ပြီး တိုင်းပြည်ကိုပြန်အရောက်လည်း အကြီးအကျယ်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။ ဒီလိုမျိုးစိတ်ပျက်စရာတွေကို ရင်ဆိုင်ရချိန်မှာပဲ ဗိုင်းရပ်စ်ကြောင့် စိုးရိမ်စရာအနေအထားကို ထပ်မံကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ထိုင်းမှာ ဘုရင်စနစ်ဖျက်သိမ်းဖို့နဲ့ အာဏာကိုအသုံးပြုကာ ချယ်လှယ်နေမှုတွေကို ပြည်သူတွေက စိတ်ပျက်နေကြပြီဖြစ်ပါတယ်။ ထိုင်းတော်ဝင်မျိုးနွယ်တွေအပေါ် ဝေဖန်မှုဟာ ကြီးမားတဲ့ပြစ်ဒဏ်ကို ကျခံစေရမှာဖြစ်ပေမယ့်လည်း ဆန္ဒပြသူတွေကတော့ ဂရုစိုက်ခြင်းအလျဉ်းမရှိဘဲနဲ့ လမ်းမထွက်ဆန္ဒပြနေခဲ့ကြပြီး ထိုင်းပြည်သူတွေရဲ့ ချစ်ခင်နှစ်သက်မှုကို မဟာဝိဇယလောင်ကွန်က ဆုံးရှုံးနေခဲ့ပြီလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page