ဒီလိုအချိန်မှာ ဝမ်းရေးအတွက် စျေးရောင်းနေရတဲ့ သက်ကြီးရွယ်အိုတွေကို အားပေးကြပါ
ဒီလိုအချိန်မှာ ဝမ်းရေးအတွက် စျေးရောင်းနေရတဲ့ သက်ကြီးရွယ်အိုတွေကို အားပေးကြပါ
ဦးထွန်းလင်းခြံလမ်းနားမှာ တောကြက်ဥလေးတွေ နွားနို့လေးတွေ ရောင်းတဲ့အဘကို မြင်ရင် အရမ်းစိတ်မကောင်းဖြစ်တယ်။ သူရောင်းတာ ကြက်ဥလား ဘဲဥလားမသိဘဲနဲ့ ကိုဝယ်ဘူးတယ်။ (အမေကတော့ အိမ်မွေးကြက်ဥလို့ပြောတယ်) မွေးမြူရေး ဥမဟုတ်တော့ တစ်လုံး ၅၀၀ ပေးရတယ်။ ကိုယ်ကလဲ အဲ့ချိန်က ပိုက်ဆံရှိနေတဲ့သူမဟုတ်တော့ ဝယ်ဖြစ်ရင် ၃ လုံးဘဲ။ (အဲ့တာတောင် အိမ်ကို မပြောရဲဘူး တစ်ထောင်ဖိုး3လုံးလို့လိမ်ပြော)
သူ့မှာလေ ၃ လုံးလောက်ရောင်းရရင် ပျော်နေတာဘဲ။ ကြက်ဥလေးတွေကို အိတ်ထဲထည့်ပြီး ကိုယ့်ကိုပြုံးပြီးပြောတယ်။ အေးကွာ ဝယ်မယ့်သူနည်းလဲ သမီးလို စားချင်တဲ့သူက ဝယ်မှာဘဲဆိုပြီး မျှော်လင့်ချက်တွေပြန်တောက်လာတဲ့ မျက်လုံးလေးနဲ့။ (အပိုတွေလုပ်ရေးနေတာမဟုတ်ဘူးနော် အဲ့အဘမျက်လုံးလေးတွေကသိသာတယ် ဝယ်သူမရှိဘဲလိုက်ငေးနေတဲ့မျက်လုံးလေးတွေက အရမ်းသနားဖို့ကောင်းတယ်)။
ဝယ်သူလာလို့ သူ့အရောင်တောက်နေတဲ့ မျက်လုံးလေးတွေ ကြည့်ပြီး ပိုစိတ်မကောင်းဖြစ်တယ်။ ဒီဟာလေး နည်းနည်းဝယ်ရုံအပြင် ဘာမှမလုပ်ပေးနိူင်လို့။ သူရောင်းတာတွေက စျေးကြီးချင်ကြီးမယ် (စျေးကြီးတယ်ဆိုတာ မတန်တဆကြီးတာမဟုတ်ဘူး။ကြက်ဥဆိုလဲ မွေးမြူရေး ဥလို ၁၀၀နဲ့တော့မရဘူးလေ သူ့ကြက်ဥလေးတွေက သဘာဝကြက်ဥကိုး စျေးကြီးတာမဟုတ်ဘူး စျေးမပေါဘူးလို့ပြောရမှာပေါ့။)
အဲ့လိုစျေးသိပ်မပေါလည်း ၂၀၀၀/၃၀၀၀ ဆိုတာ ကိုယ်တွေ မုန့်တခါ စားသလောက်ပေမယ့် သူ့အတွက်တော့ မျှော်လင့်ချက်ကြီးဖြစ်ပြီး အားတက်စရာ ရောင်းအားတစ်ခုပါ။ တခါတလေ ကြုံကြိုက်ရင် သူ့မျက်လုံးလေး အရောင်လက်လာအောင် စျေးဝယ်လိုက်ကြပါလို့ (ပြောမယ့်သာပြောတာ ကိုယ်လဲမရောက်ဖြစ်လို့ အဲ့အဘဆီမဝယ်ဖြစ်တာကြာပါပြီ။ မနေ့က လူမရှိတဲ့နေရာကြီးမှာ နွားနို့ဘူးလေးနှစ်ဘူးချ ဝယ်သူမျှော်နေတဲ့ အဘပုံတွေ့လိုက်ရတာ ရင်ထဲမကောင်းလို့။ အဲ့အနီးအနားနေတဲ့သူများရှိရင်ပေါ့ အဘကိုများ တွေ့ခဲ့ရင် ကူညီပြီးစျေးဝယ်ပေးကြပါလို့)
နွားနို့ဝယ်ဖူးတဲ့ သူတွေကလဲ အဘနွားနို့က ပျစ်နှစ်ပြီး နို့နံ့ညှီနေတာဘဲတဲ့ နွားနို့စစ်လို့။ သဘာဝစစ်စစ်တွေမို့ ရောင်းဖို့လဲ နည်းနည်းဘဲ ပါပါလာတတ်တာပါ။ သတိရသွားလို့ ဦးထွန်းလင်းခြံ လမ်းထဲမှာလဲ ပဲပြုတ်နံပြားရောင်းတဲ့ အဘလဲရှိတယ်။ လမ်းကြုံရင်ဝယ်လက်စနဲ့ အဲ့အဘဆီကပါ အားပေးကြပါလို့ အဲ့အဘတွေမှ မဟုတ်ပါဘူး။ ဒီလိုအချိန်မှာ အိမ်မှာမနေနိုင်ဘဲ စျေးရောင်းနေရတဲ့ သက်ကြီးရွယ်အိုတွေကို တတ်နိုင်သလောက် အားပေးလိုက်ကြပါလို့ ထပ်ပြီးအကူအညီတောင်းပါတယ်။
Ya Monn Tzen