ရုပ်ရှင်မင်းသားကြီး The Rock ဒွိန်းဂျွန်ဆင်နဲ့ မိသားစု ကိုဗစ်ကူးစက်ခံရ
ရုပ်ရှင်မင်းသားကြီး The Rock ဒွိန်းဂျွန်ဆင်နဲ့ မိသားစု ကိုဗစ်ကူးစက်ခံရ
သူနှင့်မိသားစုဝင်အားလုံး ကိုဗစ် ရောဂါကူးစက်ခံထားရကြောင်း အမေရိကန်ရုပ်ရှင်မင်းသား ဒွိန်း သယ် ရော့ခ် ဂျွန်ဆင်ကပြောပါတယ်။
ကျန်းမာရေးကာကွယ်မှုများစည်းကမ်းထားသော်လည်း သူအပါအဝင်မိသားစုဝင် ၄ ယောက်စလုံး ကူးစက်ခံထားရကြောင်း နပန်းသမားဘဝမှ ကမ္ဘာ့ကြေးအကြီးဆုံး ရုပ်ရှင်မင်းသားဖြစ်လာသည့် ဂျွန်ဆင်ကပြောပါတယ်။
ကူးစက်ခံရခြင်းသည် အရှိုက်ကို အထိုးခံရသကဲ့သို့ဖြစ်ကြောင်း သူကပြောပါတယ်။
အသက် ၃၅ နှစ်ရှိသည့် ဇနီးဖြစ်သူ လော်ရန်၊ အသက် ၄ နှစ်နှင့် ၂ နှစ်အသီးသီးရှိသည့် ဂျက်စမင်းနှင့် တီယာနာဆိုသည့်သမီးနှစ် ယောက်နှင့် သူပါကူးစက်ခံရကြောင်း အသက် ၄၈ နှစ်ရှိနေသည့် ဂျွန်ဆင်ကပြောပါတယ်။
မည်သို့မည်ပုံကူးစက်ခံရခြင်း မသိသေးတဲ့ မိတ်ဆွေများနှင့်မိသားစုဝင်များထံမှ သူတို့ကူးစက်ခြင်းဖြစ်ကြောင်းလည်း ပြောပါတယ်။
ဂျွန်ဆင်သည် တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၈၇.၅ သန်းသရုပ်ဆောင်ကြေးရခဲ့ပြီး ကြေးအများဆုံးရသည့် ရုပ်ရှင်သရုပ်ဆောင်အဖြစ်ရပ်တည်နေပါတယ်။