သိန်းတသောင်းခွဲကံထူးရှင် ထီမထွက်ခင်ညက မက်ခဲ့တဲ့ ထူးထူးခြားခြား အိပ်မက်

သိန်းတသောင်းခွဲကံထူးရှင် ထီမထွက်ခင်ညက မက်ခဲ့တဲ့ ထူးထူးခြားခြား အိပ်မက်

မနေ့က ဖွင့်လှစ်ခဲ့တဲ့ အကြိမ် (၂၀) မြောက် အောင်ဘာလေ ထီဖွင့်ပွဲမှာ သိန်းတစ်သောင်းခွဲပေါက်ခဲ့တဲ့ ကံထူးရှင်က ထီမထွက်ခင်ညမှာ ထူးထူးခြားခြား အိပ်မက်မက်ခဲ့တယ်လို့ ဆိုပါတယ် ။ လက်တလောအချိန်မှာတော့ ထီပေါက်လို့ရတဲ့ပိုက်ဆံတွေကို ဘာလုပ်မယ်ဆိုတာ စိတ်ကူးထားတာမျိုး မရှိသေးဘူးလို့လည်း ဆိုပါတယ် ။

အိပ်မက်ထဲမှာ ကိုဗစ်ကူးစက်ခံရတယ်လို့ မြင်မက်ခဲ့ကြောင်း ပူပူနွေးနွေး သိန်းတသောင်းခွဲ ကံထူးရှင် ကိုခင်မောင်ညွှန့်က ပြောကြားခဲ့ပါတယ်။

သူက ဟင်္သာတကနေ ၇ မိုင်လောက်ဝေးတဲ့ နိဗ္ဗာန်တိုက်နယ် ၊ သုံးခွကျေးရွာမှာ နေထိုင်တာပါ ။ ဟင်္သာတကို ဈေးလာဝယ်ရင်း မင်္ဂလာစွယ်တော်ထီဆိုင်မှာ လစဉ်ပုံမှန် ထီထိုးနေကျပါ။ သူထီပေါက်ခဲ့တဲ့ မင်္ဂလာစွယ်တော်ထီဆိုင်က ၆ ကြိမ်မြောက် ထီဖွင့်ပွဲမှာလည်း သိန်းတစ်သောင်းခွဲဆု ကံထူးခဲ့ပြီး ဒီနေ့မှာလည်း နောက်ထပ်တစ်ကြိမ် ထပ်မံကံထူးခဲ့တာဖြစ်ပါတယ်။

အောင်ဘာလေထီဖွင့်ပွဲက သိန်းတစ်သောင်းခွဲဆုကို တိုးမြှင့်ခဲ့ပြီးနောက်မှာ အကြိမ် ၂၀ အတွင်း ဟင်္သာတမြို့ တစ်မြို့ထဲကနေ ၃ ကြိမ်မြောက်ဆွတ်ခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page