မြန်မာ့အရက်‌ရောဆုံး သူဌေးကြီး ဦးဇော်ဇော် ကိုဗစ်တိုက်ဖျက်ရေးအတွက် သိန်းကိုးသောင်း လှူဒါန်း

မြန်မာ့အရက်‌ရောဆုံး သူဌေးကြီး ဦးဇော်ဇော် ကိုဗစ်တိုက်ဖျက်ရေးအတွက် လှူဒါန်းမှု သိန်းကိုးသောင်းအထိရှိ

ကိုဗစ်ရောဂါ ကုသရေးစင်တာအဖြစ်ဖွင့်လှစ်ထားသည့် ဧရာဝတီစင်တာအတွက် အလှူရှင်များ၏ လှူဒါန်း မှုများမှ ကျပ် သိန်း၂သောင်းခွဲ( ၂ဒဿမ၅ ဘီလီယံ) ရရှိခဲ့ပြီး ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော် ကလည်း ကိုဗစ်ကာလအတွင်း၌ ကျပ်သိန်း ၉သောင်း( ၉ ဘီယီယံ) လှူဒါန်းထားပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုးကူးစက်မှု ဒုတိယလှိုင်းအဖြစ် မြင့်တက်လာချိန်တွင် ဧရာဝတီဖောင်ဒေးရှင်း မှ သုဝဏ္ဏ မြက်ခင်းတုဘောလုံးကွင်းများတွင် (Hospital Tent) ယာယီဆေးရုံများတည်ဆောက်၍ လည်း ကောင်း၊ သုဝဏ္ဏဘောလုံးကွင်းတွင် ICU/HDU အထူးကြပ်မတ်ကုသဆောင်များတည်ဆောက်၍ လည်း ကောင်း၊ လက်ရွေးစင်ကစားသမားများ၏ အဆောင်များတွင် ယာယီဆေးရုံများအဖြစ် ပြင်ဆင်၍ လည်း ကောင်း စုစုပေါင်း ကိုဗစ်လူနာ ၁၀၀၀ အတွက် တစ်ပြိုင်နက်တည်း လက်ခံကုသပေးနိုင်ရန် စီစဉ်ဆောင် ရွက်ပေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အနံ့ပျောက် ကိုဗစ်သံသယလူနာများအား ကိုဗစ်စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် သုဝဏ္ဏ ဘောလုံးကွင်းတွင် Tests and Care စင်တာတစ်ခုကိုလည်း ပြင်ဆင်ဆောင်ရွက်ထားနိုင်ခဲ့သည်။

ထိုသို့ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတို့အတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည့် ဧရာဝတီဖောင်းဒေးရှင်းသို့ အလှူရှင်များစွာက နေ့စဉ်လှူဒါန်းမှုများ ရှိနေရာတွင် အောက်တိုဘာလ ၁၇ရက်အထိ စေတနာရှင်အား၏ လှူဒါန်းငွေကျပ် ၁ဒဿမ ၄ဘီလီယံ နှင့် ဆေးဝါး၊ အစားအသောက်၊ လူသုံးကုန်ပစ္စည်းများ လှူဒါန်းမှု ၁ဒဿ၁ ဘီလီယံကို လက်ခံရရှိခဲ့ကြောင်း သိရသည်။

”ဧရာဝတီစင်တာအတွက် တော်တော်များများကို လာရောက်လှူ ဒါန်းမှုတွေရှိနေပါတယ်။ နေ့တိုင်း လာ ရောက်လှူဒါန်မှုတွေရှိနေပြီး တချို့နေ့တွေဆို အလှူရှင်တွေရဲ့ မှတ်တမ်းတွေကို ပေ့ချ်မှာ အချိန် ခြား ခြားပြီး တင်ပေးတာ တစ်နေ့တာအတွက်ကို ပြီးအောင်မတင်ပေးနိုင်ဘူး ” ဟု ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိ ကိုဗစ်ရောဂါ ဒုတိယလှိုင်းကာလအတွင်း၌ ကုသရေးစင်တာများဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေး နေသော ဧရာဝတီဖောင်းဒေးရှင်းအနေဖြင့် ကိုဗစ်ပထမလှိုင်းအတွက် ကျပ် ၃ဒဿမ၅ ဘီလီယံ နှင့် ဒုတိယလှိုင်း အတွက် ကျပ် ၅ဒဿမ၅ ဘီလီယံ စုစုပေါင်း ၉ဘီလီယံလှူဒါန်းထားခဲ့ကြောင်း သိရသည်။

ဧရာဝတီဖောင်ဒေးရှင်းသည် ကိုဗစ်ပထမလှိုင်းအတွင်း၌ နိုင်ငံခြားမှပြည်လာသူများအား အသွားအလာ ကန့်သတ်စောင့်ကြပ်ရန် ကွာရန်တင်း စင်တာများ ဖွင့်ပေးခြင်း ၊ အခြားလိုအပ်မှုရှိသော ကွာရန်တင်းစင် တာများသို့ နေ့စဉ် ထမင်း၊ ဟင်း စီစဉ်လှူဒါန်းပေးခြင်း ၊ ကိုဗစ်ရောဂါပိုး စစ်ဆေးမှုများအတွက် စက် ပစ္စည်းများ လှူဒါန်းပေးခြင်း နှင့် အခြား လှူဒါန်းမှုများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page