သာယာဝတီအကျဥ်းထောင်မှာ အကျဥ်းသား ၁၅၇ ဦးနှင့် ဝန်ထမ်း (၂) ဦး ကိုဗစ် ကူးစက်ခံရ

သာယာဝတီအကျဥ်းထောင်မှာ အကျဥ်းသား ၁၅၇ ဦးနှင့် ဝန်ထမ်း (၂) ဦး ကိုဗစ် ကူးစက်ခံရ

သာယာဝတီအကျဉ်းထောင်ရှိ အကျဉ်းသား ၁၅၇ ဦးနှင့် အကျဉ်းထောင်ဝန်ထမ်းနှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိထားကြောင်း ပဲခူးတိုင်း ပြည်သူ့ကျန်းမာနှင့် ထောင်တာဝန်ရှိသူတို့က အတည်ပြုပြောကြားလိုက်ပါတယ်။

အဆိုပါ အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့်စပ်လျဉ်းပြီး ၁၆ ဦးတွင် ပိုးတွေ့ကြောင်း အောက်တိုဘာ ၈ရက်တွင် ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန က အတည်ပြု ထုတ်ပြန်ထားပါတယ်။ ယင်းနောက် ပိုးတွေ့လူနာ များနှင့်ထိတွေ့မှုရှိသော အကျဉ်း သားနှင့် ထောင်ဝန်ထမ်းတချို့ကို ထပ်မံစစ်ဆေးခဲ့ခြင်း ဖြစ်သည် ဟု ၎င်းတာဝန်ရှိသူများက ဆိုပါတယ်။

“ထောင်ဆရာဝန် အဖွဲ့နဲ့ ဆရာကြီးတိုင်းဦးစီးမှူးနဲ့ ညှိနှိုင်း ဆွေးနွေးပြီးတော့ စစ်တာမှာ ပထမတစ်ဦးရယ်၊ နောက် ၁၆ ဦး ရယ် ပိုးတွေ့တာတော့သိပါ တယ်။ မနက်ကတော့ ဝန်ကြီးချုပ် ကြီးနဲ့ တိုင်းဦးစီးမှူးဆရာကြီးတို့ သာယာဝတီဘက်ဆင်းသွား တာ တော့ရှိတယ်။ ပြီးတော့ အကျဉ်း သားတွေအနေနဲ့ လိုက်နာရမယ့် စည်းကမ်းချက်တွေ ထုတ်ပြန်ဖို့ လည်းရှိတယ်။ အရေအတွက်အ တိအကျတော့ MOHS ကထုတ် ပြန်မှပဲ အတည်ဖြစ်မယ်’’ဟု ဒေါက်တာသင်းသင်းလှိုင်ကပြောပါတယ်။

အထက်ပါ အကျဉ်းထောင်အတွင်း အကျဉ်းသား ၁၅၇ ဦးနှင့် ဝန်ထမ်းနှစ်ဦး ပိုးတွေ့သည်ဆိုခြင်းမှာ မှန်ကန်ကြောင်း တာဝန်ရှိသူက အတည်ပြုပါတယ်။ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဆောင်သော တိုင်းဒေသကြီးကို ဗစ်အရေးပေါ် တုံ့ပြန်ရေးကော်မ တီဝင်များသည်လည်း သာယာ ဝတီခရိုင်အတွင်းရှိ ကွာရန်တင်း စင်တာများသို့ သွားရောက်ခဲ့သည့် အပြင် သာယာဝတီအကျဉ်း ထောင်များနှင့်လည်း သီးခြား တွေ့ဆုံခဲ့ကြောင်း တွေ့ဆုံညှိနှိုင်း မှုသို့လိုက်ပါခဲ့သော ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက အတည်ပြု ပါတယ်။

ထို့အပြင် ပြည်ထဲရေးဝန် ကြီးဌာနနှင့် အကျဉ်းဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရ လွတ် ရက်စေ့သူတစ်ဦး ရောဂါဖြစ်ပွား လျှင် ပြင်ပဆေးရုံတွင် ကုသမှုခံ ယူနိုင်သော်လည်း ပြစ်ဒဏ်ကျအ ကျဉ်းသားဖြစ်ပါက အကျဉ်း ထောင်ဆေးရုံ၌သာ ကုသမှုပေး မည့်အစီအစဉ်များကို ထောင်မှူး ကြီးက ရှင်းပြသွားတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း ဝန်ကြီးချုပ်ဦး ဆောင်သောအဖွဲ့နှင့် သာယာဝတီအကျဉ်းထောင် တာဝန်ရှိသူများသည် အောက်တိုဘာ ၂၃ ရက် ညနေ ၄ နာရီခန့်တွင် သုံးဆယ်မြို့ မီးနင်းချောင်းရဲကင်းတွင် တွေ့ဆုံညှိနှိုင်းခဲ့ကြခြင်း ဖြစ်သည်။ တွေ့ဆုံမှုတွင် ပဲခူးတိုင်း ဝန်ကြီးချုပ်က သာယာဝတီအကျဉ်းထောင်အတွက် လိုအပ်မည့် ကျန်းမာရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းအချို့နှင့် ငွေကြေး ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

ယမန်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဦး ဆောင်ပြုလုပ်သော အကျဉ်း ထောင်များအတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပိုမို တိုးတက်ကောင်းမွန်စေရးတို့ကို အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးခဲ့ ကြပါတယ်။ အဆိုပါအစည်းအဝေး တွင် ပြည်ထောင်စုဝန်ကြီးဒေါက် တာမြင့်ထွေးက လက်ရှိတွင်အကျဉ်းထောင်နှင့် အချုပ်ခန်းအချို့ တွင် ရောဂါကူးစက်မှု တွေ့လာရသည့်အပေါ် အကျဉ်းဦးစီးဌာန နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး Antigen Tist Kit များ လည်းပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။

ထို့အပြင် အကျဉ်းထောင် များသည် အလုံပိတ်ပတ်ဝန်းကျင် ဖြစ်ခြင်းတစ်ဦးနှင့်တစ်ဦး အလွန် နီးကပ်စွာနေထိုင်ရခြင်း တစ် ကိုယ်ရေသန့်ရှင်းရေးအတွက် လို အပ်ချက်ရှိခြင်းနှင့် အာဟာရ ပြည့်ဝမှုလိုအပ်ချက်များကြောင့် ကိုယ်ခံအားကျကာ တစ်စုံတစ်ဦး တွင် ရောဂါကူးစက်ခံရပါကလျင် မြန်စွာ ကူးစက်ပြန့်ပွားနိုင်သည် ဟု ဒေါက်တာမြင့်ထွေးက သတိပေး ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page